မိတ်ဆွေတုလေးယောက်


(က) ကိုယ်ကျိုးကြည့် မိတ်ဆွေတု
၁။ သူတပါးထံမှသာယူ၍ မိမိကမူ မပေးကမ်းခြင်း၊
၂။ နည်းနည်းသာပေး၍ များများရလိုခြင်း၊
၃။ ဘေးရောက်သည့်အခါ ခိုကိုးရာအဖြစ် သူတပါးထံသွား၍ လုပ်စရာရှိသမျှ လုပ်ကိုင်ပေးခြင်း၊
၎။ ကိုယ်ကျိုးအတွက် သူတပါးနှင့် ဆက်ဆံပေါင်းသင်းခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အညဒတ္တုဟရ မိတ်ဆွေတု၊ ကိုယ်ကျိုးကြည့် မိတ်ဆွေတု ဟုခေါ်သည်။

*******************************
(ခ) အပြောသမားမိတ်ဆွေတု
၁။ ရှေးက ဖြစ်ခဲ့ဘူးသည့် စည်းစိမ်ဥစ္စာကို မပေးခဲ့ရခြင်းကြောင့် စိတ်မကောင်းကြောင်း
ပြောဆိုလေ့ရှိခြင်း၊
၂။ နောင်အခါမှာ ဖြစ်ထွန်းလာမည့် စည်းစိမ်ဥစ္စာကို ပေးမည်ဟုပြောဆိုလေ့ ရှိခြင်း၊
၃။ အကျိုးမရှိသော အရာဖြင့် ချီးမြှောက်လေ့ ရှိခြင်း၊
၎။ ပေးလို့ဖြစ်နိုင်သော အရာများကို တစ်စုံတစ်ရာ ပျက်စီးနေဟန် အကြောင်းပြ၍ ပေးလို့မဖြစ်ဟု
ပြောဆိုလေ့ ရှိခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ဝစီပရမ မိတ်ဆွေတု၊ အပြောသမား မိတ်ဆွေတု ဟုခေါ်သည်။

*******************************
(ဂ) ချစ်ဖွယ်ဆိုတတ်သောမိတ်ဆွေတု
၁။ မကောင်းမှု ပြုသည်ကိုလည်း သဘောတူခြင်း၊
၂။ ကောင်းမှုပြုသည်ကိုလည်း သဘောတူခြင်း၊
၃။ ရှေ့မှောက်တွင် ချီးမွမ်းခြင်း၊
၎။ နောက်ကွယ်၌ ကဲ့ရဲ့ခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အနုပ္ပယဘာဏီ မိတ်ဆွေတု၊ ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု ဟုခေါ်သည်။

*******************************
(ဃ)အပါယ်ဖော် မိတ်ဆွေတု
၁။ အရက်သေစာသောက်စားရာ၌ အဖော်လိုက်သူ၊
၂။ ညအခါ အခါမဲ့သွားလာရာ၌ အဖော်လိုက်သူ၊
၃။ ပွဲလမ်းသဘင်ကြည့်ရှုရာ၌ အဖော်လိုက်သူ၊
၎။ လောင်းကစားရာ၌ အဖော်လိုက်သူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အပါယသဟာယ မိတ်ဆွေတု၊ အပါယ်ဖော်မိတ်ဆွေတု ဟုခေါ်သည်။

johnpetar

Myanma Spectrum

No comments:

Powered by Blogger.