ရေသည် အသက်ကယ်ဆေး


ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်ရှည်ဆေး ဖြစ်သွားနိုင်ပါ၏။ ထို့ကြောင့် ဤစာကိုဖတ်ပြီးလျှင် ဝေမျှပေးရန်မမေ့ပါနှင့်။ ဤစာသည် တစ်စုံတစ်ယောက်၏ အသက်ကို ကယ်တင်
ကောင်းကယ်တင်နိုင်ပါ၏။နေ့စဉ်မနက် အိပ်ရာထထချင်း ရေကိုချက်ချင်း သောက်သော အလေ့အထသည် ယနေ့ဂျပန်ပြည်တွင် ခေတ်စားနေ၏။ သိပ္ပံပညာ စမ်းသပ်ချက် များသည်ပင် နံနက်ခင်းရေသောက်ခြင်း အလေ့အထ၏ တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါ၏။ ကျွန်ုပ်တို့စာဖတ်သူပြည်သူများ အတွက် ရေ၏ အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါ၏။ ဤရေကုထုံးဖြင့် အသက်ကြီးရောဂါ၊ ပြင်းထန်သော
ရောဂါများနှင့် ခေတ်သစ်ရောဂါများကို တစ်ရာ ရာခိုင်နှုန်း ပျောက်ကင်းနိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့
အစည်းတစ်ခုက တွေ့ရှိခဲ့ပါ၏။

ပျောက်ကင်းနိုင်သော ရာဂါများမှာ ခေါင်းကိုက်ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင် ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက် ခဲခြင်း၊ အဆစ် အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ် နာရောဂါ၊ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများ ရာသီလာ မမှန်ခြင်း တို့ဖြစ်၏။

လိုက်နာရန် နည်းလမ်းများ

၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေတစ်လီတာဘူးကြီး တစ်ဘူးခန့် သို့မဟုတ်သုံးပုံနှစ်ပုံခန့်
သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေသောက်ပြီး လေးဆယ့်ငါးမိနစ်အတွင်း မည်သည့်အစာ
နှင့်ရေကိုမျှ မသောက်ပါနှင့်။
၃။ လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံအတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ စားပြီးနောက်ပိုင်း နှစ်နာရီအတွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်နိုင်သည့်ရေပမာဏမှစ၍ သတ်မှတ်ထားသော
ရေပမာဏထိ လေ့ကျင့်သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သောဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး
ရောဂါဖြစ်နေသူကို ပျောက်ကင်းအောင် ကုသနိုင်ပါ၏။

အောက်တွင် ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များကို ဖော်ပြထား၏။
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်

ရေကုထုံးတွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤရေကုထုံးကို ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး လုပ်
ဆောင်သွားနိုင်လျှင်ကောင်း၏။ကျန်းမာပြီး တက်ကြွသောဘဝကို ရေသောက်ပြီးပုံဖော်နိုင်ပါ၏။

Myanmar News Media

No comments:

Powered by Blogger.