ကြယ်သီး ပြုတ်ပြုတ်ထွက်တတ်တာကို ဖြေရှင်းဖို့
ကြယ်သီးတွေ ပြုတ်ထွက်တဲ့ကိစ္စကြုံဖူးပါသလား။ကြုံဖူးသူတိုင်းတော့ သိပါလိမ့်မယ်။
.
ချုပ်ထားတဲ့ အပ်ချည်လေးတွေက ဖွာလန်ကြဲလာလို့ဖြစ်စေ၊ ပွန်းပဲ့ပြီးဆွေးသွားလို့ပဲဖြစ်စေ ကြယ်သီးလေးတွေပြုတ်ထွက်တတ်ပါတယ်။
.
လုံခြုံမှုပေးတဲ့ အဓိက နေရာကြယ်သီးက လူလည်ကောင်ထဲပြုတ်ရင်တော့ စိတ်ညစ်စရာပေါ့။
နောက်ပြီး အင်္ကျီအဆင်နဲ့လိုက်ဖက်တဲ့ ကြယ်သီးက ပြုတ်ထွက်ပြီး ဘယ်နားကျသွားမှန်းမသိရင်လည်း အစားထိုးစရာ ကြယ်သီးရှာဝယ်ရဦးမှာမို့ စိတ်ညစ်စရာပါပဲ။
.
ဒါကြောင့် စိတ်ညစ်စရာကို လျှော့ချပြီး စိတ်ချပျော်ရွှင်နေရမှုလေးတွေကို တိုးမြှုင့်ရအောင်။ နည်းလမ်းလေးကတော့ အိမ်မှာ လက်သည်းနီ အကြည်ရောင် ရှိရင် အဆင်ပြေပါတယ်။
.
ကြယ်သီးတွေ လွယ်လွယ်နဲ့ ပြုတ်ထွက်မသွားအောင် လက်သည်း အရောင်တင်ဆေး (လက်သည်းနီအကြည်)လေးကို ကြယ်သီးချုပ်ထားတဲ့ အပ်ချည်လေးတွေမှာ ပုံပါအတိုင်း သုတ်ပေးထားလိုက်ပါ။
ဒါဆိုရင် အလည်က အပ်ချည်လေးတွေ ပွန်းပဲ့ဆွေးမြေ့ခြင်းကကာကွယ်ပြီး ကြယ်သီးလွယ်လွယ်နဲ့ မပြုတ်ထွက်တော့ဘူးပေါ့။
သိသူဖော်စား အသုံးဝင်အချက်များမှ
#သုတဇုန်
fb.com/thutazone
www.thutazone.com
No comments: