အောက်ပိုင်းသေနေပေမယ့် မိုင် ၂၀၀၀ နီးပါးကို လက်တွန်းလှည်းနဲ့ သွားခဲ့သူ


သူ့နာမည်က ကွမ်ပင်း ၊ တရုတ်နိုင်ငံသား ၊ အသက် ၁၇ မှာတည်းက ကျောရိုးကအကျိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်ရင်း အာရုံကြော ထိခိုက်မိပြီး ဘ၀ကို လက်တွန်းလှည်းတစ်စီးနဲ့ ဖြတ်သန်းလာခဲ့ရသူ။

အောက်ပိုင်းသေခဲ့ပေမယ့် ပုံမှန်လူတွေနဲ့ အပြိုင် အလုပ်လုပ်နိုင်ခဲ့သူ။ ၂၀၁၃တုန်းကတော့ ဘေဂျင်းက ကုမ္ပဏီတစ်ခုမှာ ဖုန်းအော်ပရေတာနဲ့ လမ်းပေါ်မှာ ပစ္စည်းအသေးလေးတွေရောင်းချခြင်းကို လုပ်ခဲ့တယ်။ ၂၀၁၄ ခုနှစ်ရောက်တော့ သူအကြံတစ်ခုရလာတယ်။ တရုတ်ပြည်တစ်ခုလုံးကို လက်တွန်းလှည်းနဲ့ ပတ်ဖို့။ ရည်ရွယ်ချက်ကတော့ နေရာတိုင်းမှာ မသန်စွမ်းသူတွေကို ဟန့်တားထားတဲ့ လှေကားထစ်တွေ ၊ ပလက်
ဖောင်းအမြင့်တွေကို သွားလာရလွယ်ကူရန်လုပ်ဖို့ လိုတာကို တစ်ကမ္ဘာလုံး သိစေဖို့အတွက် ဖြစ်ပါတယ်။


အခုဆိုရင် သူသွားခဲ့တာ ရက်ပေါင်း ၆၀၀ နီးပါးရှိခဲ့ပြီဖြစ်ပြီး မိုင်ပေါင်း ၂၀၀၀နီးပါး မြို့ပေါင်း ၂၂မြို့ကို
ဖြတ်သန်းနိုင်ခဲ့ပါပြီ။ လမ်းခရီးမှာ လက်တွန်းလှည်းပေါ်က ခြောက်ကြိမ်ပြုတ်ကျခဲ့ပါတယ်။ သူဟာ သူရောက် ခဲ့တယ်နေရာတိုင်းမှာ မသန်စွမ်းသူတွေအတွက် ဘာတွေပြုလုပ်ထားတယ် ၊ မပြုလုပ်ထား ဘူးဆိုတာကို မှတ်တမ်းတင်လေ့ရှိပါတယ်။ အခုဆိုရင် သူ့ကြောင့် မသန်စွမ်းသူတွေကို ကူညီပေးဖို့ အရာတွေ လိုအပ် တာကို အားလုံးသိလာကြပါပြီ။

မသန်စွမ်းသူတွေကို ပိတ်ပင်ထားတဲ့အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ သူကဆိုပါတယ်။ သူ့ရဲ့ပန်းတိုင်ကတော့ တရုတ်နိုင်ငံ တောင်ဘက်အစွန်ဆုံးက ဆန်ညာမြို့ဖြစ်တဲ့အတွက် နောက်ထပ် မိုင် ၁၀၀၀ လောက်ကို ခရီးဆက်နှင်ရပါဦးမယ်။

No comments:

Powered by Blogger.