ရာဇ၀င်ထဲက ခရမ်းသီး
ကြောင်တို့ မြန်မာလူမျိုးတွေဟာ ခရမ်းသီးကို ဟင်းအဖြစ် နှစ်ခြိုက်စွာစားသုံးလေ့ရှိ
ပုဂံခေတ်နှောင်းပိုင်းကာလ အေဒီ ၁၂၅၆ တွင် နရသီဟပတေ့မင်း ခေါ် တရုတ်ပြေးမင်း နန်းတက်သည်။
ထိုမင်းကား ဘီလူးဘ၀မှ လာသူဖြစ်သဖြင့် အစားကျုးသည်၊ အမျက်စောင်မာန်ကြီးသည်။ ဖျားနာခြင်း၊ နှာချေခြင်း၊ သမ်းဝေခြင်း လည်း မဖြစ်သလို သူ့ရှေ့တော်တွင် နှာချေသည်ကိုလည်း မကြိုက်ပေ။
ထိုမင်းသည် ကိုယ်အမူအရာရော၊ နှုတ်အမူအရာပါ ကြမ်းတမ်းသဖြင့် မိဖုရားဖွားစောကသာ အမှုကြီးငယ်ဟူသမျှကို ပြေပြစ်အောင် လိုက်လံစီမံရသည်က များလေသည်။
မင်းကြီးထံတွင် အကျင့်ဆိုး တစ်ခုလည်း ရှိလေသည်။ ထိုအကျင့်မှာ စက်တော်ခေါ်ရာမှ နိုးသည်နှင့် အိပ်ရာပေါ်မှနေ၍ အနီးအပါးရှိ မြင်မြင်သမျှ နန်းတွင်းအမှုထမ်း များကို လက်လှမ်းမီရာဖြင့် ပစ်ပေါက်တတ်ခြင်းပင်ဖြစ်သည်
ထိုအခါ မိဖုရား ဖွားစောက အမှုထမ်းများ အထိအရှ မရှိစေရန် မင်းကြီး အနားတွင် ဓါး၊လှံ လက်နက်များ မထားစေဘဲ လုမ္ဗနီသီးများကို ထားစေလေ၏။
နောက်နေ့ မင်းကြီး အိပ်ရာနိုး၍ ထုံးစံအတိုင်း ပေါက်စရာရှာသော် ထိုလုမ္ဗနီသီးများကိုသာတွေ့၍
အပျိုတော်မှာ ရုတ်တရက် ထိုအသီးကြီးဖြင့် ခါးကို အပေါက်ခံလိုက်ရ၍ " အို အမေ့ " ဟုသာ အော်နိုင်ကာ ခါးကလေး ရမ်းသွားလေ၏။
ထိုမြင်ကွင်းကို မင်းကြီးမြင်သော် သဘောကျစွာဖြင့် တခိခိရယ်တော်မူသော ဟူ၏။
ထိုနေ့ နံနက် ညီလာခံတွင် မင်းကြီးသည် ထိုအဖြစ်အပျက်ကို အစွဲပြု၍ အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်လေ၏။
- "မင်းကြီးများ"
- "ဘုရားး"
- " ငါကိုယ်တော်မြတ်အနေဖြင့် ပုဂံထီးနန်း၏ အာဏာစက်သက်ရောက်ရာ ဒေသတိုင်း ပြုပြင်ပြောင်းလဲပစ်ရမည့် အမိန့်တစ်ရပ်ကို ထုတ်ဆင့်တော်မူမည်"
အမတ်များရော၊ စစ်သူကြီးများပါ ငြိမ်သက်နေကြသည်။ မင်းကြီးက မည်သည့်အရာကို ပြုပြင်ပြောင်းလဲမည် ကြံသည်ကို သူတို့မသိကြပေ။ ထို့ကြောင့် ခပ်လန့်လန့်ဖြင့်ပင် ဆက်လက်ငြိမ်သက်နေကြသည်။
- " ယနေ့နံနက်တွင် ငါကိုယ်တော်၏ရှေ့မှ ဖြတ်သွားသော အပျိုတော်တစ်ဦးကို လုမ္ဗနီသီးဖြင့် ပစ်ပေါက်လိုက်ရာ သူမ၏ ခါးကလေး ခါရမ်းသွားပေသည်။ ထိုအချင်းအရာမှာ ငါ၏ စိတ်နှလုံးကို ကြည်နူးစေခဲ့ပေသည်။ ထိုအချက်ကို အစွဲပြုသောအားဖြင့် ယနေ့မှစ၍ ပုဂံထီးနန်းအာဏာသက်ရောက်ရာ ဒေသတိုင်းတွင် "လုမ္ဗနီသီး" ကို "ခါးရမ်းသီး" ဟုသာ ခေါ်တွင်စေရမည်။ အမိန့်တော်အတိုင်း မလိုက်နာလျှင် ကြီးစွာသောအကွပ်တော်ကို ခံရစေမည်။ အမိန့်တော်"
အမတ်များရော စစ်သူကြီးများရော " အမိန့်တော်မြတ်အတိုင်းပါ ဘုရား" ဟုသံပြိုင်အော်လိုက်ကြရလေသည
ဤသို့ဖြင့် ပုဂံခေတ်အခေါ် ခါးရမ်းသီး မှသည် ယနေ့ခေတ်တွင် ခရမ်းသီးအဖြစ်သို့ အမည်နာမဆင့်ကဲပြောင်းလဲခဲ့ေ
- အချို့ကမူ ထိုဘုရင် ပေါက်လိုက်သဖြင့် အပျိုတော်၏ ခါး ယောင်ယမ်းသွားသဖြင့် ခါးယမ်းသီးဟု ခေါ်သည်ဆို၏။ ထိုအချက်ကိုမူ ကြောင် လက်မခံပါ။ အသီးဖြင့် ပစ်၍ ခါးယောင်သည်အထိ ဒဏ်ရာရသည်မှာ မဖြစ်နိုင်ဟုတွေးမိသည်။ ( အုန်းသီး၊ဒူးရင်းသီးဖြင့် ပေါက်လျှင်မူ ဖြစ်နိုင်သေးသည်)။
(ပုံကို https://web.facebook.com/
ပဉ္စမံကြောင်

No comments: