ပခန်းမင်းကြီး ဦးရန်ဝေးနှင့် ကင်းဝန်မင်းကြီး ဦးကောင်း
မင်းတုန်းမင်း လက်ထက်တွင် ချင်းတွင်းနယ်မြေမှ ဘုန်းကြီးလူထွက် ၂ ဦးတို့ ကောင်းစားကြ၏။
ကောင်းစားသည်ဆိုရာ၌လည်း နည်းနည်းနောနော မဟုတ်ဘဲ နေပြည်တော်တွင် ထိပ်တန်းဖြစ်သော မင်းကြီးရာထူးများ ရရှိကြ၏။ သူတို့ ၂ ဦးမှာ ဖြစ်ရပ်ချင်း များစွာ တူညီကြသဖြင့် "ကံတူအကျိုးပေး"ဟူ၍ပင် ဆိုရလောက်ပေသည်။
တစ်ဦးကား ပခန်းမင်းကြီး
ဦးရန်ဝေးဖြစ်လျက်၊ အခြားပုဂ္ဂိုလ်မှာ ကင်းဝန်မင်းကြီး ဦးကောင်းဖြစ်သည်။
သူတို့ ၂ ဦး၏ ခြားနားချက်မှာ ရှင်ဘုရင်က သူကောင်းပြုခံယူကြပြီးနောက်
ဦးရန်ဝေးက ရှင်ဘုရင်ကို အနိုင်ကျင့်လေ့ရှိသဖြင့် သူ့ကို "ပခန်း
ရှင်ဘုရင်ကြီး"ဟုပင် မင်းတုန်းမင်းက ခေါ်ဆိုလေ့ရှိသည်။
ဦးရန်ဝေးမှာ ချင်းတွင်းအနောက်ဘက်
ဗန့်ကျီနယ်၊ ဗဒူရွာသားဖြစ်လျက် ၁၁၇၄ ခုဖွား ဖြစ်သည်။ ဦးကောင်းကား
ထိုရွာ၏အနောက် ၈ တိုင်ကွာ မုန်တိုင်ပင်ရွာ၌ ၁၁၈၃ခု တွင် ဖွားသည်။
ဗဒူရွာကျောင်း ဘုန်းတော်ကြီး
ဦးဥတ္တမသည် ဦးရန်ဝေး၏ ဦးရီးဖြစ်၏။ ထိုကျောင်း၌ပင် ဦးရန်ဝေးသည်
ဦးဝိသုဒ္ဓဘွဲ့ဖြင့် ခန်းနေဦးပဉ္ဇင်းကြီးဖြစ်လာ၏။ မုန်တိုင်ပင်ရွာမှ
မောင်ကောင်းလည်း သာမဏေ ဘဝ၌ ထိုကျောင်းသို့ လာရောက် တပည့်ခံ၏။
နေပြည်တော်သို့
ပုဂံမင်း နန်းတက်ပြီးနောက်
ဦးဝိသုဒ္ဓသည် နေပြည်တော်ရှိ ဗားကရတိုက်သို့ ရောက်ရှိ ကာ ငွေရေးကျောင်းတွင်
ကျောင်းထိုင်ဆရာတော်ဖြစ်လာ၏။ ထိုအချိန်တွင် လွှတ်တော်မင်းသားကြီးဖြစ်
နေသူ မင်းတုန်းမင်းသားထံသို့ ဦးဝိသုဒ္ဓသည် မှန်မှန်ကြွရောက် တရားဟော သီလပေးခြင်း ပြုရသည်။
နေသူ မင်းတုန်းမင်းသားထံသို့ ဦးဝိသုဒ္ဓသည် မှန်မှန်ကြွရောက် တရားဟော သီလပေးခြင်း ပြုရသည်။
မကြာမီပင် မုန်တိုင်ပင်မှ
ရှင်အာသဘ(မောင်ကောင်း)သည် ငယ်ဆရာ ဦးဝိသုဒ္ဓထံ ရောက်ရှိလာ၏။
အတွင်းတပည့်အဖြစ်နေထိုင်ကာ စာပေကျမ်းဂန် ပေါက်မြောက်အောင် သင်ယူ၏။
၁၂၁၁ ခုတွင် မင်းတုန်းမင်းသားက
ပညာဗဟုသုတအရာ လေ့လာရှာမှီးသူများ အလိုရှိကြောင်း မိန့်ကြားသဖြင့်
ဦးဝိသုဒ္ဓက ရှင်အာသဘကို မင်းသားထံ ပို့ဆက်သရန် လူဝတ်လဲစေရ၏။
မင်းတုန်းမင်း သား တစ်နေ့သ၌ ရှင်ဘုရင်ဖြစ်မည်ကို ကြိုတင်သိမြင်သော ရှင်အာသဘက
"အမှီကောင်းကြီးကို ရလေပြီ"
ဟု ဝမ်းမြောက်စွာပင် ရဟန်းသိက္ခာ ချ၏။
ဟု ဝမ်းမြောက်စွာပင် ရဟန်းသိက္ခာ ချ၏။
လူထွက်ကြပြီ
များမကြာမီ မင်းတုန်းမင်းသား၏
အထပ်ထပ် လျှောက်တင် တိုက်တွန်းသဖြင့် ဦးဝိသုဒ္ဓသည်လည်း လူဝတ်လဲရလေသည်။
ဦးရန်ဝေးမှာ မင်းတုန်းမင်းသား၏ အကြီးတော်ရာထူးကို ရရှိလျက်၊ ဦးကောင်းမှာ
အိမ်တော်ဘဏ္ဍာစာရေး ဖြစ်လာ၏။
မင်းတုန်းမင်းသား
ထီးနန်းရရှိပြီးနောက် ဦးရန်ဝေးကို ပခန်းမင်းသားကြီးအဖြစ် ဝန်ကြီးခန့်အပ်၏။
မိဖုရားကြီး စကြာဒေဝီနှင့်တိုင်ပင်၍ ခမည်းတော် သာယာဝတီမင်း၏ ကိုယ်လုပ်တော်
သန်လျင်မြို့စားနှင့် ထိမ်းမြားပေးလေသည်။ နေ့စဉ် ပခန်းမင်းကြီး
အိမ်တော်သို့ မင်းတရားကြီးက ပွဲတော်အုပ် ပေးပို့သည်။ လခတော်ငွေ ၂၀၀၀ ကျပ်
ရရှိရာ မင်းကြီးကတော် ၁၀၀၀ ကျပ်၊ မိမိအတွက် ၅၀၀ ကျပ်၊ ငယ်သားများ အတွက် ၅၀၀
ကျပ် ဟူ၍ ဝေခွဲ သုံးစွဲလေသည်။
ဝန်ကြီး၏နှမ
တစ်ကြိမ်က ဦိးရန်ဝေး၏နှမ ဒေါ်နီသည်
မုဆိုးမဘဝ၌ နွမ်းပါးသဖြင့် မောင်ကြီးထံ လာရောက်ခိုလှုံ၏။ မင်းကြီးလည်း
နှမဖြစ်သူကို ထောက်ပံ့ရန် နည်းလမ်းရှာရင်း ရွှေပန်းထိန်တော်သားများထံရောက်ရှိသွား၏။
ရွှေပုခက်တစ်ခုကို စီခြယ်နေရာမှ ပိုလျှံသော ၄၅ ကျပ်သားရှိ ရွှေတုန်းတစ်ခုကို တွေ့ရှိလေသည်။ "နန်းတော်ကမေးလျှင် ဤရွှေတုန်းကို ငါ ယူသွားသည် ပြောလိုက်"ဟု မှာထားကာ ယူသွားလေသည်။ အိမ်သို့ ရောက်သောအခါ နှမမယ်နီသို့ ၎င်းရွှေတုံးပေးလိုက်လေသည်။ နောက်နေ့တွင် ယောအတွင်းဝန် ဦးဘိုးလှိုင် လာရောက်မေးမြန်းရာ "မောင်လှိုင်၊ ငါက မင်းတရားကြီးပိုင် ရွှေတုံးကို ယူလာတာ မှန်ပါသည်။ ငါ့မှာ ဆင်းရဲသော နှမတစ်ယောက်ကို ထောက်ပံ့ရန် တာဝန်ရှိနေတယ်။ ငါ ရရှိသည့် ရိက္ခာတော် က
လောက်ငရုံပဲ ရှိတယ်။ လာဘ်တံစိုးလက်ဆောင်လည်း ငါဘယ်တော့မှ မယူခဲ့။ ဒါကြောင့် ခိုးခြင်း ခိုးလျှင်
ငါ့အရှင်သခင်ရဲ့ ပစ္စည်းကို ခိုးပြီး နောင်သံသရာမှာလည်း အတုံ့အလှည့် ခံရပါလျှင် ကိုယ့်အရှင်သခင် အိမ်မှာပဲ ခွေးဖြစ်ဖြစ် ခံရတာက မြတ်တယ်လို့ ငါအောက်မေ့ပြီး ယူခဲ့တာပဲ"ဟု ဖြေကြားလိုက်လေသည်။
ရွှေပုခက်တစ်ခုကို စီခြယ်နေရာမှ ပိုလျှံသော ၄၅ ကျပ်သားရှိ ရွှေတုန်းတစ်ခုကို တွေ့ရှိလေသည်။ "နန်းတော်ကမေးလျှင် ဤရွှေတုန်းကို ငါ ယူသွားသည် ပြောလိုက်"ဟု မှာထားကာ ယူသွားလေသည်။ အိမ်သို့ ရောက်သောအခါ နှမမယ်နီသို့ ၎င်းရွှေတုံးပေးလိုက်လေသည်။ နောက်နေ့တွင် ယောအတွင်းဝန် ဦးဘိုးလှိုင် လာရောက်မေးမြန်းရာ "မောင်လှိုင်၊ ငါက မင်းတရားကြီးပိုင် ရွှေတုံးကို ယူလာတာ မှန်ပါသည်။ ငါ့မှာ ဆင်းရဲသော နှမတစ်ယောက်ကို ထောက်ပံ့ရန် တာဝန်ရှိနေတယ်။ ငါ ရရှိသည့် ရိက္ခာတော် က
လောက်ငရုံပဲ ရှိတယ်။ လာဘ်တံစိုးလက်ဆောင်လည်း ငါဘယ်တော့မှ မယူခဲ့။ ဒါကြောင့် ခိုးခြင်း ခိုးလျှင်
ငါ့အရှင်သခင်ရဲ့ ပစ္စည်းကို ခိုးပြီး နောင်သံသရာမှာလည်း အတုံ့အလှည့် ခံရပါလျှင် ကိုယ့်အရှင်သခင် အိမ်မှာပဲ ခွေးဖြစ်ဖြစ် ခံရတာက မြတ်တယ်လို့ ငါအောက်မေ့ပြီး ယူခဲ့တာပဲ"ဟု ဖြေကြားလိုက်လေသည်။
ထိုစကားကို မင်းတုန်းမင်းကြီး
ကြားတော်မူလျှင် များစွာ သဘောကျတော်မူလျက် ထိုရွှေတုံးကို နန်းတော် က
ငွေတစ်ထောင်ပေး၍ ရွေးတော်မူစေ၏။ မင်းကြီးနှမ မယ်နီကိုလည်း အနောက်ဆောင်
မိဖုရားက
ခေါ်တော်မူကာ ပြုစုကျွေးမွေး လက်ဆောင်တော်များလည်း ပေးကြလေသည်။
ခေါ်တော်မူကာ ပြုစုကျွေးမွေး လက်ဆောင်တော်များလည်း ပေးကြလေသည်။
ဆင်ကြန်မယ်
မင်းတုန်းမင်းက ခမည်းတော်၏
မိဖုရားငယ် တစ်ဦးနှင့် ဦးရန်ဝေးကို ပေးစားရာတွင်
ရှေ့သွားနောက် လိုက်ညီဟန်တူ၍ ရာဇဝင်၌ ဘာမျှကဲ့ရဲ့သံ မကြားရပါ။ သို့သော် ၁၂၁၃
ခု၌ ဦးကောင်းကို "ဆင်ကြန်မယ်"နှင့်အိမ်ထောင်ချပေးရာ၌ သတို့သားမှာ အသက်
၃၀၊ သတို့သမီးမှာ ၅၉နှစ် ဇရာပိုင်း
ရောက်နေသူ ဖြစ်လေသည်။ တရားသူကြီးဦးဘိုး* ကွယ်လွန်ရာ၌ ၎င်းကတော် မုဆိုးမ ဆင်ကြန်မယ်ကို လူပြန်တော် လူပျိုကြီး ဦးကောင်းက ယူစေခြင်း ဖြစ်သည်။ ဦးကောင်းကို မင်းတုန်းမင်းက အနိုင်ကျင့်ခြင်းမှာ ထိုအချိန်မှ စတင်ဟန်ရှိ၏။ ဦးကောင်းက မလွန်ဆန်ဝံ့ပုံမှာ "ရှင်ဘုရင် ကျေနပ်လျှင် ပြီးရော"ဟူသော သဘောနှင့် ဆင်ကြန်မယ်ကို မစုံမက်စေကာမူ ကောင်းစွာ ပေါင်းသင်းနေထိုင်ခြင်းက ထင်ရှားစေပေသည်။
ရောက်နေသူ ဖြစ်လေသည်။ တရားသူကြီးဦးဘိုး* ကွယ်လွန်ရာ၌ ၎င်းကတော် မုဆိုးမ ဆင်ကြန်မယ်ကို လူပြန်တော် လူပျိုကြီး ဦးကောင်းက ယူစေခြင်း ဖြစ်သည်။ ဦးကောင်းကို မင်းတုန်းမင်းက အနိုင်ကျင့်ခြင်းမှာ ထိုအချိန်မှ စတင်ဟန်ရှိ၏။ ဦးကောင်းက မလွန်ဆန်ဝံ့ပုံမှာ "ရှင်ဘုရင် ကျေနပ်လျှင် ပြီးရော"ဟူသော သဘောနှင့် ဆင်ကြန်မယ်ကို မစုံမက်စေကာမူ ကောင်းစွာ ပေါင်းသင်းနေထိုင်ခြင်းက ထင်ရှားစေပေသည်။
ထိုအိမ်ထောင်ရေးနှင့် ပတ်သက်၍
ဦးကောင်းက ဘာမျှ မပြောစေကာမူ ဂယက်များရှိခဲ့သည်။ ၁၂၂၄ ခုနှစ်တွက်
ရတနာနဒီမြစ် တူးဖော်ပြီး၍ မန္တလေးမြို့အနီး ထိုမြစ်ကမ်း တစ်လျှောက်တွက်
မှူးတော် မတ်တော်တို့အား ဥယျာဉ်ခြံမြေများကို စိုက်ပျိုးစေ၏။
မင်းကြီးဦးကောင်းက သူ့ခြံအတွက် အုန်းပင်မျိုးကောင်း
မျာူ ရလို၍ မြောက်ထားဝယ် ဗိုလ်မောင်ပိန်ထံ မျှတရန် တောင်းခံ၏။ ဦးကောင်းနှင့်ဗိုလ်ပိန်မှာ မင်းတုန်းမင်း
သား အိမ်တော်ပါများဖြစ်၍ အလွန် ရင်းနှီး ခင်မင်ကြသည်။ ဗိုလ်ပိန်ထံမှ အုန်းပင်ပေါက်များပေါ်မလာ သဖြင့် ဦးကောင်းက လှေတော်သံအလိုက် စာချိုးလိုက်သည်မှာ-
မျာူ ရလို၍ မြောက်ထားဝယ် ဗိုလ်မောင်ပိန်ထံ မျှတရန် တောင်းခံ၏။ ဦးကောင်းနှင့်ဗိုလ်ပိန်မှာ မင်းတုန်းမင်း
သား အိမ်တော်ပါများဖြစ်၍ အလွန် ရင်းနှီး ခင်မင်ကြသည်။ ဗိုလ်ပိန်ထံမှ အုန်းပင်ပေါက်များပေါ်မလာ သဖြင့် ဦးကောင်းက လှေတော်သံအလိုက် စာချိုးလိုက်သည်မှာ-
သွေယွန်းလို့
ရွှေခွန်းလေ မမှန်မကန်
ပွေလွန်းလှပြန် ၊
စိုက်ပျိုးရန် သစ်ပင်ပေးမယ်လို့
ရှေးလေး ဆိုရှာတဲ့
သူ့နှုတ်သံ-သွေဖောက်ပြန် ၊
ဗိုလ်များမှန် ပိန်တာတူးရယ်
ဖျောက်ဘူးနော် ငယ်ကဥာဏ်
ဆယ်ဆဖန် ။ ။
ဗိုလ်ပိန်မှာ နာမည်နှင့်လိုက်အောင်
တကယ် ပိန်သေး ကြုံလှီသူ ဖြစ်သည်။ ကတိပျက်ပြယ်သော ငယ်ကျင့်ကို ယခုတိုင်
ပယ်ဖျက်ခြင်းမရှိဘဲ ဆယ်ဆကဲနေဟန် ကလိလိုက်ခြင်းဖြစ်သည်။ ထိုအချိန်က
စလေဦးပုညမှာ နန်းတော်တွင် လက်ဖက်ရည်တော်မှူးအဖြစ် ဆောင်ရွက်လျက်ရှိရာ
ဗိုလ်ပိန်က လူငှား၍ အရိုက်ခိုင်းသည့် သဘောဖြင့် မင်းကြီးဦးကောင်းထံသို့
ပြန်စာ ရေးပေးစေခဲ့သည်။
ချဲ့ဟောင်းမို့နွဲ့နောင်းလေး ကြင်ရန်ဆင်ကြန်
ဆယ်မီးလောက် လှန်
သိမ်းမွေခံ-လုံအမတ်က
မိုးနတ်စွဲ စိတ်ထင်
အူလိုက်ချင်။
အပြစ်တင်စာ မစုပါနှင့်
လာလုပြီ မျှော်လို့နေ
ဒေါ်အို့ဖေ။
"ကွယ်လွန်သူ ဦးဘိုးက
သုံးစွဲပြီးသော အဟောင်းအမြင်းဖြစ်သူ ဆယ်မီးလောက် လှန်ပြီးသော ပစ္စည်းကို
အလုံဝန်မင်းက သိမ်းကျုံး အမွေခံလိုက်ပြီးနောက် ထိုဆင်ကြန်မယ်ကို ဒေဝစ္ဆရာ
နတ်သမီးလေး တမျှ ယုယချော့မြူနေခြင်းမှာ အ ၍၊ အူ ၍ ဖြစ်၏။ သူတစ်ပါးကို
ပြစ်တင်စာ ရေးမနေပါနှင့်။ အုန်းပင်ပေါက်
များမကြာမီ လာမည်ကို အဘွားအိုကြီး၏ လင်တော်မောင်ကမျှော်လို့သာနေပါတော့"ဟု ပြန်အုပ်၏။
များမကြာမီ လာမည်ကို အဘွားအိုကြီး၏ လင်တော်မောင်ကမျှော်လို့သာနေပါတော့"ဟု ပြန်အုပ်၏။
နောက်တစ်ရက်တွင် ဗိုလ်ပိန်ထံမှ
အုန်းပင်ပေါက် ၁၀၀၊ ကွမ်းသီးပင်ပေါက် ၁၀၀ စသဖြင့် ဦးကောင်းအိမ်သို့အရောက်
ပို့စေရာ ဆင်ကြန်မယ်က မှတ်ချက်ချသည်မှာ "တကတဲတော်၊ ဗိုလ်မင်းက
သစ်ပင်ပေးတာနှင့် အဆမတန်ဘူး။ တွေ့ကရာတွေ လျှောက်ပြီးရေးပေးလိုက်လို့ မနေ့က
နန်းတော်ဗိုလ်ရှုခံ မှာ သူ့စာဖတ်ပြီး တဟားဟား ရယ်မောနေကြသတဲ့။ ရှက်စရာကြီး။
သူတို့အချင်းချင်းသာရေးဖို့ကောင်း
ပါတယ်။ ကျွန်မကို ထည့်ရေးဖို့ မကောင်းပါဘူး။ ဗိုလ်မင်း ပေးပို့လိုက်တဲ့ သစ်ပင်ကလေးတွေ ကြည့်လို့ကောင်းကြောင်း ပြောပြလိုက်ပါ"ဟူ၏။
ပါတယ်။ ကျွန်မကို ထည့်ရေးဖို့ မကောင်းပါဘူး။ ဗိုလ်မင်း ပေးပို့လိုက်တဲ့ သစ်ပင်ကလေးတွေ ကြည့်လို့ကောင်းကြောင်း ပြောပြလိုက်ပါ"ဟူ၏။
ဝန်ကတော် နံပါတ် ၂
ဗိုလ်ပိန်ထံမှ သရော်စာသည်
ဦးကောင်း၏ဘဝကို ပြောင်းလဲစေ၏။ ထိုသို့ဖြစ်၍ မကြာမီ ဦးကောင်းသည်
အလုံသို့ပြန်ကာ ထိုမြို့သူကြီး၏ နှမ အသက် ၂၈ နှစ်အရွယ် မရွှေမယ်ကို ဝန်ကတော်
နံပါတ် ၂ အဖြစ် ကောက်ယူ သိမ်းပိုက်လေသည်။
ထိုအချိန်၌ ဦးကောင်း၏အသက်မှာ ၄၂
နှစ်၊ ဆင်ကြန်မယ်မှာ ၇၀ နှစ်၊ နောက်ဇနီး မရွှေမယ်မှာ ဦးကောင်းထက် ၁၄
နှစ်ငယ်သည်။ မယားကြီး ဆင်ကြန်မယ်ကို မယားငယ်က ပျပ်ဝပ်စွာဖြင့်ခြေဆုပ်လက်
နယ် ဝတ်ပြုရ၏။ အမှန်မှာ ထိုအချိန်၌ မင်းကြီးဦးကောင်း ကိုယ်တိုင် ဆေးပေးမီးယူ ပြုစုသူ လိုအပ်
နေပြီ ဖြစ်၏။ မင်းတုန်းမင်း ပေးစားခဲ့သူ မိခင်အရွယ်အမျိုးသမီးနှင့် ၁၀နှစ်ကျော်မျှ မလွဲမသွေ ပေါင်းသင်း
နေထိုင်ခဲ့ခြင်းမှာ သစ္စာမဏ္ဍိုင် မြဲခိုင်ကြောင်း ထင်ရှားပေသည်။ မင်းတုန်းမင်းက အပြစ်ဆိုဖွယ် မရှိပါချေ။
နယ် ဝတ်ပြုရ၏။ အမှန်မှာ ထိုအချိန်၌ မင်းကြီးဦးကောင်း ကိုယ်တိုင် ဆေးပေးမီးယူ ပြုစုသူ လိုအပ်
နေပြီ ဖြစ်၏။ မင်းတုန်းမင်း ပေးစားခဲ့သူ မိခင်အရွယ်အမျိုးသမီးနှင့် ၁၀နှစ်ကျော်မျှ မလွဲမသွေ ပေါင်းသင်း
နေထိုင်ခဲ့ခြင်းမှာ သစ္စာမဏ္ဍိုင် မြဲခိုင်ကြောင်း ထင်ရှားပေသည်။ မင်းတုန်းမင်းက အပြစ်ဆိုဖွယ် မရှိပါချေ။
ဆန်ပုစ္ဆာ
တစ်ချိန်က မင်းတုန်းမင်းက
ပုစ္ဆာတစ်ခု ထုတ်ပြန်သည်မှာ "ဆန်တစ်စေ့ကို အပြန် ၃၀ မည်သူ စားနိုင်မည်လဲ၊
စားနိုင်သူအား မြင်းတစ်ကောင်နှင့် ပုဆိုး ဆုတော်ချမည်"ဟူ၍ ဖြစ်၏။
ဦးကောင်းသည် မင်းလိုလိုက် မင်းကြိုက်ဖြစ်စေရန် စဉ်းစားဝေဖန်ခြင်းမပြုဘဲ
ရုတ်ခြည်းပင် "စားနိုင်ပါကြောင်း"
ဟု လျှောက်တင်၏။
ဟု လျှောက်တင်၏။
ဆန်တစ်စေ့၏ အပြန် ၃၀ မှာ အစေ့ပေါင်း
၁၇၃, ၇၄၁, ၈၂၃ ဖြစ်ကြောင်း တွက်ချက်ကြည့်မှ သိရ၍
ဦးကောင်းအလျှောက်မှားမှန်း သိရ၏။ ထို့ကြောင့် ဒဏ်ခတ်သည့်အနေဖြင့် ရေထမ်းကာ
ဥယျာဉ်တော်
အတွင်း သစ်ပင်များ ရေလောင်းရ၏။ ထိုဒဏ်မှ လွတ်လိုလျှင် မိမိ၏အမှားကို ရုတ်ခြည်း စာစပ် တင်ဆက်ရမည် ဆို၍ ဦးကောင်းစာဆိုပုံကား-
ပုဆိုးနှင့် မြင်းပါအတွင်း သစ်ပင်များ ရေလောင်းရ၏။ ထိုဒဏ်မှ လွတ်လိုလျှင် မိမိ၏အမှားကို ရုတ်ခြည်း စာစပ် တင်ဆက်ရမည် ဆို၍ ဦးကောင်းစာဆိုပုံကား-
ဆုတော်ခံမယ်လို့
ပြန်သုံးဆယ်ဆန်ကို စားတယ်
မှားချက်က နာ။
နောက်တစ်ခါ
ကြောက်ပါပေါ့ သက်ဆုံး
သည်တစ်ပွဲမှာဖြင့် အလွဲကံချော်လို့
ဥယျာဉ်တော်မှာ ရေလောင်းမယ်
ငယ်ရင်းဟန်ကြွယ်တဲ့
ဆင်ကြန်မယ် ဖြူပြာနွဲ့ရယ်
မင်း ကူလှည့်အုံး။ ။
မင်းတုန်းမင်းက ဦးကောင်းကို
အနိုင်ကျင့်ပုံနှင့် ဦးရန်ဝေးက မင်းတုန်းမင်းကို ခွလုပ်ပုံများကို
ဖော်ပြရာ၌ ဝန်ကြီး ၂ ပါး တစ်လှည့်စီ ပွဲထွက်စေမှ ပိုကောင်းပေလိမ့်မည်။
ထိုအကြောင်းအရာများကို
ကုန်းဘောင်မင်းဆက် ဦးမောင်မောင်တင်၏ ကင်းဝန်မင်းကြီး သမိုင်း၊ မြကေတု၏
နန်းဓလေ့နှင့် ရွှေသွေး၏ နန်းတွင်းရေး စာအုပ်များမှ ကိုးကားထားပါသည်။
ဘုရင်၏ အမိန့်ကို ဆုတ်ပစ်
ကရင်နီစော်ဘွားက မိမိ၏ပိုင်နက်ကို
မင်းတုန်းမင်းက သိမ်းပိုက်တော်မူရန် လျှောက်တင်ချက်ကို ဘုရင်က သဘောတူ၍
သိမ်းယူရန် အမိန့်တော်ကို လွှတ်တော်သို့ တင်ပို့၏။ ပခန်းမင်းကြီးက
"မင်းတို့ဘုရင် တောင်နားမလည် မြောက်နားမလည်နှင့်
ဤအမိန့်မျိုးထုတ်ရသလား"ဟုဆိုကာ အမိန့်တော်ကို ဆွဲဆုတ်ပစ်လိုက်သည်။
ရှင်ဘုရင်က စိတ်ဆိုးသဖြင့် နန်းတော်သို့ ချက်ချင်းဝင်စေဆိုရာ
"မင်းတို့ဘုရင်က အားတိုင်းခေါ်လို့ ငါ မလာနိုင်ဘူး"ဟု ပြောလွှတ်ကာ ၅ ရက်ကြာမှ
နန်းတော်သို့ ဝင်သည်။
ဘုရင် ။ ။ အဘယ်ကြောင့် ငါ့အမိန့် ဖျက်သနည်း။
ပခန်း ။ ။ ဤအရာသည်
ဘုရင့်အလုပ် မဟုတ်။ လွှတ်တော်ဝန်ကြီးများသို့ ဘုရင်က မေးသင့်သည်။
ကရင်နီနယ်ကိုသိမ်းလျှင် ယိုးဒယားနယ်စပ် ဖြစ်သွားလိမ့်မည်။
ကုလားဖြူများကလည်း ထကြွမည်။ လွှတ်တော် မတိုင်ပင်ဘဲ အရမ်းအမိန့်ထုတ်နေလျှင်
လွှတ်တော်ကို အဘယ်ကြောင့် ထားသေးသနည်း။ ဖျက်သိမ်းသင့်တော့သည်သာ။
ထိုသို့ လျှောက်တင်ပြီးနောက်
ညီလာခံမှ ဦးရန်ဝေး ဆင်းသွားသည်။ အမှန်မှာ ညီလာခံကို ဘုရင်က သိမ်းမှ
သာလျှက် မှူးကြီးမတ်ကြီးများ ထွက်ခွာခွင့် ရှိသည်။
ကရင်နီနယ်သည်
ယိုးဒယားနှင့်လည်းကောင်း၊ ကုလားဖြူများ သိမ်းပိုက်ထားသော
အောက်မြန်မာပြည်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေ၏။ ထိုနေရာ၌ ကြားနယ်မြေ
(Buffer State)အဖြစ် အင်အားကြီးသော တိုင်းပြည်များ
တိုက်ရိုက်ထိပါးမှုများကို နည်းပါးစေလေသည်။ ထိုသို့သော ကြားနေနယ်မြေများ
လိုအပ်ပုံကို ပခန်းမင်းကြီးက နားလည်ပြီးဖြစ်၍ ကရင်နီစော်ဘွားက နယ်မြေ
ဆက်သခြင်းကို ပယ်လိုက်ခြင်း ဖြစ်ပေသည်။
သပြေငါးရွာ
၁၂၁၈ ခုတွင် ဦးကောင်းသည်
ဘုရင်အမိန့်တော်အတိုင်း "တိန္တုက" ဇာတ်ကို ပျို့သဘော ရေးသားတင်ဆက်၏။
ထို့ကြောင့် ဆုလာဘ်အဖြစ် ပခန်းကြီးခရိုင်ရှိ "သပြေငါးရွာစား"ခန့်အပ်၏။
ဦးကောင်းက ထိုဆုကို လက်မခံလိုဘဲ မိမိ၏ မူလစားရာ ရွာသစ်ကြီး
(စစ်ကိုင်းနယ်)ကိုသာ ဆက်လက်စားလိုကြောင်း တင်လျှောက်၏။ ထိုအခါ
မင်းတုန်းမင်းက "သပြေငါးရွာသည် ပညာရှိတို့ကိုမှ ပေးသောရွာဖြစ်သည်။ စားလိုရာ
လျှောက်တင်ခွင့် ရှိသလော"ဟု ငေါက်ငမ်း မိန့်ဆိုသည်။ ဦးကောင်းသည်
ကြောက်အားကြီးစွာဖြင့် "ကျွန်တော်မျိုး အတင် အလျှောက် မှားပါကြောင်း "
ဝန်ခံ သံတော်ဦး တင်ရလေသည်။
မသင့်သူကို ဖမ်းပို့
၁၂၂၈ ခု၊ မြင်းခုံတိုင် အရေးတွင်
ပါဝင်သူများကို သူပုန်အဖြစ်ဖြင့် ဖမ်းဆီး၊ လွှတ်တော်သို့ ပို့အပ်ရမည်ဟု
မင်းတုန်းမင်း အမိန့်တော်ရှိရာ အဝေးမြို့ဝန်၊ မြို့သူကြီးများက သူတို့
မလိုသူများအား သူပုန်အဖြစ် ရောနှောထည့်သွင်း ပို့ကြသောကြောင့်
ထောင်နှင့်မဆံ့ ဖြစ်နေ၏။ ထို့ကြောင့် ပခန်းမင်းကြီးက "နောက်ထပ် သူပုန် ဟူ၍
မဖမ်းစေနှင့်"ဟု အမိန့် ထုတ်ဆင့်လေသည်။ ဘုရင်က အမေးတော်ရှိရာ
ပခန်းမင်းကြီးက "ဤကိစ္စတွင် ရှင်ဘုရင်တာဝန်မကင်း
ဖြစ်သည်။ သူပုန်များသည် သားတော် မြင်ကွန်းစား၏ လူများဖြစ်ရာ သားမကောင်း၍
နီးရာဓားကို ကြောက်ရပြီး လိုက်ပါရသည်။ သားသမီး မကောင်း မိဘခေါင်းဖြစ်သည်။
အဝေးမြို့ဝန်တို့သည် ဤအချက်ကောင်းကိုယူပြီး ရာထူးစည်းစိမ်တိုးတက်ရေး
မျှော်ကိုးကာ မိမိနှင့် မသင့်မတင့် သူများကို သူပုန်အဖြစ် ဆွဲထည့်နေသည်ကို
ရှင်ဘုရင် နန်းတော်ထဲနေပြီး ဘာသိလဲ"ဟုပြောပြီး နန်းတော်မှ ဆင်းသွားသည်။
ရွှေထီးဆောင်းခွင့်
၁၂၂၃ခုတွင် ဦးကောင်းကို
အလုံမြို့ဝန် ခန့်လေသည်။ "ငါ့သခင်သည် ငါ့ကို သဒ္ဓါယုံကြည်တော်မူ၍
အလုံမြို့ကြီးကို ဝန်ခန့်လေပြီ။ ရွှေထီးဆောင်းခွင့် သနားတော်မြတ်
ခံရလျှင်ကောင်းမည်"ဟု ယူဆကာ နံ့သာဖြူနန်းတော်၌ ဘုရင်စံတော်မူခိုက်
သံတော်ဦးတင်၏။ မင်းတုန်းမင်းက "ဓား၊ ထီး စသော အဆောင်အရွက်
မြို့ရွာကံကျွေးများကို မင်းဧကရာဇ်က အရည်အချင်းအလျောက်
ကြည့်ရှုပေးမြဲဖြစ်သည်။ ယခုကဲ့သို့ မှူးမတ်က အလိုရှိသည့် အရာကို တင်လျှောက်
တောင်းဆိုရသည်မဟုတ်"ဟု ပြတ်ပြတ် မိန့်တော်မူလိုက်သည်။ ဤအကြိမ်၌လည်း
ဦးကောင်းက အတင်အလျှောက် မှားကြောင်း ရှိခိုး ဝန်ခံလေသည်။
မိန်းမ အပိုမယူရ
တစ်ခါသော် ဝန်စု မှူးစုတို့သည်
သားမယား တစ်ယောက်မက အမြှောင်အပို ထားကြသည့်အတွက် ရရှိသော ရိက္ခာတော်ငွေနှင့်
မလောက်မင ရှိကြသည်ကို မင်းတုန်းမင်းကြားသိတော်မူ၍ သားမယား တစ်ယောက်ထက်
အပိုမယူ ကြရန် ဥပဒေလုပ်လိုသော ဆန္ဒဖြစ်၏။
ပခန်းမင်းကြီးနှင့်တိုင်ပင်တော်မူရာ ဝမ်းမြောက်စွာ ထောက်ခံလေသည်။ သို့သော် ဤဥပဒေကို
ဝန်ကြီး မှူးကြီးများအတွက်သာ မထားဘဲ ရှင်ဘုရင်ကိုပါ ဤဥပဒေဘောင်အတွင်း
နေတော်မူစေလျှင် များစွာသင့်လျော်မည်ထင်ကြောင်း
လျှောက်သဖြင့် မင်းတရားကြီး ဆိတ်ဆိတ်နေ၏။
လျှောက်သဖြင့် မင်းတရားကြီး ဆိတ်ဆိတ်နေ၏။
ဆွေမျိုးအတွက် ကင်းလွတ်ခွင့်
၁၂၃၈ ခုတွင် ဦးကောင်း၏ဇာတိ
မုန်တိုင်ပင်ရွာ ဆွေမျိုးသားချင်းများ သူ့ထံ အလည်လာကြ၏။ ထိုအချိန်၌
ဦးကောင်းမှာ သေနတ်ဝန်ဖြစ်လျက် သူ့ဆွေမျိုးအချို့မှာ မြို့နယ်ဆိုင်ရာ
သေနတ်စု အမှုထမ်းအဖြစ် စာရင်းဝေပုံကျ ပါဝင်ရသူများ ဖြစ်သည်။ ထိုသူတို့က
"သေနတ်အမှုထမ်းအဖြစ်မှ လွတ်ကင်းချမ်းသာစွာ နေရအောင် ကြည့်ရှုစောင်မပါ"ဟု
ပန်ကြားကြ၏။ ထိုကိစ္စကို မင်းတရားကြီးအား လျှောက်တင်သောအခါတွင် "ငါ၏
မင်္ဂလာအိမ်တော်ပါ ရိုးရင်းဖြစ်၍ သင့်အား အဂ္ဂမဟာ သေနာပတိ ဝန်ရှင်တော်နေရာ၌
ခန့်ထား သူကောင်းပြုတော်မူခဲ့သည်။ ငါ့ အမှုတော်ကို ဆတက်ထမ်းပိုး
ထမ်းရွက်ကြအောင် အားထုတ် တိုက်တွန်းသင့်ပါလျက် အမှုထမ်းနေသူများကိုပင်
အမှုမထမ်းရအောင် အမိန့်တော်ခံသည်မှာ မှားသလော၊ မှန်သလော"ဟု မေးတော်မူ၏။
ဤတွင်လည်း ဦးကောင်းသည် သူ၏ ထိပ်ထက်
မိုးကြိုးနှက်သကဲ့သို့ ကြောက်ရွံ့ခြင်း ပြင်းစွာ ဖြစ်လျက် မိမိသည်
အမှားကြီး မှားပါကြောင်း ရှိခိုး တောင်းပန်ရပြန်၏။
တခမ်းတနား ဝန်ကတော်
တစ်နေ့သော် ပခန်းမင်းကြီးသည်
လောကမာရဇိန် ကျောက်တော်ကြီးဘုရားပွဲသို့ သွားရာတွင် လမ်းခရီး၌
အတွင်းဝန်ကတော်တစ်ယောက်သည် လှည်းယဉ် ခြောက်စထောင်ကို စီးနင်းလိုက်ပါလျက်
ရွှေထီးဆောင်းကာ အဆောင်ကိုင်များ ဝန်းရံ၍ တခမ်းတနား သွားလာနေသည်ကို မြင်ရလေသည်။ ထို့ကြောင့် ဦးရန်ဝေးက မိမိ၏လှည်းသမားအား ထိုဝန်ကတော်ကို ကြိမ်လုံးဖြင့် ဆင်း၍ရိုက်ခိုင်းလိုက်ရာ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။ ဝန်ကတော်လည်း အရှက်ရပြီး နေအိမ်သို့ ပြန်သွား၏။ ရှင်ဘုရင်ထံသို့ ထိုသတင်းပေါက်ကြားပြီး ထိုည ညီလာခံတွင် ပခန်းမင်းကြီးအား "အဘယ်ကြောင့် ဤသို့ဆုံးမရကြောင်း"မေးတော်မူရာ မင်းကြီးက "ဤဝန်ကတော်အား ဆင်းရဲသားများက မြင်လျှင် သူ့လင်သည် တံစိုးလက်ဆောက် ရ၍ ဤသို့ ခမ်းနားကြီးကျယ်စွာ သွားလာနိုင်သည်ဟု ထင်မြင်ကြလိမ့်မည်။ သူ့လင်ကို ချီးမြှောက်သော ရိက္ခာထက် အဆမတန်အောင် စိတ်ကြီး ဝင်ကာ သွားလာနေသဖြင့် ရိုက်ရပါကြောင်း" တင်လျှောက်လေသည်။
ရွှေထီးဆောင်းကာ အဆောင်ကိုင်များ ဝန်းရံ၍ တခမ်းတနား သွားလာနေသည်ကို မြင်ရလေသည်။ ထို့ကြောင့် ဦးရန်ဝေးက မိမိ၏လှည်းသမားအား ထိုဝန်ကတော်ကို ကြိမ်လုံးဖြင့် ဆင်း၍ရိုက်ခိုင်းလိုက်ရာ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။ ဝန်ကတော်လည်း အရှက်ရပြီး နေအိမ်သို့ ပြန်သွား၏။ ရှင်ဘုရင်ထံသို့ ထိုသတင်းပေါက်ကြားပြီး ထိုည ညီလာခံတွင် ပခန်းမင်းကြီးအား "အဘယ်ကြောင့် ဤသို့ဆုံးမရကြောင်း"မေးတော်မူရာ မင်းကြီးက "ဤဝန်ကတော်အား ဆင်းရဲသားများက မြင်လျှင် သူ့လင်သည် တံစိုးလက်ဆောက် ရ၍ ဤသို့ ခမ်းနားကြီးကျယ်စွာ သွားလာနိုင်သည်ဟု ထင်မြင်ကြလိမ့်မည်။ သူ့လင်ကို ချီးမြှောက်သော ရိက္ခာထက် အဆမတန်အောင် စိတ်ကြီး ဝင်ကာ သွားလာနေသဖြင့် ရိုက်ရပါကြောင်း" တင်လျှောက်လေသည်။
မိုးကုတ်စာချုပ်
၁၂၃၆ ခုနှစ်တွင် ဦးကောင်းသည်
မြန်မာသံအဖွဲ့ခေါင်းဆောင်ကာ ဥရောပတိုက်လှည့်လည် ရာမှ ပြန်ရောက်လာ၏။ ညီလာခံ၌
ရှင်ဘုရင်အား လျှောက်တင်ရာဝယ် ဗြိတိသျှကျွန်း၌ စက်မှုလုပ်ငန်း တိုးတက်ပုံ၊
စစ်သည်တော်များ လက်နက်ခေတ်မီပုံ၊ ဘုရင်မကြီးက မိုးကုတ်ကျောက်တွင်း
အရောင်းအဝယ်
ပြုလုပ်လို၍ အာမခံစာချုပ် ပြုခဲ့ပုံများ ပါရှိလေသည်။ မိုးကုတ်အကြောင်းကို ကြားရချိန်၌ ရှင်ဘုရင်၏ မျက်နှာတော် ရုတ်ခြည်း ညှိုးသွားသည်။
"မိုက်လှချည်လား ငကောင်းရဲ့၊ မောင်မင်းတို့ မိုးကုတ်ကျောက်တွင်း ရောင်းဝယ်နိုင်ခွင့် အာဏာ ငါက အပ်နှင်းတော်မူလိုက်သလား"ပြုလုပ်လို၍ အာမခံစာချုပ် ပြုခဲ့ပုံများ ပါရှိလေသည်။ မိုးကုတ်အကြောင်းကို ကြားရချိန်၌ ရှင်ဘုရင်၏ မျက်နှာတော် ရုတ်ခြည်း ညှိုးသွားသည်။
ဘုရင်၏ မိန့်မြွက်သံကို ဦးကောင်းမှာ တစ်စုံတစ်ရာ ပြန်လည် သံတော်ဦးတင်ရန် မဝံ့တော့ဘဲ
ခေါင်းငိုက်စိုက် ငြိမ်ကျသွားလေတော့သည်။
ခေါင်းငိုက်စိုက် ငြိမ်ကျသွားလေတော့သည်။
ညီလာခံ ရုပ်သိမ်း၍
မင်းတုန်းမင်းတရားကြီး အတွင်းတော်သို့ ရောက်လျှင် မိဖုရားကြီးငယ်တို့ ခေါ်ယူ
စုဝေးတော်မူကာ "မမတို့ သည်တစ်ခါဖြင့် ဈေးတောင်းခေါင်းရွက်၊ ရက်ကန်းရက်၊
ပဲပြုတ်ရောင်း အသက်
မွေးဖို့ပဲ စိတ်ကူးကြတော့။ မင်းကြီးငကောင်းက မိုးကုတ်ကျောက်တွင်းကို မဆင်မခြင် သူ့သဘောအတိုင်း အင်္ဂလိပ်ဘုရင်မထံ ရောင်းခဲ့ပြီ၊ စာချုပ်ခဲ့ပြီ။ ပြည်ပိုင်မင်း အချင်းချင်း လောဘ ဒေါသ နောက်ကို လိုက်မိကြ ရင် စစ်ဖြစ်ဖို့ပဲ ရှိတော့တယ်"ဟု မိန့်ကြား၏။
မွေးဖို့ပဲ စိတ်ကူးကြတော့။ မင်းကြီးငကောင်းက မိုးကုတ်ကျောက်တွင်းကို မဆင်မခြင် သူ့သဘောအတိုင်း အင်္ဂလိပ်ဘုရင်မထံ ရောင်းခဲ့ပြီ၊ စာချုပ်ခဲ့ပြီ။ ပြည်ပိုင်မင်း အချင်းချင်း လောဘ ဒေါသ နောက်ကို လိုက်မိကြ ရင် စစ်ဖြစ်ဖို့ပဲ ရှိတော့တယ်"ဟု မိန့်ကြား၏။
မိဖုရားအများ မတုန်မလှုပ် ကြားနေကာ ငိုင်နေကြ၏။ စကြာဒေဝီ မိဖုရားခေါင်ကြီးသာလျှင် ဣနြေ္ဒမပျက် ပြန်လည်တင်လျှောက်ဖော် ရ၏။
"ပူတော် မမူပါနှင့် မောင်တော်ဘုရား၊
ရောင်းတဲ့လူက သူ့ဥာဏ်နှင့် ရောင်းခဲ့ရင် အရောင်းအဝယ် ပျက်အောင်
နည်းပရိယာယ်နှင့် ဖျက်တာပေါ့ မောင်တော်""အနို့.... ဘယ်လိုစီမံရင် ကောင်းမည်လဲ"
"သားတော် ငဘိုးလှိုက် ရှိသားကဘဲ၊ သူ့ကို ခေါ်ယူ တိုင်ပင်ပါ ဘုရား"
ဤတွင်မှ ဦးခေါင်းမီးလောက်နေသော
ရှင်ဘုရင်ကြီးမှာ ရာထူးကျ၍ အမရပူရတွင် အကျယ်ချုပ်နှင့်နေသော ယောအတွင်းဝန်
ဦးဘိုးလှိုင်ကို သတိရကာ အမြန်ခေါ်စေ၏။ ဦးဘိုးလှိုက်က "ဤကိစ္စအတွက်
စိုးရိမ်ကြောင့်ကြတော် မမူပါနှင့် ဘုရား။ ကျွန်တော်မျိုး တာယန်ယူ
ဖြေရှင်းပါမည်။ ငမောက်ကျောက်အပါအဝင် နန်းစဉ် ရတနာကျောက် ၃ လုံးကိုသာ
အဝယ်တော်များနှင့် အရေးဆိုရာ၌ အသုံးပြု ပါရစေ ဘုရား"ဟု တင်လျှောက်၏။
မင်းတုန်းမင်းက ဦးဘိုးလှိုင်ကို အာဏာကုန် လွှဲအပ်လေသည်။
အချုပ်ကို ဆိုသော် အင်္ဂလိပ်
ကိုယ်စားလှယ်များ ရောက်ရှိလာချိန်၌ ဦးဘိုးလှိုင်က "စာချုပ်အတိုင်း ကတိမပျက်
မိုးကုတ်ကျောက်တွင်းကို ရောင်းချမည်ဖြစ်ကြောင်း၊ တန်ဖိုးကို
ဆုံးဖြတ်နိုင်ရန် ထိုတွင်းထွက်များကို ဦးစွာ
ဈေးဖြတ်ရန်လိုအပ်ကြောင်း"ပြောကြားရာ တရုတ်ရာပြတ်ကို သက်သေအဖြစ် ထားရှိလျက်
အငယ်ဆုံး နန်းစဉ်ကျောက်ကို စတင်ပြသည်။ ဂွမ်းတစ်ပိဿာ အလယ်ရှိကျောက်သည်
ဂွမ်းပုံကို ဖောက်ထွင်းကာ အရောင် တဝင်းဝင်းနှင့် မျက်တောက်ခတ်နေသယောင်
ရှိ၏။
လှိုင် ။ ။ ဒီပတ္တမြား ဘယ်လောက်တန်သလဲ။ရာပြတ် ။ ။ တစ်တိုင်းပြည်တန် ကျောက်ဖြစ်ပါသည်။
ကျောက်များကို ဆက်လက်ပြသရာတွင်
ဒုတိယပတ္တမြားမှာ ၃ ပြည်ထောင် တန်ဖိုးရှိကြောင်း၊ တတိယ ငမောက်ကျောက်မှာ ၇
ပြည်ထောင် တန်ကြောင်း ရာပြတ်က သတ်မှတ်လေသည်။ ငမောက်ကျောက်ကို ဂွမ်း ၇
ပိဿာဖုံးထားသော်လည်း နန်းတော်တစ်ဆောင်လုံး ထိန်ထိန်လင်းနေသည်။ အင်္ဂလိပ်များက
တန်ဖိုးများလှ၍ ဘုရင်မကြီးနှင့် တိုင်ပင်ပါရစေ ဆို၏။
ဦးဘိုးလှိုင်က စာချုပ်ကို
အင်္ဂလိပ်များလက်မှ တောင်းယူ ကြည့်ရှုပြီးနောက် "ဒီ စာချုပ်သက်တမ်းဟာ
ယနေ့ကုန်ဆုံးသွားပြီ။ အဝယ်တော် မပြီးပြတ်မှုကြောင့်လည်း အင်္ဂလိပ် ဘုရင်မကြီး
ဂုဏ်သိက္ခာ ကျစေပါတယ်"ဟု ဆိုပြီး အများရှေ့၌ပင် ထိုစာချုပ်ကို
ဆုတ်ပစ်လိုက်သည်။
သို့လျှင် ဦးကောင်း၏ အမှားတော်ပုံကို ဦးဘိုးလှိုင်က အဖတ်ဆယ်ခဲ့ပေသည်။
လွယ်အိတ်မှ
No comments: