gym ဆော့တဲ့ ၇၃ နှစ်အရွယ်အဖွားအို



သူမရဲ့နာမည်က Janice Lorraine ပါ။ အသက် ၇၃ နှစ်အထိ gym ဆော့မပျက်တာကြောင့် သြစတြေးလျရဲ့ အသက်အကြီးဆုံး Gym ဆော့သူအမျိုးသမီးအဖြစ် စာရင်းဝင်ပါတယ်။ သူမဟာ အရင်တုန်း ကတော့ စိတ်ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အသက် ၅၅ နှစ်မှာ အလုပ်က အနားယူခဲ့ပြီးနောက် ယခုအချိန်ထိ Gym ကိုဆော့နေခဲ့ တာပဲ ဖြစ်ပါတယ်။



သူမဟာ Gym ကို တစ်ပတ်မှာ ၃ရက် ၊ ၁ရက်မှာ ၃နာရီစီ ဆော့တဲ့အပြင် ကျန်တဲ့နေတွေမှာလည်း တစ်ရက်ကို ၈ ကီလိုမီတာခန့်လမ်းလျှောက် ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ရော ရုပ်ကိုပါ
နုပျိုစေတယ်လို့ သူမက ဆိုပါတယ်။

သူမရဲ့ ချစ်သူကတော့ သူမထက် အသက် ၂၄ နှစ်နီးပါးငယ်ပါတယ်။ အသက်ကွာပေမယ့် သူမတို့ အချစ်ရေးဟာ အရမ်းအဆင်ပြေပြီး အခုဆိုရင် ချစ်သူသက်တမ်း ၂၅ နှစ်ကျော်နေပြီဖြစ်ပါတယ်။

No comments:

Powered by Blogger.