လူအများစု မကြာခဏမှားယွင်းလေ့ရှိတဲ့ အမှားကြီးတစ်ခု
ကျွန်တော်အပါအ၀င် လူအများစု မှားယွင်းလေ့ရှိတဲ့ အမှားကြီးတစ်ခုရှိပါတယ်။ ဒါကတော့အ၀တ်အထည် သစ်တွေနဲ့ ပါတ်သတ်လို့ပါ။
ကျွန်တော်တို့အများစုဟာ အ၀တ်အထည်သစ်တွေကို ၀ယ်ပြီးတာနဲ့ လျှော်ဖွတ်ခြင်းမရှိပဲ တိုက်ရိုက်ဝတ်ဆင်
လေ့ ရှိကြပါတယ်။ ဒါဟာအလွန်မှားတဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို အ၀တ် အထည် သစ်တွေမှာ ကူးစက်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား အမြောက်အများနဲ့ မှိုစွဲစေတဲ့ ပိုးမွှားတွေ ခိုအောင်းနေလေ့ရှိတယ် ဆိုတာကို စမ်းသပ်မှုတွေအရ သိခဲ့ကြတာပဲ ဖြစ်ပါတယ်။

အရေပြားအထူးကု ဆရာဝန်ကြီး Christopher Crotty ကတော့
" ဒီလို brand new အ၀တ်တွေကို ၀တ်ဆင်ခြင်းဟာ အလွန်ဆိုးရွားပါတယ်။ ကိုယ်ခံအားကောင်းတဲ့ လူတွေအတွက်တော့ ဘာမှသိပ်မဖြစ်စေနိုင်ပေမယ့် ကိုယ်ခံအားမကောင်းသူတွေ ၀တ်မိရင် ကူးစက်ရောဂါတွေ ဆိုးရွားစွာ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် အ၀တ်အထည်သစ်တွေ ကို မ၀တ်ခင်မှာနှစ်ကြိမ် ဒါမှမဟုတ် အနည်းဆုံး တစ်ကြိမ်တော့ လျှော်ဖွပ်ဖို့ လိုတယ်"လို့ဆိုပါတယ်။
ဒီအချက်ကို မသိပဲ အ၀တ်သစ်ဝယ်ပြီးတာနဲ့ တန်းဝတ်တတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို သတိပေး လိုက်ကြပါဦး
#သုတဇုန်
www.fb.com/thutazone
www.thutazone.com

No comments: