ဂျန်ဂျစ်ခန်အကြောင်း လူမသိသေးတဲ့အချက်(၇)ချက်
ဂျန်ဂျစ်ခန်ကို လူတိုင်း သိပါလိမ့်မယ်။ မွန်ဂိုဘုရင်ကြီးဖြစ်ကြီး သမိုင်းတစ်လျှောက်မှာ နယ်ပယ်အကျယ်ဆုံး မွန်ဂိုအင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အရမ်းရက်စက်တဲ့ အာဏာရှင်ကြီးဖြစ်ပြီး ဥရောပ၊ အမေရိက၊ အာရှနယ်ပယ်တွေအထိ အာဏာစက်ပျံ့နှံ့ခဲ့ပါတယ်။ 1162 ခုနှစ်မှာ မွေးဖွားခဲ့ပြီး 1227 ခုနှစ်မှာ သေဆုံးခဲ့တယ်လို့ သမိုင်းမှတ်တမ်းတစ်ချို့က ဖော်ပြထားပေမယ့် ကွဲလွဲမှုတွေလည်း အများကြီးရှိပါတယ်။ အာဏာစက်ပြင်းထန်ခဲ့ပေမယ့် သေဆုံးချိန်မှာတော့ မွန်ဂိုနိုင်ငံရဲ့ အမှတ်အသားပြု ထားခြင်းမရှိတဲ့ အမှတ်သားပြု ထားခြင်းမရှိတဲ့ ဂူထဲမှာ သိမ်ငယ်စွာ သင်္ဂြီုဟ်ခံခဲ့ရပါတယ်။ အာဏာရှင်ကြီး ဂျန်ဂျစ်ခန်အကြောင်း လူသိနည်းသေးတဲ့ အချက်(၇)ချက်ကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
၁၊ ဂျန်ဂျစ်-ဆိုတာ ငယ်နာမည်မဟုတ်ပါ
ဂျန်ဂျစ်ခန်ရဲ့
ငယ်နာမည်က တီမူရှင်-ဖြစ်ပါတယ်။ အဓိပ္ပါယ်က သံမဏိတို့၏သခင် (သို့)
ပန်းပဲဗိုလ် ဖြစ်ပါတယ်။ 1206 ခုနှစ်နောက်ပိုင်းမှာ ဂျန်ဂျစ်ခန်အမည်ကို
ခံယူခဲ့ပြီး မွန်ဂိုအင်ပါယာမှာ အရေးပါတဲ့ ရာထူးတွေကို ထမ်းဆောင်ကာ ဘုရင်
ရာထူးကို ဆက်ခံနိုင်ခဲ့ပါတယ်။
၂။ အလွန်ကြမ်းတမ်းတဲ့ ကလေးဘဝ
ဂျန်ဂျစ်ခန်ဟာ လူချမ်းသာမျိုးရိုးက ဆင်းသတ်လာသူမဟုတ်တဲ့အတွက် အခြား ဆင်းရဲသားများလိုပဲ ဘ၀ကို စွန့်စွန့်စားစားနဲ့
ရုန်းကန်ခဲ့ရပါတယ်။ အသက်ကိုးနှစ်အရွယ်မှာပဲ မွန်ဂိုအင်ပါယာမှာ
စစ်မှုထမ်းဖို့
ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရပြီး အာခံတဲ့ သူ့အဖေကိုလည်း အာဏာရှင် Rival Tatars က အဆိပ်ကျွေး
ကာ သေဒဏ်စီရင်ခဲ့ပါတယ်။ ဂျစ်ခန်ဟာ အမေဖြစ်သူနဲ့အတူ ညီအစ်ကိုမောင်နှမ (၇)ယောက်ကို ထားခဲ့ ရကာ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်မြေပြင်ကို ရောက်ခဲ့ရပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရပြီး အာခံတဲ့ သူ့အဖေကိုလည်း အာဏာရှင် Rival Tatars က အဆိပ်ကျွေး
ကာ သေဒဏ်စီရင်ခဲ့ပါတယ်။ ဂျစ်ခန်ဟာ အမေဖြစ်သူနဲ့အတူ ညီအစ်ကိုမောင်နှမ (၇)ယောက်ကို ထားခဲ့ ရကာ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်မြေပြင်ကို ရောက်ခဲ့ရပါတယ်။
၃။ ယုံကြည်ရတဲ့ ဗိုလ်မှူးတွေဟာ အရင်က ရန်သူတွေဖြစ်တယ်
ဂျစ်ခန်ရဲ့
စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ အယုံကြည်ရဆုံး စစ်ဗိုလ်မှူးတွေဟာ
သူနဲ့ ယခင်က ရန်သူတွေ ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရာထူး ထမ်းဆောင်ခဲ့တဲ့
Subutai, Jebe တို့ဟာ ဂျစ်ခန်ရဲ့ ရန်သူဟောင်းတွေ ဖြစ်ကြပေမယ့် ဂျစ်ခန်ဟာ
သူတို့နှစ်ယောက်ကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ကာ စစ်ပွဲထောင်ချီကို
အောင်မြင်ခဲ့ပါတယ်။
၎။ လူပေါင်း သန်း(၄၀)ကို သေရွာပို့ခဲ့သူ
အာဏာရှင်ကြီး
ဂျစ်ခန်ဟာ စစ်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ စစ်သားတွေ၊ အချင်းချင်း သတ်ဖြတ်လို့ သေ ဆုံးသူတွေ၊ အာဏာဖီဆန်လို့ ကွပ်မျက်ခံရသူတွေအားလုံးကို
စုပေါင်းလိုက်ရင် သန်း(၄၀)လောက် ရှိတယ်လို့ ဆိုပါတယ်။
၅။ စာပို့တဲ့စနစ်ကို တီထွင်နိုင်ခဲ့တယ်
သူဟာ
အစောဆုံး စာပို့တဲ့စနစ်ကို တီထွင်နိုင်ခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်
အဆက်အသွယ် ရဖို့အတွက် သင်္ကေတတွေ တီထွင်ခဲ့သလို၊ စစ်ပွဲမှာ
အဆက်အသွယ်ရဖို့အတွက်လည်း လက်နက်တွေ၊ မျှားတွေကို အသုံးပြုခဲ့ပါတယ်။
ခြေမြန်တော်တွေ စတင်ထားရှိခဲ့တဲ့ ဘုရင်လည်းဖြစ်ပြီး စစ်သတင်းတွေကို
အချိန်မီတွက်ချက်နိုင် တာကြောင့် အောင်မြင်မှုတွေ ရခဲ့ပါတယ်။
၆။ ဘယ်လိုသေဆုံးတယ်/ ဘယ်မှာ သဂြိုဟ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိခဲ့ဘူး
ဂျစ်ခန် သေဆုံးချိန်မှာ ဘယ်လိုပုံစံနဲက သေဆုံးတယ်၊ ဘယ်မှ သင်္ဂြိုဟ်ခဲ့တယ်ဆိုတာကို ဘယ်သမိုင်းပညာရှင်ကမှ မဖော် ထုတ် နိုင်သေးပါဘူး။ ဒါပေမယ့် သမိုင်းမှတ်တမ်းအချို့မှာတော့ ဂျစ်ခန်ဟာ မြင်းပေါ်ကနေ ပြုတ်ကျတဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ဖော်ပြတာတွေ ရှိသလို၊ အချို့မှတ်တမ်းမှာတော့ ဒူးမှာ မြားမှန်ပြီး၊ အနားယူနေတဲ့အချိန် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့တယ်လို့
ဖော်ပြထားပါတယ်။ ဒါပေမယ့် တစ်ချို့မှတ်တမ်းထဲမှာတော့ ဂျစ်ခန်ဟာ သူမသေခင် သူ့ကို မြုပ်နှံထားတဲ့ ဂူကို ဘယ်သူ့ကိုမှ မပြောဖို့ ကတိတောင်းခဲ့တယ်လို့ ဆိုပါတယ်။
၇။ ဆိုဗီယက်တို့ရဲ့ အမုန်းတော်ခံ
ဂျစ်ခန်ဟာ လူတွေကို စီရင်ရာမှာ လက်သံပြောင်လှသလို၊ စိစိညက်ညက်ကျေ စစ်ပွဲပေါင်းကိုလည်း ယခု ရုရှ(ဆိုဗီယက်)နိုင်ငံမှာ အများကြီး ဆင်နွဲခဲ့ပါတယ်။ ဒီအတွက် နှောင်းခေတ်ဆိုဗီယက်တွေဟာ
သူ့ သမိုင်းတွေ ဖျောက်ဖို့ ကြိုစားခဲ့ပြီး ဂျစ်ခန် တည်ဆောက်ခဲ့တဲ့အဆောက်ဦတွေ၊ ကျောက်တိုင်တွေ၊ စာရွက်စာတမ်းတွေ၊ ဂျစ်ခန်အကြောင်း ပြဋ္ဌာန်းထားတဲ့ကျောင်းသုံးစာအုပ်တွေ ကို ဖျက်ဆီးခဲ့ပါတယ်။
Credit: နတ်စည်တော် (Shwemom)



No comments: