ဒီတစ်ပတ် (၈.၃.၂၀၁၆ မှ ၁၄.၃.၂၀၁၆အထိ) ဗေဒင်
ဒေါက်တာထွန်းလင်း (ဘုတလင်)
တနင်္ဂနွေ
စိတ်လေမည်။ ခရီးယာယီ ထွက်ချင်မည်။ ရည်ရွယ်ချက်များမည်။ ရည်းစား၁ယောက်နှင့် အဆင်မပြေဖြစ်မည်။ အအို ၁ယောက် က ဖမ်းစားမည်။ အလိမ်အကောက်ခံရမည်။ ပစ္စည်းကိစ္စ စကားရှုပ် မည်။ အထင်မြင်လွဲ စွပ်စွဲခံရမည်။ ရည်းစား တစ်ယောက် နှင့်လျို့ဝှက် ချစ်မိမည်။ စက်ပစ္စည်း ချို့ယွင်းမည် အလုပ်ကိစ္စ အဆင်ပြေမည်။ စာမေးပွဲ ဖြေနိုင်မည်။ အောင်မည်။ ခြေ ၊ လက်ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ၁၊ ၅၊ ၆
အထူးဟော - သူများ စကားအရမ်းမယုံနှင့်။
ယတြာ - ကန်စွန်းညွန့် ဘုရားကပ်ပါ။ ကိုယ်တိုင်လည်း ဆောင်ပါ။ အောင်မြင်ပါတယ်။
တနင်္လာ
မစပ်စု နှင့် မစုံစမ်းနှင့်။ ကိုယ် နှင့် မဆိုင်တာဘာမှ ၀င်မစွက် ၊ ကျေးဇူးမတင် အပြစ်တင်ခံရလိမ့်မည်။ သူများ ရည်းစား က ကိုယ့်လာပြီး ကြိုက် လိမ့်မည်။ အချိန်မတော် မသွားနှင့်။ လူယုံလည်းမထားနှင့်။ စကားပြောလည်း ဆင်ခြင်ပါ။ ကြိုးစားမှု့ အားကောင်းလို့ စာမေးပွဲမှာ ဂုဏ်ထူးတောင်ပါလိမ့်မည်။ ကျန်းမာရေး တော့ နည်းနည်း ဂရုစိုက်ပါ။ သူများကြား ၀င်မရှုပ်နှင့်။ လက်ဆောင်ရမည်။ ခရီးယာယီ သွားရမည်။ ငွေကြေးမချေးနှင့် ပြန်မရ ဖြစ်မည်။
အကျိုးပေးဂဏန်း ၂၊ ၄၊ ၃
အထူးဟော - မှန်တာပြောလို့ မုန်းရတတ်တယ်။
ယတြာ - ကန်စွန်းညွန့် ဘုရားကပ်ပါ။ ကိုယ်တိုင်လည်း ဆောင်ပါ။ အောင်မြင်ပါတယ်။
အင်္ဂါ
အရာရာ ဆရာလုပ်တယ်လို့ အပြောခံရတတ်တယ်။ စေတနာကို ဝေဒနာ လို့ ထင်ခံရတတ်ပါတယ်။ အပြောလည်း မလွယ်နှင့် သဘောလည်း မကြွယ် နှင့် ဆရာသမား ကတော့ ချစ်ပြီး အချင်းချင်း က အကောင်း မထင်ခံရတတ်ပါတယ်။ ရည်ရွယ်ချက် တွေ အောင်မြင်ပါလိမ့်မည်။ ဆုံးဖြတ်ချက် တွေ ခိုင်မာ လာလိမ့်မည်။ အောင်မြင်မှု့ က လက်တလှမ်း ဘဲလိုတော့တယ်။ ဇွဲရှိရမည်။ သတ္တိရှိရမည်။ လုံ့လ ၀ီရီယ ကောင်းရမည်။ ကံဇာတာ ကတော့ ကောင်းနေပြီ ဟု မှတ်ပါ။ အချစ်ရေး ကတော့ ဒု နှင့်ဒေး ပါဘဲ။ ကဲတော်လောက်ပြီ။
အကျိုးပေးဂဏန်း ၃၊ ၆၊ ၉
အထူးဟော - ကံကောင်းနေပြီ။
ယတြာ - အိမ်ဘုရားကို ဇွန်ပန်း ၈ ကုံး ကပ်လှူပါ။ ကိုယ်တိုင်လည်း ဆောင်ပါ။
ဗုဒ္ဓဟူး
လွတ်လပ်မှု့ လိုလားခြင်း ချူပ်ချယ်တားမြစ်တာ မကြိုက်ခြင်း နှင့် ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားလိုစိတ် ရှိသော သင့်အတွက် အခွင့်အရေးကောင်းတွေ ရနေမည်။ စွန့်စားမှု့များ စူးစမ်းမှု့များ စမ်းသပ်မှု့ တွေ လည်း အောင်မြင်မည်။ အချစ်ရေး ကံကောင်းနေတတ်တယ်။ အိမ်ထောင်မပြုချင်သေးလျှင် ဆင်ခြင်ပါ။ မဆင်ခြင်ပါက ရကိန်းမြင်နေတယ်။ အောင်မြင်မှု့ အစရှိသေး၍ ကြိုးစားသင့်ပါသေးတယ်။ ကျန်းမာရေး စီးပွားရေး အလုပ်အကိုင် အချစ်ရေး အားလုံးကောင်းတယ်။ စာမေးပွဲ ဖြေနေကြသော ဗုဒ္ဓဟူး တို့ ထူးချွန်စွာ အောင်မြင်ပါလိမ့်မည်။ ကံကောင်းပြီ။
အကျိုးပေးဂဏန်း ၄၊ ၉၊ ၆
အထူးဟော - စိတ်ချမ်းသာ သောရက် တပတ် ဖြစ်ပါသည်။
ယတြာ - အောင်သပြေ ဘုရားလှူပါ။ ကိုယ်တိုင်လည်း ဆောင်ပါ။
ကြာသပတေး
အပြောနှင့် အလုပ် ညီပါစေ။ ကြိုးစားသလောက် အောင်မြင်မှု့ ရသောကာလဖြစ်ပါတယ်။ အထူးသဖြင့် သင့်ပညာရေးကံကောင်းမည်။ ထူးချွန်စွာ အောင်မြင်မည်။ ကြိုးစားသလောက် တိုးတက်မည်။ အချစ်ရေး ကလည်း အလုအယက် ၀င်လာမည်။ အပြိုင်ချစ်သူတွေ ပေါ်မည်။ အိမ်ထောင်ရှိသူ တို့ သတိထားပါ။ တစ်လင်တစ်မယား စံနစ် ဆိုတာ မမေ့နှင့်နော်။ စန်း နှင့် စုတ် က ကောင်းနေပြီ။ ဘာလုပ်လုပ် အဆင်ပြေမည်။ ဘာပြောပြော အောင်မြငမည်။ အရာရာ တိုးတက်မှု့ တွေ ဖြစ်လာမည်။
အကျိုးပေးဂဏန်း ၅၊ ၆၊ ၈
အထူးဟော - သင်ကံကောင်း နေပြီ။
ယတြာ - အောင်သပြေ ဘုရားအလှူပါ။ ကိုယ်တိုင်လည်းဆောင်ပါ။
သောကြာ
စိတ်လေနေတယ်။ စာကြည့်ရင်း စိတ်မငြိမ်ပါ။ အတိုက်အခံ တွေ ကြုံနေမည်။ ရည်မှန်းချက် မပြောင်းသင့်ပါ။ တဇွတ်ထိုး တယူဿန် စိတ် မလုပ်သင့်ပါ။ မှန်တယ် ထင်လျှင် လုပ်ပါ။ မှားတယ်ထင်လျှင် ဖြုတ်ပါ။ ယုံကြည်ချက် ခံယူချက် ခိုင်မာ သင့်သည်။ အထူးသဖြင့် အချစ်ရေး နှင့် ပညာရေး ရော ထွေးမနေသင့်ပါ။ အလုပ်အကိုင် ပြောင်းလဲမှု့ ဖြစ်တယ်။ သူတပါး အထင်သေးမှု့ ဖြစ်လာစရာ တွေ ဆင်ခြင်ပါ။ ပညာရေး ကံကောင်းနေတယ်။ စာမေးပွဲ ကြိုးစားဖြေပါ။ သင့်စိတ်တွေ က စာကြည့်ရင်း စိတ်မငြိမ် ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစား ဖြေပါ။ အောင်ကိန်းရှိနေပါတယ်။ ဖြေပြီး ထွက်သွားခြင်း စိတ်မကူးလိုက်ပါနှင့် ဆင်ခြင်ပါ။ ငွေဝင်လာမည်။ ရွှေစက် ထွက်တတ်ပါသည်။
အကျိုးပေးဂဏန်း ၆၊ ၉၊ ၁
အထူးဟော - ဆင်ခြင်မှု့ နှင့် ဆုံးဖြတ်ချက် မှန်ပါစေ။
ယတြာ - ဘုရားကို အုန်းညွန့် ၆ ညွန့် ကပ်ပါ။ ကိုယ်တိုင်လည်းဆောင်ပါ။
စနေ
ဤကာလသည် ရည်ရွယ်ချက်များခြင်း နှင့် ဆုံးဖြတ်ချက်များခြင်းတို့ ဖြစ်တတ်ပါသည်။ ဒေါသထွက်စရာဖြစ်စရာ ကြုံတတ်သလို ၀မ်းသာရယ်မောစရာတွေလည်း ကြုံရတတ်တယ်။ သို့သော်လည်း ၀မ်းသာစရာ ဂုဏ်ယူစရာ အောင်မြင်မှု့ ပန်းတိုင်ကို လှမ်းကိုင်မိမှာ မလွဲသောကာလတစ်ခု ဖြစ်ပါတယ်။ သင်၏ ကြိုးစားခဲ့သမျှ တွေ အောင်မြင်မှု့ ရလိမ့်မည်။ စာမေးပွဲ အောင်မြင်မည်။ ဂုဏ်ထူးတွေရမည်။ အချစ်ရေး စွဲလန်းသူ ပေါ်မည်။ စီးပွားရေး အောင်မြင်မှု့ ရမည်။ ၀န်ထမ်းစနေသားသမီး များရာထူးတက်ခြင်း နေရာပြောင်းရွှေ့ခြင်း ခရီးဝေးထွက်ခြင်း တို့ ဖြစ်မည်။ အချစ်ရေး ကံကောင်း၍ အိမ်ထောင်ကျတတ်သောကြောင့် ဆင်ခြင်ပါ။
အကျိုးပေးဂဏန်း ၇၊ ၂၊ ဝ
အထူးဟော - အောင်မြင်သူဖြစ်မည်။
ယတြာ - စနေနေ့ တွင် ဘုရားကို ရွက်လှညွန့် ကပ်လှူပါ။ ကိုယ်တိုင်လည်း ဆောင်ပါ။ အောင်မြင်ပါတယ်။
မြစ်မခသတင်းအေဂျင်စီမှ ကူးယူဖော်ပြသည်

No comments: