သစ္စာရှင်လေး Hachiko


တိရစ္ဆာန်အားလုံးထဲတွင် ခွေးကိုသစ္စာအရှိဆုံးသတ္တဝါဟု လူသား အားလုံးသတ်မှတ်ကြပါသည်။ သခင်အပေါ်သစ္စာစောင့်သိမှု၊သခင် အပေါ် အလိုက်သိမှုနှင့် ခြံဝင်းလုံခြုံမှုတို့ကြောင့် အချစ်တော် အိမ်မွေးတိရာစ္ဆာန်အဖြစ် ရပ်တည်ရှိနေခြင်းဖြစ်သည်။ခွေးများသည် သခင်၏ ဥစ္စာစည်းစိမ်လုံခြုံမှု
အတွက် မိမိအသက်ကိုပင် ပဓာနမထား ဘဲ စောင့်ရှောက်တက်ကြသည်။ တစ်ခါတစ်ရံတွင် လူသားတွေမှာတောင်တွေ့ရခဲသော သစ္စာစောင့်သိမှုကို ခွေးတွင် ကရုဏာသက်စွာ တွေ့ရတတ်
သည်။ ခွေးတို့ဘဝတွင် မိမိကို အစားကျွေးထားသော သခင်ကို သံယောဇဉ်ကြီးစွာ သခင်မည်သည့်
နေရာကိုပဲသွားသွားဇွဲကြီးစွာ တကောက်ကောက် လိုက်လာတက်ကြသည်။ သခင်၏ အိမ်ပြန်လာချိန်
ကို သစ္စာရှိစွာ ခေါင်းတမော့မော့ စောင့်ကြိုတက်ကြသည်။



ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပါမောက္ခဆရာကြီး ဟီဒက်စာဘူရို ယူနို (Hidesaburo Ueno) သည် ချစ်စဖွယ်ကောင်းသော အာကီတာ (Akita) ခွေးအမျိုးအစား ဟာချီကို (Hachiko) လေးကို
ကျွေးမွေးပြုစုထား ခဲ့ပါသည်။ အိမ်မွေးတိရာစ္ဆာန်ခင်မင်လှသော ဟီဒက်စာဘူရို ယူနိုသည် ချစ်စရာ ဟာချီကိုခွေးလေးဖြင့် အားလပ်ရက်များတွင် ကစားဆော့ ကစားပြီး အချိန်ကိုကုန် လွန်စေခဲ့ပါသည်။ ဟီဒက်စာဘူရို ယူနိုသည် တိုကျိုတက္ကသိုလ် (ယခု Tokyo Imperial University) မှ ပါမောက္ခ တစ်ဦး
ဖြစ်ရာ ဟာချီကိုသည် သခင်ပြန်လာချိန်ကို ရှိဘူရာ ဘူတာ (Shibuya Station) တွင် ညနေတိုင်း
နေ့စဉ်စောင့်မျှော်လေ့ရှိပါသည်။


၁၉၂၅ခုနှစ် မေလတွင် သခင်သည် ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက်သေဆုံးခဲ့ပါသည်။ ခွေးလေး ဟာချီကိုသည် သခင်၏ အလုပ်ပြန်ချိန်တွင် သခင်ပြန်လာနိုးနိုးဖြင့် ရှိဘူရာဘူတာတွင်ခေါင်းတမော့မော့
ဖြင့်စောင့်ဆိုင်းနေပါသည်။ မရဏခရီးကို အပြီးသွားပြီဖြစ်သော သခင်ကို ခွေးလိမ္မာလေး ဟာချီကိုသည်
နေ့စဉ်မပြတ် ဘူတာရုံတွင် အလုပ်ပြန်ချိန်ကို ညနေတိုင်း တမျှော်မျှော်စောင့်မျှော်နေရှာသည်။ အဖြစ်မှန်ကို သိကြသော ဘူတာမှခရီးသွားတို့သည် ဟာချီကိုလေးကို ကရုဏာသက်ကြကုန်၍ အစာရေစာများ
ကျွေးမွေးကြကုန်သည်။ နေ့စဉ်မပြတ် ၁ဝနှစ်တိုင်တိုင် သခင်ပြန်လာချိန်ကို စောင့်မျှော်ရင်း ၁၉၃၅ခုနှစ် မတ်လ(၈)ရက်နေ့တွင် သနားစရာခွေးလေး ဟာချီကိုသည် ရှိဘူရာလမ်းပေါ်မှာတွင် ဆုံးပါးခဲ့ပါသည်။


၁၉၃၄ ဧပြီတွင် ဟာချီကို၏သစ္စာစောင့်သိမှုကို ဂုဏ်ပြုသောအားဖြင့် ဟာချီကို၏သခင်ကို
စောင့်မျှော်နေဟန်ကြေးရုပ်ထုကို ရှိဘူရာဘူတာတွင် ထုလုပ်စေခဲ့ပါသည်။သင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိဘူရာရပ်ကွက်ကို ရောက်ရှိမည်ဆိုလျင် ဟာချီကိုကြေးရုပ်ထုကို ရှိဘူရာဘူတာတွင် ယနေ့တိုင်
တွေ့မြင်နိုင်ပါသည်။ ဂျပန်တက္ကသိုလ်စိုက်ပျိုးရေးဋ္ဌာနသည် ဟာချီကို သေဆုံးသည့် နှစ် (၈ဝ) ပြည့် အထိမ်းအမှတ်နှင့် နှစ် ၂ဝတာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခဆရာကြီး ဟီဒက်စာဘူရို ယူနို သေဆုံး သည့်နှစ် (၉ဝ) အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ၂ဝ၁၅ခုနှစ်တွင် သခင်နှင့်ခွေးကြေးရုပ်ထု ကို
ပြန်လည်ဆုံစည်းလိုသောဆန္ဒဖြင့် ဂျပန်တက္ကသိုလ်ကျောင်းဝင်းထဲတွင် စိုက်ထူထားခဲ့ပါသည်။

Credit: Myanmar Knowledge Bank မှတစ်ဆင့်

#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:

Powered by Blogger.