အော်စကာဆု ရုပ်တုကို ဘယ်လိုပြုလုပ်သလဲ
အော်စကာဆုပေးပွဲမှာချီးမြှင့်တဲ့ ဆုတွေကို ၁၉၂၈ မှာ ဒီဇိုင်းစတင် ပြုလုပ်ခဲ့ပါတယ်။ အခု ဆုပေးပွဲမှာ ပေးအပ်တဲ့ဆုတွေ ကိုတော့ အမေရိကန် ပြည်ထောင်စုရှိ ချီကာဂိုမြို့မှာ အခြေစိုက်တဲ့ R S Owens ကုမ္ပဏီက ပြုလုပ် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အော်စကာ ဆုပေးပွဲ သက်တမ်း တစ်လျှောက်
ပေးအပ်ချီးမြှင့်ခဲ့တဲ့ ဆုရုပ်တု အရေအတွက် ကတော့ (၃၀၀၀) နီးပါးရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။ R S Owens ကုမ္ပဏီက အော်စကာဆု ရုပ်တုတွေကို ၁၉၈၃ ကတည်းက စတင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်တုတွေဟာ (၁၃ ဒသမ ၅) လက်မမြင့်ပြီး အလေးချိန် ကတော့ (၈ ဒသမ ၅) ပေါင်ရှိပါတယ်။ ဒီရုပ်တု ကို ပြုလုပ်ရာမှာ ကြေး၊ နီကယ်၊ ငွေ၊ အလွိုင်း စတဲ့ ဓာတ်သတ္တုတွေကို ပေါင်းစပ်ပြီး (၂၄) ကာရက်ရှိတဲ့
ရွှေအစစ်နဲ့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ရုပ်တုတစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ (၉၀၀) ၀န်းကျင် လောက်သာ ရှိပေမယ့် အော်စကာဆု ဖြစ်တာကြောင့် အမြတ်တနိုး တန်ဖိုးထားလေ့ ရှိကြပါတယ်။ အပူချိန် (၅၇၀) ဒီဂရီဖာရင်ဟိုက်ရှိတဲ့ အနေ အထားမှာ ဓာတ်သတ္တုတွေကို ပုံစံခွက်ထဲ လောင်းထည့်ပြီး ရုပ်တုကိုပြုလုပ်ခြင်း
ဖြစ်ပါတယ်။
ပုံစံခွက် ကိုလည်း တစ်ခုတည်းသာ ပြုလုပ်ထားလေ့ ရှိပါတယ်။ အော်စကာဆုပေး ပွဲတွေမှာ ပေးအပ်နိုင်ဖို့ ရုပ်တုတွေကို ပြုလုပ်ရာမှာ (၁၀) ရက်အထိ အချိန်ယူ ရတယ်လို့ ဆိုပါတယ်။ ၁၉၃၉ မှာ လေရူးသုန်သုန် ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိခဲ့တဲ့ ရုပ်တုကို ၁၉၉၉ မှာ မိုက်ကယ်ဂျက်ဆင်က ဒေါ်လာ (၁ ဒသမ ၅) သန်းနဲ့ ၀ယ်ယူခဲ့ဖူးပါတယ်။
Messenger News Journal


No comments: