အလကားမရ၊ ကိုယ့်အားကိုယ်ကိုး
အလကားမရ
သင့်အောင်မြင်မှုနှင့် စိတ်ချမ်းသာမှုကို သင်ကိုယ်တိုင်ပင် တောင်းဆိုယူရလိမ့်မည်။
ကမဿဘာလောကသည် သင့်အား ဘာကိုမျှ အသားလွတ်ပေးမည်မဟုတ်။ ဘယ်သူကမျှ သင့်ဆီလာပြီး အသာ ပခုံးပုတ်ကာ ရော့... ယူဗျာ၊အခွင့်အရေးတွေ ဟုပေးမည်မဟုတ်။ ပခုံးပုတ်၍ လှည့်အကြည့်တွင်
မျက်နှာကို လက်သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင် ခံချင်ခံရနိုင်သည်။
အလကား ရနိုင်တာ ဒါမျိုးပဲ ရှိသည်။
ဒါကို လူအများလည်း သိကြသည်။ သို့သော် ဒါကိုသိလျက် သူတို့ ဘယ်လိုတွေးကြသနည်း။ ဘယ်သူကမှ ငါ့ကို မကူညီလျှင် ငါဘယ်မှာအောင်မြင်နိုင်မည်လဲ ဟူ၍ပဲ တွေးသည်။
မှားပြန်ပါပြီ။
မည်သူမျှသင့်ထံလာပြီး အခွင့်အရေးတွေ မပေးတော့ဘူးဆိုတော့ကောဘာဖြစ်သနည်း။
သင့်အား အောင်မြင်သူ တစ်ဦ်းဘဝ ရောက်ရှိအောင် တွန်းပို့ မောင်းနှင်ပေးမည့် စွမ်းအားတွေ သင့်ကိုယ်ထဲမှာ အပြည့်ရှိနေသည်။ သင်၌ လိုအပ်နေသည်မှာ သင်သည် ဤလောက၌ ထိုက်တန်သော တစ်နေရာကို
ရပိုင်ခွင့်ရှိသည်ဟူသော ယုံကြည်ချက်နှင့် ထိုအရာကို ရအောင် ယူမည်ဟူသော ခိုင်မာသည့် သနဿနိဋဿဌာန္တို့သာ ဖြစ်သည်။
ဒါတွေကို တခြားက မရနိုင်။ သင့်ကိုယ်တိုင်ထံမှပင် တောင်းခံယူရပေမည်။
----
ကိုယ့်အား ကိုယ်ကိုး
သင့်အား မည်သူမျှ အပေါ် အမြင့်သို့ ရောက်အောင် ကြိုးဖြင့် ဆွဲမတင်နိုင်။ကြိုး ကို ကြာကြာ ဆုပ်ကိုင် မထားနိုင်သော အကြောင်းကြောင့်ပင် သင်ပြုတ်ကျမည်ဖြစ်၏။ သို့သော် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်၍တက်လျှင်ကား အမြင့်ဆုံးတောင်ထိပ်သို့ ရောက်အောင်ပင် သင်တက်နိုင်မည်ဖြစ်သည်။
- ဘရန်ဒိုက်စ်
(ဖေမြင့်၏ ကိုယ့်ထူးကိုယ်ချွန်သမားများအတွက် လက်စွဲစကားများ စာအုပ်မှ)

No comments: