လက်တွေမရှိပေမယ့် ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့ သားအမိ
မိခင်ဖြစ်သူ Linda Bannon(၃၅နှစ်) နဲ့ သားဖြစ်သူ Timmy(၉နှစ်) တို့ပါပဲ။ Holt-Oram ဆိုတဲ့ရှားပါးတဲ့ မျိုးရိုးဗီဖရိုဖရဲဖြစ်စေတဲ့ ရောဂါရှိတာကြောင့် သားအမိနှစ်ယောက်စလုံး လက်တွေမရှိကြပါဘူး။ လက်မရှိသော်ငြားလည်း သားအမိနှစ်ယောက်စလုံးဟာ သာမန်လူတွေနဲ့ မခြား ဆော့နိုင် ၊ သွားနိုင်လာနိုင် ၊ ချက်နိုင် ပြုတ်နိုင်ပါတယ်။ သားဖြစ်သူကလည်းနေ့စဉ် ကျောင်းသွားနိုင်ပြီး အခြားခြေလက်ပြည့်စုံတဲ့ ကလေးတွေနဲ့ တန်းတူပညာသင်နိုင်ပါတယ်။
၂၀၀၄ ခုနှစ်တုန်းက Linda ဟာ သူမရဲ့ချစ်သူ Richard Bannon နဲ့လက်ထပ်ပြီးနောက် ကိုယ်ဝန်ရှိခဲ့ပါ တယ်။ ဒီကိုယ်ဝန်ဟာ သူမနဲ့ထပ်တူ Holt-Oram ဆိုတဲ့ရောဂါပါလာတယ် ၊ ဖျက်ချချင်ရင် ဖြတ်ချနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပါတယ်။ ဒါပေမယ့် Linda ဟာ မိခင်ပီသစွာနဲ့ Timmy လေးကို မွေးခဲ့ပါတယ်။ ဒီရောဂါဆိုးကြီးပါလာတာကြောင့် Timmy မွေးစတုန်းက အတော်ဒုက္ခရောက်ခဲ့သလို အချိန်ပြည့်ကျန်း မာရေးကို ဂရုစိုက်နေခဲ့ရပါတယ်။
မိခင်ဖြစ်သူရဲ့ ကြိုးစားကူညီလေ့ကျင့်ပေးမှုကြောင့် အခု Timmy ၉ နှစ် အရွယ်ရောက်လာတဲ့အခါမှာတော့ ပုံမှန်လူလုပ်နိုင်တဲ့ ကိစ္စမှန်သမျှလုပ်နိုင်ခဲ့ပါတယ်။ စာရေး ၊ ကစား ၊ ရေကူး နဲ့အခြားကိစ္စတော်တော် များများကို သူလုပ်နိုင်ပါတယ်။ သူကိုယ်သူသာမန်ကလေးတွေနဲ့ တန်းတူသတ်မှတ်ပြီး လက်နှစ်ဖက်မရှိဘူး ဆိုတာ သတိတောင်မရတဲ့ပုံပါ။ သူပြောနေကြစကားကတော့ "ငါဟာသူတို့နဲ့အတူတူပဲ ၊ သူတို့လုပ်နိုင်ရင် ငါလည်းလုပ်နိုင်တယ်" ဆိုတဲ့စကားပါပဲ။ သူ့အမေသူ့ကို အမြဲပြောလေ့ရှိတဲ့စကားက "သား ..ဘ၀မှာ စိန်ခေါ်ယှဉ်ပြိုင်မှုဆိုတဲ့ အခက်အခဲတွေမရှိရင် အောင်မြင်မှုဆိုတာလည်းမရှိဘူး" ပါတဲ့။ စိတ်ဓာတ်ပြင်းထန်လှတဲ့ ဒီသားအမိနှစ်ယောက်ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
#သုတဇုန်
No comments: