ကိုယ့်ဖက်ကနေ မှန်နေခဲ့ရင်ငြင်းဆိုပြီးအမှန်ကိုပြောနိုင်စွမ်းရှိရမယ်


ဆေးရုံတစ်ခုမှာပေါ့ ။ ဓါတ်မှန်နဲ့ပတ်သတ်တဲ့သင်ခန်းစာကိုပို့ချပြီးနောက် ပရော်ဖက်ဆာက စာမေးပွဲစစ်ဖို့ ဆုံးဖြတ် လိုက်တယ် ။

ဓါတ်မှန်ငါးချပ် ချထားတယ် ။ ပထမဆုံးဓါတ်မှန်လေးချပ်က မူမမှန်တဲ့အဖြေတွေ ရှိနေပြီး နောက်ဆုံး တစ်ချပ် ကတော့ ပုံမှန် ဘာရောဂါမှမရှိတဲ့ဓါတ်မှန်ဖြစ်တယ် ။ ပရော်ဖက်ဆာက ကျောင်းသားတွေဆီကို သူ့ လက်ထောက် ကနေတဆင့် သတင်းအတုလွှင့်ခိုင်းလိုက်တယ် ။ နောက်ဆုံးဓါတ်မှန်က မွေးရာပါနှလုံးရောဂါ (TOF ) ရှိ သူရဲ့ဓါတ်မှန်ဖြစ်တယ်လို့ပေါ့ ။

ပထမဓါတ်မှန်လေးချပ်ဟာ အရမ်းကိုရှုပ်ထွေးပြီးကျောင်းသားတွေက ခေါင်းတွေရှုပ်ထွေးသွားကြတယ် ။ ပြီးတော့ မတူညီ တဲ့ရောဂါအမည်တွေတပ်ကြပြီးဖြေရှင်းချက်တွေပေးကြတယ် ။

နောက်ဆုံးဓါတ်မှန်ကိုတော့ ကျောင်းသားအားလုံးလိုလိုက မွေးရာပါနှလုံးရောဂါ (TOF ) လို့ ယုံကြည် စွာဖြေဆိုခဲ့ကြတယ် ။

ဒါပေမယ့်ကျောင်းသားတစ်ယောက်ကတော့ နောက်ဆုံးဓါတ်မှန်ကိုကြည့်ပြီးတဲ့အခါ ပုံမှန်ဓါတ်မှန်တစ်ချပ်ပါပဲ ဘာရောဂါမှ မရှိဘူးလို့ဖြေခဲ့တယ် ။ အဲဒီကျောင်းသားကို အတော်ဆုံးကျောင်းသားအဖြစ် ပရော်ဖက် ဆာကရွှေး ချယ်ခဲ့တယ် ။

@@@@@@@@@@@@@@@@@@@@@@@@@@@@

၁ ။ ကောလဟာလကိုမယုံပါနဲ့
၂ ။ မူမမှန်တဲ့အဖြေတွေကို မဖြတ်သန်းခင် ပုံမှန်ဖြစ်တဲ့အဖြေကိုရအောင်ရှာပါ
၃ ။ စာမေးပွဲဆိုတဲ့အခြေအနေအတွင်းမှာ ပုံမှန်တွေးခေါ်စိတ် (Commonsense ) ကိုမပျောက်သွားစေနဲ့

လူဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရမယ် ။ ဘယ်လောက်ကြီးပဲ ဒီအကြောင်းအရာတစ်ခုဟာ ဒါကြောင့်ဖြစ် တယ် လို့ သတင်းကြီးနေပေမယ့် ကိုယ့်ဖက်ကနေ မှန်နေခဲ့ရင်ငြင်းဆိုပြီး အမှန်ကိုပြောနိုင် စွမ်းရှိရမယ် ။ အများယောင်လို့လိုက်မယောင်မိစေနဲ့ ။ အနည်းဆုံးတော့ကိုယ်ဟာ Abnormal ကို မရှာနိုင်တာတောင်မှ Normal ကိုတော့ရှာနိုင်တာပဲမဟုတ်လား ။

သက်တန့်ချို

No comments:

Powered by Blogger.