မလေးရှားမှာ အလစ်သုတ်သမားတစ်ယောက်ကို သနားတာကြောင့် အလုပ်ကမ်းလှမ်းခံရ


မလေးရှား မြို့ငယ်လေးတစ်ခုက ကုန်တိုက်ကြီးတစ်ခုမှာ ကလေး ၃ ယောက်ဖခင်တစ်ယောက် အလစ်သုတ်နေစဉ် အမိခံလိုက်ရတဲ့အချိန်မှာတော့ သူအနေနဲ့ ရဲလက်ထဲ လွဲပြောင်းခံရမယ်လို့
မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစား သူ့ကို ကုန်တိုက်က တာဝန်ရှိသူတွေက အလုပ်တစ်ခု ကမ်းလှမ်းခဲ့ပါတယ်။

အမည်မဖော်ထုတ်ရန် တောင်းဆိုနေတဲ့ ၃၁ နှစ်အရွယ် ယင်းအမျိုးသားက မြို့တော်ကွာလာ လမ်ပူ
မြောက်ပိုင်း၃၄၀ ကီလိုမီတာခန့်ကွာဝေးတဲ့ Bukit Mertajam က Tesco ဆိုင်တစ်ခုမှ ၇ ဒေါ်လာတန် အစားအစာ ခိုးယူဖို့ ကြိုးပမ်းပြီးနောက် ဒုတိယအကြိမ် အခွင့်အရေးတစ်ခုတွက် ကျေးဇူးတင်ကြောင်း
ဒေသသတင်းဌာန The Star သို့ ပြောပြခဲ့ပါတယ်။

သူ့ဇနီး ကလေးမီးဖွားစဉ် coma ဖြစ်ပြီးနောက် မကြာမီ အလုပ်ထွက်ရလို့ မသက်သာတဲ့အဆုံး ဒီလိုပြုလုပ်ရခြင်းဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။

ဒီလူရဲ့အခြေအနေကို တကယ် ကိုယ်ချင်းစာမိတယ်လို့ သူခိုးအား စစ်ဆေးမေးမြန်းခဲ့တဲ့ စတိုးဆိုင် မန်နေဂျာ Radzuan Ma'asan က ပြောဆိုခဲ့ပါတယ်။ သူဟာ ပုံမှန်ခိုးတဲ့ သူခိုးတစ်ယောက် မဟုတ်ဘူး။ သူ့ကို စစ်မေးတဲ့အခါ သူ့ရဲ့သား ဗိုက်ဆာလို့ သစ်သီးနဲ့ အချိုရည်တွေ ခိုးခဲ့တယ်လို့ ဆိုကာ ချက်ချင်း ဝန်ခံခဲ့ပါတယ်။

မန်နေဂျာအနေနဲ့ အဲဒီအမျိုးသားကို ၂နှစ် ကနေ ၇ နှစ်အရွယ်ရှိ သူ့ကလေး ၃ ယောက်ကို ပြုစုစောင့်ရှောက်
ဖို့ ငွေကြေးတချို့လည်း ပေးလှူခဲ့ပါတယ်။

အခုချိန်မှာတော့ ကျွန်ုပ်တို့ဦးစားပေးဆောင်ရွက်ရမှာက သူ့ ၇ နှစ်အရွယ်သားလေးကို ကျောင်းတစ်ခုခုမှာ စာရင်းသွင်းဖို့ ဖြစ်ကြောင်း Radzuan က ပြောပါတယ်။

Trend MYanmar(trend.com.mm)

No comments:

Powered by Blogger.