သောက်ကြဦးမလား မြွေစိမ်ဝိုင် :)


စပျစ် ဝိုင်၊မက်မန်း ဝိုင် အစရှိသော ဝိုင် အမျိုးမျိုး အထွေထွေရှိသည့်အနက် ကျွန်တော်တို့ ကြားဖူးနေကျ မရှိတဲ့ မြွေဝိုင် အကြောင်းကို အနည်းငယ်တင်ပြလိုပါတယ်။

Snake Wine (rượu rắn in Vietnamese)မြန်မာလိုဆို မြွေဝိုင်ပေါ့.. အဲဒီဝိုင်ပုလင်းထဲမှာတော့ အလွန်အဆိပ်ပြင်းတဲ့ မြွေတွေကို ထည့်ပြီး စိမ်ထားတာဖြစ်ပါတယ်။ မူလကတော့ ဗီယက်နမ် နိုင်ငံမှာသာ ထုတ်လုပ်တာဖြစ်သော်လည်း အခြား အရှေ့တောင်အာရှ နိုင်ငံ များနှင့် တရုတ်နိုင်ငံ တွေမှာလည်း ရတတ်ပါတယ်။ မြွေကို အဲ့ဒီဝိုင်ထဲမှာ စိမ်ခြင်းအားဖြင့်မြွေရဲ့အဆိပ်တွေဟာ အရက်ထဲကို ပျော်ဝင်သွား
သော်လည်း အန္တရာယ်မရှိဘူးလို့သိရပါတယ်။



ဒီဝိုင်ကို ပြုလုပ်ပုံကတော့ အရင်ဆုံး မြွေနဲ့ ကင်းမြှီးကောက်တွေကို ပုလင်းထဲထည့်ပြီးနောက် ဆန်နဲ့ဖောက်ထားတဲ့ အရက် အကြည် ကို အပြည့်ထည့်ထားရမှာဖြစ်ပါတယ်။ ပြီးတော့ ဆေးဖက်ဝင် အပင်နဲ့ သစ်ဥသစ်မြစ်များ ကိုပါထည့်စိမ်ရမှာဖြစ်ပါတယ်။

အထင်ရှားဆုံး မြွေစိမ်ဝိုင်တွေကတော့ ထိုင်း၊ ဗီယက်နမ် နဲ့ လာအိုတို့က ထုတ်လုပ်တဲ့ မြွေဝိုင်တွေ ဘဲဖြစ်ပါတယ်။ အဲ့ဒီလို အဆိပ်ပြင်းပြီးမြွေတွေစိမ်ထားတဲ့ ဝိုင်တွေဟာ တချို့သောရောဂါများအတွက်
ကောင်းသလို ကာမ ကိစ္စတွေအတွက်လည်း အားတိုးစေပါတယ်လို့ သိရပါ တယ်။ ရောင်းတဲ့သူတွေ ကတော့ အမျိုးမျိုး ကောင်းကြောင်းတွေ ညွှန်းပြီး လူတွေကို စွဲဆောင်တာပေါ့။


နိုင်ငံတော်တော်များများမှာ တရားဝင်ကို တင်ပို့ရောင်းချပြီး အမေရိကန်နိုင်ငံ ကိုလည်းတင်ပို့
ပါတယ်။ ငြင်းနေကြတဲ့အရာတစ်ခုကတော့ ဒီ ဝိုင်တွေကို ဗီယက်နမ်က စတင်တာမဟုတ်ဘဲ တရုတ်တွေက စပြီးပြုလုပ်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။

Multi-Vitamin မှတစ်ဆင့်

#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:

Powered by Blogger.