မျိုးတုန်းလုနီးပါး ခြိမ်းခြောက်ခံနေရတဲ့ တွန်သံသာ ယောက်ဖခွေးခေါ်ငှက်


"ယောက်ဖခွေးခေါ်" သည် ဥဩငှက်မျိုး ဖြစ်ပါတယ်။ ယောက်ဖခွေးခေါ် ဟု အော်သော အသံကို အစွဲပြု၍ ယောက်ဖခွေးခေါ် ဟု ခေါ်ကြခြင်းဖြစ်ပါတယ်။ သတ္တဗေဒအလိုအားဖြင့် ကျူကျူလီဒီ Cuculidae မျိုးရင်းမှာ ပါဝင်တာပါ။

အဲ့ဒီငှက်ဟာ ကိုယ်အလျား ၁၃ လက်မရှိပါတယ်။ ထပ်ကာ ထပ်ကာ အော်တတ်သော်လည်း အော်သံမှာ သာယာလှပါတယ်။


သူ့ရဲ့အော်သံကို ဇန်နဝါရီလကုန်မှ ဇွန်လအထိ ကြားကြရပါတယ်။ အဲ့ဒီငှက်ရဲ့ နေထိုင်မှု အလေ့အကျင့်
တွေဟာ အခြားမျိုးတူငှက်များ နှင့် အတူတူပါပဲ။ အဲ့ဒီငှက်ရဲ့ အော်သံကို ဆောင်းရာသီ ကုန်ချိန်နှင့်
နွေဦးပေါက်အချိန်မျိုးတွေမှာ သစ်တော၊ တောင်ခြေနှင့် တောင်ပေါ်များတွင် မကြာခဏ ကြားကြရတတ် ပါတယ်။     တောထဲ၌သာ ကျက်စားသော ငှက်မျိုး ဖြစ်တဲ့အတွက် လွင်တီးခေါင်ပြင်တို့မှာတွေ့ရခဲ လှပါတယ်။


သူတို့ရဲ့ ဥဟာ အပြာနုရောင်ဖြစ်ပြီး အပြာနုရောင်ဥများ ဥတတ်သော အခြားငှက်များရဲ့ အသိုက်များထဲမှာ လည်း ဥဥထား တတ်ကြပါတယ်။ ယောက်ဖခွေးခေါ် ငှက်များကို အရှေ့တိုင်း ဒေသများတွင် အနှံ့အပြား
တွေ့ရှိရပြီးလျှင် မြန်မာနိုင်ငံ သစ်တောများထဲ၌လည်း တွေ့ကြရတတ်ပါတယ်။  သူတို့ကို မြေနိမ့်နေရာများ မှာထက် တောင်ပေါ်များတွင် ပို၍တွေ့ကြရလေ့ရှိပါတယ်။

ယခုအခါ ယောက်ဖခွေးခေါ်ငှက်များကို များစွာမတွေ့ရတော့ဘဲ သဘာ၀၀န်းကျင် ပျက်စီးလာမှုနဲ့ လူသားတို့ရဲ့ စည်းကမ်းမဲ့ သတ်ဖြတ်မှုများကြောင့် မျိုးတုံးမယ့် အန္တရာယ် ရှိနေပါပြီ။ သဘာ၀၀န်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းနေသူများကလည်း ငှက်မျိုးစု မျိုးမတုံးရေး လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

ကိုးကား။ ။ ၀ီကီပီးဒီးယား

Irrawaddy BLog

No comments:

Powered by Blogger.