နယူတန် (၁၆၄၂-၁၇၂၇)
ဆာအိုင်းဆက်နယူတန်ဟာ အင်္ဂလန်ပြည် လင်ကွန်းရှိုင်ယာရှိဝူး စသော့ရွာမှာ၁၆၄၂ ခု ဒီဇင်ဘာ (၂၅) ရက်နေ့မှာ ဖွားမြင်တယ်။ ဖခင်က လယ်သမားဖြစ်ပြီး နယူတန်မမွေးမီ သုံးလအလိုက ကွယ်လွန်သွား ခဲ့တယ်။ နယူတန်ဟာ ဂရင်းသန်မြို့ သဒ္ဒါသင်ကျောင်း မှာ ရှေးဦးစွာ စာသင်ကြားခဲ့စဉ်စာမှာ စိတ်မဝင် စားတဲ့အတွက် အတန်းထဲမှာ အညံ့ဆုံးဖြစ်ခဲ့ရတယ်။ဒါပေမဲ့ တစ်နေ့တော့ သူ့ကို အမြဲလိုအနိုင်ကျင့်နေတဲ့ အတန်းသားတစ်ဦးကို အညံ့မခံလိုတာကြောင့်အဲဒီကျောင်းသားကို လက်သီးနဲ့ ပြန်ထိုး သူ့ထက် တော်
အောင်ကြိုးစားရာကနောက်ဆုံးတစ်တန်းလုံးမှာ အတော်ဆုံး ဖြစ်လာခဲ့တယ်။
နယူတန်ဟာ ငယ်စဉ်ကပဲ သင်္ချာနဲ့ စက်ကိရိယာများ စိတ်ဝင်စားခဲ့သူ ဖြစ်ပြီးအားလပ်ချိန်များ မှာရေနာရီ၊
လေရဟတ်စက်နဲ့ တခြားကစားစရာအရုပ်လေးတွေ ပြုလုပ် အချိန်ဖြုန်းလေ့ ရှိတယ်။ နယူတန်ဟာ
အဲဒီအရာတွေကို အလွန်ခင်တွယ်တယ်။ မိခင်ကို ကူညီလိုပြီး လယ်ယာအလုပ် ဝင်လုပ်ခဲ့ပေမဲ့ စိတ်မပါဘဲ
စာဘက်မှာသာ စိတ်အား ထက်သန်တာကြောင့် နောက်ဆုံး မိခင်က နယူတန် ပညာ ဆက်သင်ဖို့ ကိန်းဗရစ်တက္ကသိုလ်ကို ပို့ခဲ့တယ်။ သူ့အသက် (၂၇) နှစ် အရွယ်ရောက်တဲ့အခါပြိုင်ဘက်ကင်းလောက်
အောင် ထူးချွန်ထင်ရှား လာတော့တယ်။
တက္ကသိုလ်ပညာ ဆည်းပူးနေစဉ် ကျောင်းပိတ်ရက်အတွင်း ဥယျာဉ်တစ်ခုထဲမှာ ထိုင်နေခိုက် ပန်းသီး တစ်လုံး ကြွေကျတယ်။ ပန်းသီးဟာ တခြားအရပ်မျက်နှာကို လွင့်ထွက်မသွားဘဲဘာကြောင့်မြေကြီး
ပေါ် မှာသာ ကျရသလဲလို့ သူတွေးတောကြံဆမိတယ်။ အဲဒီကမှ ဒြပ်ဝတ္တုတွေနဲ့ ဆွဲငင်သတ္တိကို သူသိမြင်လာခဲ့တယ်။ နယူတန်ဟာ အရာဝတ္တုအချင်းချင်း ဆွဲငင်တဲ့အားအကြောင်း စဉ်းစားပြီး ဆွဲငင်ခြင်း သတ္တိနိယာမပြဌာန်းခဲ့တယ်။ အဲဒီနိယာမအရ အာကာသလဟာပြင်မှာ ရှိရှိသမျှ ဒြပ်ဝတ္တုတွေ
တစ်ခုကိုတစ်ခု ဆွဲငင်လျက်ရှိပြီး အဲဒီ အရာဝတ္တုနှစ်ခုတို့ရဲ့ ဆွဲအားဟာ အဲဒီဝတ္တုတို့ရဲ့ အကွာအဝေးရဲ့
နှစ်ထပ်ကိန်းနဲ့ ပြောင်းပြန်အချိုးအစား ဖြစ်တယ်လို့ဆိုတယ်။
အဲဒီသဘာဝအရ ကမ္ဘာကို လှည့်ပတ်ရာမှာ ကမ္ဘာ့ဆွဲအားကြောင့် စက်ဝန်ပုံလမ်းကြောင်းအတိုင်း
လှည့်ပတ်သွားစဉ် ကမ္ဘာနဲ့ လတို့ အကြားရှိ ဆွဲအားဟာ ကမ္ဘာ့ဗဟိုချက်နဲ့ လဗဟိုချက် အကွာအဝေးရဲ့
နှစ်ထပ်ကိန်းနဲ့ ပြောင်းပြန် အချိုးအစား ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်။ သူဟာ အဖြူရောင်ရှိတဲ့နေရောင်ခြည်
မှာ သက်တန့်ရောင်ခုနှစ်မျိုး ပါဝင်ကြောင်း၊ အလင်းရောင်မှာ အလွန်သေးတဲ့ အလင်းမြူတွေ ပါဝင်ပြီး တစ်စက္ကန့်မှာ မိုင်ပေါင်း (၁၈၆,၀၀၀)ခန့်ပြေးနိုင်ကြောင်း ဖော်ထုတ်ခဲ့တယ်။
"နယူတန်ရဲ့ လေးစားဖွယ် ယူဆချက်တွေဟာ ကမ္ဘာ့သိပ္ပံလောကအတွက် ........................ဧရာမ ကျေးဇူးတရားတွေပါပဲကွယ်။"
Posted by Aung Win Hein (Noble)

No comments: