လောင်းကစား ကြွေးနွံနစ်ပြီး သမီးငယ်နှစ်ဦးကို ရောင်းစားခဲ့တဲ့ မိခင်
လောင်းကစား ကြွေးနွံနစ်ပြီး မိခင်စိတ်ပျောက်သွားတဲ့ တရုတ် အမျိုးသမီး တစ်ဦးဟာ လူမမယ် သမီးနှစ်ဦး ကိုရောင်းစားခဲ့လို့ ထောင်ဒဏ်ချမှတ်ခံရဖွယ် ရှိနေပါတယ်။ လောင်ဘောင်ဇင်လို့ အမည်ရတဲ့ ဒီအမျိုးသမီး ဟာလောင်းကစား မလုပ်ခင်က ခင်ပွန်းဖြစ်သူနဲ့ ခုနစ်နှစ်ကြာ ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းခဲ့ပေမယ့်
လောင်းကစား လောကထဲ ရောက်ပြီးတဲ့နောက် ငွေကြေးကိစ္စကြောင့် လင်မယား နှစ်ယောက် စကားများ လို့ ကလေးနှစ်ယောက်ကို ခေါ်ပြီး အိမ်ပေါ်က ဆင်းသွားခဲ့ပါတယ်။
ကလေးနှစ်ယောက်လုံးက ၄ နှစ်နှင့် ၂ နှစ်အရွယ် သမီးနှစ်ယောက်ပါ။ လောင်ဘောင်ဇင်ဟာ ၂၀၁၄ခုနှစ်
ဒီဇင်ဘာလမှာ ၂ နှစ်အရွယ် သမီးငယ်ကို ဘူတာရုံမှာ လူတစ်ဦးထံ ယွမ် ၁၉၀၀၀(ပေါင် ၂၀၇၀) နဲ့
ရောင်းချခဲ့ပြီး ရလာတဲ့ပိုက်ဆံအချို့ကို အကြွေးဆပ်၊ လက်ကျန် ပိုက်ဆံတွေကို လောင်းကစား ထပ်လုပ်ခဲ့ ရာမှာ ပိုက်ဆံ ထပ်ကုန် သွားတဲ့အတွက် ၄ နှစ်အရွယ် သမီးငယ်ကို ယွမ် ၁၃၀၀၀ နဲ့ ထပ်ရောင်း ခဲ့ပါတယ်။ အဲဒီလို ရောင်းတဲ့အချိန်မှာ သမီးငယ်ဟာ သူ့ကို မိခင်ကရောင်းစားခဲ့တာ မသိဘဲ ပိုက်ဆံတွေဝိုင်းရေနေ ခဲ့တာကို ရုပ်သံမှတ် တမ်းမှာ မြင်တွေ့ခဲ့ရပါတယ်။

ကလေးဝယ်ခဲ့သူထံက ဒီရုပ်သံမှတ်တမ်းကို ရရှိခဲ့တာပါ။ ၆ လကြာတဲ့ အထိ ဇနီးဖြစ်သူ ပြန်မလာလို့
ဇနီးသည်ထံ လိုက်ကြည့်ခဲ့တဲ့ ခင်ပွန်းဟာ သူ့သမီးတွေ ပျောက်နေတာကို သိခဲ့ပြီးနောက် အာဏာပိုင်
တွေထံ အကြောင်းကြားခဲ့ပါတယ်။ အာဏာပိုင်တွေက ကလေးနှစ်ယောက်လုံးကို ကယ်တင်နိုင်ခဲ့ပြီး
လောင်ဘောင်ဇင်ကို တရားမ၀င် ငွေကြေးအကျိုးအမြတ် ရှာမှု၊ ကလေးငယ်တွေကို လူကုန်ကူးပြီး ရာဇ၀တ်မှု ကျူးလွန်မှု စတဲ့ စွဲချက်တွေနဲ့ စစ်ဆေးမေးမြန်းရာမှာ လောင်ဘောင်ဇင်က သူ့အပြစ်ကို ၀န်ခံခဲ့ပါတယ်။ အခုချိန်မှာတော့ လောင်ဘောင်ဇင်ကို တရားရုံးကပြစ်ဒဏ်ချမှတ်ဖို့ စီစဉ်နေတယ်
လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။

Credit: သုည (Yadanarbon Times)

No comments: