ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တ၀ါ


 ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး သတ္တ၀ါဆိုလိုက်ရင် မြွေတွေလို့ သင်ထင်မိကောင်း ထင်မိမှာပါ။ တကယ်တော့ ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တ၀ါဟာ ကိုလံဘီယာမှာတွေ့ရလေ့ ရှိတဲ့ ရွှေရောင်ဖားပဲ
ဖြစ်ပါတယ်။


ဒီအ၀ါရောင်တောက်တောက်ဖားတွေကို မိုးသစ်တောတွေနဲ့ ကိုလံဘီယာက ပစိဖိတ်ကျွန်းစု
တွေမှာ တွေ့ရလေ့ရှိပါတယ်။ အ၀ါရောင် ဆိုသော်ငြား တစ်ခါတစ်လေ လိမ္မော်ရောင် ၊ အစိမ်းနုရောင်တွေ ကိုလည်း ပြောင်းလဲ တတ်ပါသေးတယ်။ အရွယ်အစား ၂ လက်မလောက်ပဲ ရှိတဲ့ ဒီဖားဟာ အကောင်ငယ်
ပေမယ့် အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို ၃ မိနစ်အတွင်းသေစေနိုင်တဲ့ အဆိပ်တွေရှိပါတယ်။


 ဒီဖားရဲ့ အရေခွံကို batrachotoxin လို့ခေါ်တဲ့ ပြင်းထန်တဲ့အဆိပ်တွေပါတဲ့ အခွံနဲ့ဖုံးအုပ်ထားပါတယ်။ တကယ်လို့များ လူတစ်ယောက်ဟာ ဒီဖားကို ကိုင်လိုက်မယ်ဆိုတာနဲ့ ဖားအရေခွံကအဆိပ်တွေ ဟာ
သွေးကြောတွေဆီကို ၁မိနစ် ၊ ၂ မိနစ်အတွင်း ပျံနှံ့သွားမှာဖြစ်ပြီး နှလုံးကိုပျက်စီးကာ ချက်ချင်းသေဆုံး သွားစေမှာပါ။




No comments:

Powered by Blogger.