အံသြထိတ်လန့်ဖွယ် မျိုးစိတ်သစ်များ

 ၁။ ရိုဒါလင်းနို့ (Yoda Bat)

၂၀၁၀ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ အတုံးပုံစံနှာခေါင်းနဲ့ လင်းနို့တစ်မျိုးပါ။ အ၀ါရောင် နားရွက် ၊ နှာခေါင်း နဲ့ မျက်စိတို့ကြောင့် သူ့ရဲ့ပုံစံမှာ အလွန်ထိတ်လန့်ဖို့ကောင်းပါတယ်။ နယူးဂီနီက Papua ဒေသမှာ တွေ့ရလေ့ရှိပါတယ်။

၂။ Lesula

ကွန်ဂို နိုင်ငံရဲ့ တောနက်ထဲမှာတွေ့ရှိရတဲ့ မျောက်မျိုးစိတ်သစ် တစ်မျိုးပဲ ဖြစ်ပါတယ်။

၃။ Mr. Blobby

၂၀၀၃ ခုနှစ်က နယူးဇီလန်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အတလန္တိတ် ၊ အင်ဒီးယန်း ၊ ပစိဖိသမုဒ္ဒရာ
 ရေအနက် ပေ ၃၀၀ ကနေ ၉၂၀၀ အတွင်းမှာ နေထိုင်ကျက်စားလေ့ရှိပါတယ်။

၎။ Penis Snake

ယောက်ျားလိအင်္ဂါနဲ့ တူတဲ့မွေပါ။ အမေဇုံသစ်တောထဲက ရေကာတာတစ်ခုကို တည်ဆောက်နေတဲ့ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့က စတင်တွေ့ရှိခဲ့တာပါ။ ဘရာဇီးနိုင်ငံ Madeira River မြစ်အောက်ခြေကနေ ဒီလိုအကောင်မျိုး ၆ ကောင်တွေ့ရှိခဲ့ရပါတယ်။

၅။ Pinocchio Frog

ပုံမှန်ဖားတွေနဲ့ နှာခေါင်းပုံစံကွဲနေတဲ့ ဒီဖားကို အင်ဒိုနီးရှားနိုင်ငံ ဖိုဂျာတောင်တစ်ဝိုက်မှာ တွေ့ရှိခဲ့ပါတယ်။

၆။ Chinchilla tree rat

ဒီကြွက်အမျိုးအစားကိုတော့ ၁၉၉၇ ခုနှစ်တုန်းက ပီရူးနိုင်ငံ Vilcabamba တောင် အနီိးက တွေ့ခဲ့ရ တာပဲဖြစ်ပါတယ်။

၇။ Leaf-Nosed Bat

သစ်ရွက်ပုံစံနှာခေါင်းရှိတဲ့ ဒီလင်းနို့တွေကိုတော့ ၂၀၀၈ခုနှစ်တုန်းက ဗီယက်နမ်နိုင်ငံ Chu Mom Ray အမျိုးသားဥယျာဉ်ထဲမှာ တွေ့ရှိခဲ့ပါတယ်။


၈။ Cyclops Shark

ငါးမန်းတွေထဲက အရှားပါးဆုံးမျိုးစိတ်လို့ ခေါ်နိုင်ပါတယ်။ ၂၀၁၁ တုန်းက မက္ကဆီကို မှာစတင်တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ အရှည် ၂၂ လက်မရှည်လျားပြီး အထူးဆန်းဆုံးကတော့ ကြီးမားတဲ့ မျက်လုံးကြီး တစ်လုံးဟာ နှဖူးတည့်တည့်မှာ ရှိနေခြင်းပါ။


၉။ Sea-Angel
ပင်လယ်နတ်သမီးလို့ခေါ်ဝေါ်တဲ့ အမည်မသိအကောင်တစ်ကောင်ရဲ့ပုံရိပ်ကို ၂၀၀၅ ခုနှစ်တုန်းက အာတိတ်သမုဒ္ဒရာအောက် အနက် ၁၁၄၈ပေခန့်က အမှတ်မထင် ရိုက်ကူးမိခဲ့ပါတယ်။ ဒါဟာ အခွံမပါတဲ့ ခရုတစ်ကောင်သာဖြစ်တယ်လို့ ၂၀၀၉  ခုနှစ်မှာ သိပ္ပံပညာရှင်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


၁၀။ Pink Nillipede

ဒီပန်းရောင် နားသန်ကောင်ဟာ လူကိုသေစေတဲ့အထိ အလွန်အဆိပ်ပြင်းပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက မဲခေါင်မြစ်အနီးအနားမှာ စတင်တွေ့ရှိခဲ့ပါတယ်။

Gunnison Sage-Grouse

အလွန်ထူးဆန်းတဲ့ ပုံစံနဲ့ ခါငှက်တစ်မျိုးပါ။ ကော်လိုရာဒိုက ကန့်သတ်နယ်မြေထဲမှာ တွေ့ရှိခဲ့ရ တာဖြစ်ပြီး မြောက်အမေရိကမှာရှိတဲ့ Greater Sage-Grouse ရဲ့ မျိုးကွဲတစ်မျိုးလို့ ဆိုပါတယ်။

#သုတဇုန်
www.thutazone.com

No comments:

Powered by Blogger.