မွေးရာပါလက်မပါပေမယ့် ခြေနှစ်ချောင်းကို အားပြုပြီးစီးပွားရေးမှာအောင်မြင်လာသူ
မွေးရာပါ လက်မပါတဲ့ တရုတ်အမျိုးသားဟာ အွန်လိုင်းပေါ်မှာ အောင်မြင်တဲ့ကုန်သည်တစ်ယောက်
အဖြစ် ရပ်တည်နေတာကို အားကျဖွယ် တွေ့ရှိရပါတယ်။ သူဟာ မွေးရာပါ မသန်စွမ်းရောဂါသည်
ဆိုပေမယ့် ဘ၀ကို အရှုံးမပေးဘဲ မိမိမှာရှိတဲ့ ခြေနှစ်ချောင်းနဲ့ ဘ၀ကို မရရအောင် ရုန်းကန်ခဲ့ရသူဖြစ်
ပါတယ်။
သူ့ရဲ့ အလေ့အကျင့်ကြောင့်လည်း သူဟာ ခြေထောက်နှစ်ဘက်နဲ့ ပုဆိန်ကို ညှပ်ပြီး ထင်းခွဲနိုင်သလို၊
အိမ်သာစသည်ကို သွားတဲ့အခါမှာလည်း အဖော်မလိုပဲ သူ့ဘာသာ သန့်ရှင်းရေး လုပ်နိုင်တဲ့ အံ့မခန်း
လူတစ်ယောက် ဖြစ်ပါတယ်။ သူ့အမည်ကတော့ Chen Zifang ဖြစ်ပြီး အသက်ကတော့ 27 နှစ်အ
ရွယ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ မိဘတွေနဲ့အတူ တရုတ်ပြည်အလယ်ပိုင်း၊ ဟူဘိုင်းစီရင်စုဒေသ၊ ဘဒေါင်း
ပြည်နယ်မှာ နေထိုင်ပါတယ်။
သူ့မိဘတွေဟာ မွေးစကတည်းက လက်မပါခဲ့တဲ့ သူတို့ရဲ့ သားလေးဟာ လူ့လောကမှာ မျက်နှာငယ်
ရရှာမှာပဲလို့ တွေးခဲ့ကြပေမယ့် တကယ်တမ်းကြတော့ Chen ဟာ အွန်လိုင်းမှာ အောင်မြင်တဲ့ ကုန်သည်
တစ်ယောက် ဖြစ်နေသလို ဘ၀ကို အနိုင်မခံအရှုံးမပေးဘဲ ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ သူ့ခြေထောက်နဲ့ စားနိုင်တယ်၊ အ၀တ်လျှော်နိုင်တယ်၊ စာရေးနိုင်တယ်၊ အ၀တ်အစား ၀တ်ဆင်
နိုင်ပါသေးတယ်။
မော်တာလွှနဲ့ ထင်းဖြတ်လောက်တာကတော့ အပျော့ပါလို့တောင် ပြောပါသေးတယ်။ Chen ရဲ့ နောက်
ထပ် အံ့သြစရာအလုပ်က အင်တာနက် စီးပွားရေးလို့ ခေါ်တဲ့ သူရဲ့ e-commerce ၀က်ဘ်ဆိုဒ်မှာ ဆယ်
ရက်လျှင် ယူရို (1000) ခန့်(မြန်မာငွေ 15 သိန်းခန့်) ရှာနိုင်ခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ Chen
ရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ သန့်ရှင်းစွာရပ်တည်နေတဲ့ ဘ၀ရဲ့ရပ်တည်ချက်ကိုတော့ လေးစား
ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။
SHWE MOM




No comments: