ခေတ်အဆက်ဆက်အမျိုးသမီးတွေ တီထွင်ခဲ့သည့်အရာဝတ္ထု(၉)မျိုး

ကမ္ဘာကြီးအပေါ်မှာ ယောက်ျားကသာလျှင် မြတ်တယ်၊ မိန်းမတို့က ယုတ်ညံ့တယ်-စသဖြင့်
လိင်ခွဲခြား ဆက်ဆံတဲ့ သူတွေ အခုအချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ လိင်ခွဲခြား
ဆက်ဆံတတ်သူတွေဟာ အောက်ဖော်ပြပါ အရာဝတ္ထုတွေသာ မိန်းမတွေက ထီထွင်ခဲ့
တယ်ဆိုတာ သိလိုက်ရရင် ဘယ်လို တုန့်ပြန်မှုတွေ ရှိနိုင်မလဲ အတော် စိတ်ဝင်စားစရာ
ကောင်းပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အမျိုးသမီးတွေ တီထွင်ခဲ့သည့် အရာ
ဝတ္ထု (10) မျိုးအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

1. Windshield Wipers (လေကာသန်ရှင်းရေး ၀ိုက်ပါ)

ကားတွေရဲ့ ရှေ့မှာ လေကာမှန်တွေ တပ်ဆင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါက ထူးဆန်း
တဲ့ အရာမဟုတ်ပါဘူး။ ထူးဆန်းတာက မိုးရေတွေ သုတ်ဖို့၊ ဖုန်နဲ့ အခြားအညစ်အကြေးတွေ
ကို သုတ်ဖို့ Wiper ကို တီထွင်ခဲ့သူကတော့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့
အမည်ကတော့ Mary Anderson ဖြစ်ပြီး အမေရိကန်နိုင်ငံသူ ဖြစ်ပါတယ်။ Wiper ကို
သူမက 1905 ခုနှစ်မှာ တီထွင်ခဲ့တာ ဖြစ်ပါတယ်။

2. Bulletproof Vests (က်ည္ကာအက်ႌ)

ကျည်ကာအင်္ကျီကို ပျမ်းမျှအ၀တ် အများဆုံးကတော့ စစ်သားတွေ၊ ရဲသားတွေ ဖြစ်ပါလိ့မ်
မယ်။ ဘာကြောင့်ဆို သူတို့တစ်တွေဟာ သေနက်နဲ့ နီးစပ်သူတွေ ဖြစ်ကြလို့ သူတို့အသက်
အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး အမျိုးသားတွေသာ အ၀တ်
များတဲ့ ၀တ်စုံဖြစ်တဲ့ ကျည်ကာအင်္ကျီကို တည်ထွင်ခဲ့သူဟာ အမျိုးသမီးတစ်ယောက် ဖြစ်
ပါတယ်။ ဒါဟာ အံ့သြစရာအချက်ပါဘဲ။ သူမရဲ့ အမည်ကတော့ Stephanie Kwolek ဖြစ်
ပြီး ကျည်ကာဝတ်စုံထဲမှာ ထည့်မယ့် liquid crystalline polymer ကို 1970 ခုနှစ်မှာ တီ
ထွင် နိုင်ခဲ့ပါတယ်။

3. Life Rafts (အသက်ကယ်ဖောင်)

အမျိုးသမီး စွန့်ဦးတီထွင်သူ Maria Beasley ဟာ 1880 ခုနှစ်မှာ ရေဒဏ်၊ မီးဒဏ်၊ ရာသီ
ဥတုဒဏ်ကို ခံနိုင်တဲ့ ဖောင်တစ်ခုကို ဒီဇိုင်းရေးဆွဲကာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သူမရဲ့
အသက်ကယ်ဖောင်ဟာ ပင်လယ်ထဲမှာ အလွန်ကြီးမားတဲ့ လှိုင်းလုံးကြီးတွေနဲ့ တွေ့လည်း
ပျက်စီးမှုမရှိဘဲ လူတွေရဲ့ ထောင်နဲ့ချီတဲ့ အသက်ကို ကယ်နိုင်ခဲ့ပါတယ်။

4. Wireless Communications (ကြိုးမဲ့စက်သွယ်ရေးစနစ်)

ဒီနေ့ခေတ် ကွန်ပျူတာ၊ ဖုန်းနဲ့ အခြားဆက်သွယ်ရေးသုံး ပစ္စည်းတွေမှာ အသုံးပြုနေတဲ့
ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို တီထွင်ခဲ့သူကတော့ ဒုတိယကမ္ဘာစစ်အတောအတွင်းမှာ
မင်းသမီးတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ Hedy Lamarr ပဲ ဖြစ်ပါ
တယ်။ သူမဟာ အလွန် လျှို့ဝှက်တဲ့ ရေဒီယိုကြိမ်နှုန်းကို သုံးပြီး စစ်အတွင်းက ရန်သူတွေ
ရဲ့ အရေးကြီးစစ်သတင်းတွေကို ကြားဖြတ်နားထောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

5. Coffee Filters (ကော်ဖီစစ်ထုတ်တဲ့ ရေစစ်)

ကော်ဖီဖျော်စက်တွေထဲမှာ အခုခေတ် တွင်ကျယ်စွာသုံးလာတဲ့ Coffee Filter ကိုတော့
1900 ခုနှစ်မှာ ဂျာမန်အိမ်ရှင်မကြီးတစ်ယောက်ဖြစ်တဲ့ Melitta Bentz က တီထွင်ခဲ့ပါ
တယ်။ ကော်ဖီစစ်တာလောက်တော့ တို့လည်း လုပ်တတ်ပါတယ်ကွာ အပြောမကြီးပါနဲ့။
သူမ တီထွင်ခဲ့တာထက် ကောင်းရင် သင် နာမည်ကြီးနေပြီပေါ့။

6. Bras (ဘရာစီယာ)

အမေရိကန်နိုင်ငံသူ Mary Phelps Jacob ဆိုသူဟာ 20 ရာစု အစောပိုင်းမှာ အမျိုးသမီး
aတွအတွက် ဘရာစီယာကို တီထွင်နိုင်ခဲ့ပါတယ်။ ယခင်က အမျိုးသမီးများဟာ ဘရာစီ
ယာဝတ်လေ့မရှိဘဲ နေခဲ့ပါသတဲ့။ ထိုခေတ်က သူမဟာ ဘရာစီယာတစ်ထည်အတွက်
နိုင်လွန်ကြိုးမျှင်နဲ့ အခြားချည်ကြိုးတွေကို သုံးခဲ့ပြီး အမျိုးသမီးတွေရဲ့ အရှက်ကို ကာကွယ်
ပေးနိုင်တယ်လို့ ယူစခြင်းခံရတာကြောင့် လက်မလည်အောင် ရောင်းချခဲ့ရတယ်လို့ သိရ
ပါတယ်။

7. Typewriter Correction Fluid (လက်နှိပ်စက် မင်ပြင်ဆေး)

လက်နှိပ်စက်များခေတ်ကာလတုန်းကတော့ လက်နှိပ်စက် မင်ပြင်ဆေးကို မဖြစ်မနေ
ဆောင်ထားရပါတယ်။ လက်နှိပ်စက်မှာ ယခုခေတ်ကွန်ပျူတာများလို အမှာပြင်နိုင်တဲ့
ခလုတ် မပါတာကြောင့် စာလုံးအမှား တွေ့ရင် လက်နှိပ်စက်မင်ပြင်ဆေးနဲ့ တို့ပြီး ပြင်
ရပါတယ်။ ဒါကလည်း ခေတ်ကာလတစ်ခုကို တိုးတတ်စေခဲ့တဲ့ ပစ္စည်းတစ်ခုပါဘဲ။ ဒီ
မင်ပြင်ဆေးကို 1950 ခုနှစ်မှာ Bette Nesmith Graham ဆိုသူ အမျိုးသမီးက တီထွင်
ခဲ့တာပါ။

8. Ice Cream Makers (ရေခဲမုန့်စက်)

ကလေးတို့ အသဲစွဲ ရေခဲမုန့်ကို ဘယ်လို လုပ်ရသလဲဆိုတာ သိပါသလား၊ ရေခဲသေတ္တာ
ထဲ ထည့်လိုက်ရင် ရေခဲမုန့်နဲ့မတူပဲ ရေခဲချောင်း ဖြစ်သွားမယ် ထင်ပါတယ်။ ရေခဲမုန့်
လုပ်တဲ့ စက်ကိုတော့ 1843 ခုနှစ်မှာ Nancy Johnson ဆိုတဲ့ အမျိုးသမီးက တီထွင်နိုင်
ခဲ့ပါတယ်။ အဲဒီစက်ထဲမှာ အလိုအလျှောက် အေးခဲစေတဲ့ စနစ်ပါဝင်ပြီး ဖန်ပြွန်၊ ဆလင်ဒါ၊
အဖုံး၊ dasher နဲ့ လက်လှည့်တို့ ပါဝင်ပါတယ်။

9. Barbie Dolls (ဘာဘီအရုပ်များ)

ဖတ်ရှင်လောကနဲ့ ဖျော်ဖြေရေးနယ်ပယ်ကို တစ်ခေတ်ဆန်းစေခဲတဲ့ ဘာဘီရုပ်တွေကို
တော့ 1959 ခုနှစ်မှာ Ruth Handler က တီထွင်ဖန်တီးခဲ့ပါတယ်။ ဒီ တီထွင်ဖန်တီးမှုကို
အခြေခံပြီး ဘာဘီရုပ်ယဉ်ကျေးမှု ဖြစ်ပေါ်လာခဲ့ကာ ဘာဘီရုပ်ကာတွန်းဇာတ်ကားလေး
တွေလည်း ယခုအချိန်ထိ ရောင်းအား ကောင်းဆဲ ဖြစ်ပါတယ်။
နတ်စည်တော်(Shwemom)

No comments:

Powered by Blogger.