ငယ်ငယ်တုန်းက ကစားနည်းလေးတွေ :)

ဒီနေ့ နည်းပညာခေတ်ထဲက ကလေးတွေကတော့ ဒီကစားနည်းတွေကို သိချင်မှ သိကြတော့ မှာပါ။ ဒီနေ့ခေတ် ကလေးအများစုရဲ့ တစ်နေ့တာကဗီဒီယိုကားကြည့် ၊ ဖုန်းပွတ် ၊ ကွန်ပျူတာဂိမ်းတွေ ဆော့တာနဲ့ပဲ
ကုန်နေကြပါ။ နည်းပညာတိုးတက်လာတာကောင်းပေမယ့် ဒီလိုပျော်ရွှင်ဖို့ ကောင်းတဲ့ ကိုယ်လက်လှုပ်ရှား ကစားနည်းမျိုးစုံကို သူတို့မကစားနိုင်တော့တဲ့အတွက်တော့ ၀မ်းနည်းဖို့ကောင်းပါတယ်။

ဒီနေ့ ခေတ်ကလေး တွေ တစ်နေ့တစ်ခြား ပိုချူချာလာတယ် နည်းပညာတွေပဲ အမြဲထိတွေနေတော့ လှုပ်ရှားမှုမရှိတော့ဘူး။ screen တွေကို အမြဲကြည့်နေတော့ ငယ်ငယ်လေးနဲ့ မျက်မှန်တပ်ရတဲ့သူတွေ
များလာရော။

မိတ်ဆွေတို့ထဲမှာရော ဒီကစားနည်းတွေ ဆော့ခဲ့ဖူးတဲ့သူ ရှိဦးမလား။
ဆော့ဖူးတယ် ဆိုရင်တော့ တော်တော်အသက်ကြီးနေလောက်ပြီနော့ :P

ကျွန်တော်ကတော့ ထုပ်စီးတိုးတာကို အကြိုက်ဆုံးပါ။ ခုတော့ လုံးဝမတွေ့ရသလောက်ရှားသွား ပါပြီ။ မိတ်ဆွေရော ဘယ်ကစားနည်းကိုကြိုက်လဲ
















Photo Credit; We Love Myanmar

No comments:

Powered by Blogger.