မိန်းကလေးတွေပြောတဲ့ စကားနဲ့ တကယ့် အဓိပ္ပါယ်အစစ်များ
မိန်းကလေးတစ်ယောက်က စိတ်ဆိုးနေတဲ့ အချိန်နဲ့ ပျော်နေတဲ့ အချိန်တွေမှာ
ရင်ထဲမှာ ဖြစ်နေတဲ့ အမှန်တရားနဲ့ ပြောလိုက်တဲ့ စကားတွေမှာ သာမန်
ယောက်ျားလေးတွေ တိုက်ရိုက် အဓိပ္ပါယ်ကောက်လို့ မရနိုင်တဲ့ စကားတွေကို
ပြောလေ့ရှိကြတယ်။
ဒါက မိန်းမတွေက စကားကို
အမျိုးမျိုးပြောတတ်ပြီး ယောက်ျားတွေက တုံးတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။
မိန်းကလေးတွေရဲ့ သဘာဝကိုက စကားပရိယာယ်ကြွယ်ပြီး သွယ်ဝိုက်ပြောတတ်ကြသလို
ယောက်ျားလေးတွေကလည်း အဖြောင့်အတိုင်းတွေးတတ်တာ သူတို့ သဘာဝ ဖြစ်နေလို့ပါပဲ။
ဒီတော့ ကိုယ့်မိန်းကလေးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကောက်လို့မရနိုင်တဲ့
စကားလေးတွေကို အနည်းငယ်လောက်ဖြစ်ဖြစ် ဗဟုသုတရစေဖို့ ပြောပြပေးချင်ပါတယ်။
ရှင်လုပ်ချင်တာ ရှင်လုပ်ပေါ့
အဓိပ္ပါယ်
- ယောက်ျားလေးရဲ့ အဆုံးအဖြတ်ကို စောင့်ကြည့်မယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။
အဆင်ပြေရင်တော့ ဘာမှ မပြောဘူး။အဆင်မပြေရင်တော့ ၂ ဆ အပြစ်ပြောခံရမယ်ဆိုတဲ့
သဘောပဲ ဖြစ်ပါတယ်။
ကျွန်မပြီးခါနီးပြီ
အဓိပ္ပါယ်
- ပြီးခါနီးပြီလို့ ပြောပြီး ၁၀ မိနစ်လည်း ကြာနိုင်သလို ၁ နာရီလည်း
ကြာနိုင်ပါတယ်။ တခြားလုပ်စရာရှိတာတစ်ခုခုလုပ်နေတာ အကောင်းဆုံးဆိုတဲ့ သဘောပဲ
ဖြစ်ပါတယ်။
ရှင်မဖြစ်မနေ လုပ်ရမယ်လို့တော့ မဟုတ်ပါဘူး
အဓိပ္ပါယ် - ရှင်မလုပ်ရင်တော့ ရှင်နဲ့ကျွန်မ အဆင်ပြေမှာ မဟုတ်ဘူး။ရှင်လုပ်လိုက်တာ ပိုကောင်းလိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ကျွန်မတို့ စကားပြောဖို့ လိုနေပြီ
အဓိပ္ပါယ် - ကျွန်မပြောမယ် ၊ရှင် နားထောင်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
ဒီအကြောင်းကို နောက်မှပြောမယ်
အဓိပ္ပါယ် - အခု ဒေါသအရမ်းထွက်နေတဲ့ အတွက် စကားမပြောနိုင်သေးဘူး ။ပြီးရင် ဖြေရှင်းချက်ပေးဖို့ အသင့်ပြင်ထားလို့ ပြောချင်တာပါ။
ဘာမှ မဖြစ်ဘူး
အဓိပ္ပါယ် - ရှင်တကယ်ပဲ ကျွန်မ ဘာဖြစ်နေလဲဆိုတာ မသိဘူးလား။ တကယ်မသိရင်တော့ ပြဿနာ အကြီးကြီးဖြစ်ပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
ကျွန်မရှင့်ကို ခွင့်လွှတ်ပါတယ်
အဓိပ္ပါယ်
- ရှင့်ကို အခု ခွင့်လွှတ်ဖို့ဆုံးဖြတ်ထားတယ်။ဒါပေမဲ့ ကြုံတဲ့အခါတိုင်းတော့
ရှင့်ရဲ့ ဒီအပြစ်အကြောင်းကို တစ်ဘဝလုံးပြောသွားရမှာပဲ လို့
ပြောလိုက်တာပါပဲ။
ကျွန်မအခု အလုပ်အရမ်းရှုပ်နေတယ်
အဓိပ္ပါယ် - ရှင်နဲ့ စကားပြောချင်စိတ်မရှိဘူး။ မနှောက်ယှက်နဲ့ ဆိုတဲ့ သဘောပါပဲ။
ရတယ် ။ထားလိုက်ပါ။ ဘာမှ မဖြစ်ဘူး။
အဓိပ္ပါယ် - ရှင့်ရဲ့ အလိုက်မသိမှုကို ထပ်ပြီး မပြောချင်တော့ဘူး။စိတ်ကုန်တယ်ဆိုတဲ့ သဘောကို ပြလိုက်တာပဲ ဖြစ်ပါတယ်။
Trend Myanmar

No comments: