အရောင်နဲ့ ပတ်သက်ပြီး သိမှတ်သင့် ဗဟုသုတ တစ်ချို့


၁။ အမည်းရောင်
သူကတော့ အမိန့်အာဏာ နှင့်ဆိုင်တဲ့ အခြင်းအရာကို ဖြစ်ပေါ်စေပါတယ်။ (ဥပမာ- တရားသူကြီးတွေ ရဲ့ အင်္ကျီလို့ပေါ့)နောက်ပြီး သင့်ရဲ့ အသားအရေကို လည်း ပိုမို ပေါ်လွင်စေပါတယ်။ အချိန်မရှိဘူးဆိုတဲ့ သင်္ကေတကို ပါဖော်ပြတဲ့ အရောင် ဖြစ်ပါတယ်။

၂။ မီးခိုးရောင်
ဒီအရောင်က အတွေ့အကြုံများခြင်း၊ ခေတ်ဆန်ခြင်း၊ယုံကြည်မူရှိခြင်း ဆိုတဲ့ အကြောင်းအရာကို
ဖော်ပြတာဖြစ်လို့ ဧည့်ခံပွဲ၊ မွေးနေ့ပါတီတွေမှာ ၀တ်ဆင်သင့်ပါတယ်။ ဒါမှ ကိုယ်ကို အများက ပိုပြီးအထင်ကြီးလေးစားလာနိင်ပါတယ်။ သဘာဝကျတဲ့ အရောင်တစ်ရောင်လည်းဖြစ်ပါတယ်။

၃။ အဖြူရောင်
ရိုးရှင်းလွယ်ကူခြင်း၊ ဖြူစင်သန့်ရှင်းခြင်း၊စတဲ့ အရာတွေကိုဖော်ပြတဲ့အရောင်တစ်ရောင်ဖြစ်တာကြောင်း အဖြူရောင်အ၀တ်အစားကို ၀တ်ဆင်သူတိုင်း ပိုလို့ ကြည့်ကောင်းနေခြင်း ဖြစ်နေစေတာ အမှန်ပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်ခြင်းအသွင် ကိုလည်းဆောင်ပါတယ်။

၎။ အနီရောင်
ခွန်အားတွေ ပေးစွမ်းနိင်တဲ့ အရောင်တစ်ရောင်ပဲဖြစ်ပါတယ်။ရန်လိုခြင်း၊ စိတ်ဓာတ်ထက်သန်ခြင်း စတဲ့ အကြောင်းအရာတွေကို ဖော်ပြနေတဲ့ အရောင်တစ်ခုလည်းဖြစ်ပါတယ်။


၅။ အ၀ါရောင်
သူကတော့ နေမင်းရဲ့ ကိုယ်ဝါရောင် အသွင်ဖြစ်တာမို့ စွမ်းအားပြည့်ဝခြင်းဆိုတဲ့အနက်နဲ့ အာရုံစုစိုက်မူအားကောင်းခြင်း.၊ ပေါ့ပါးခြင်းစတဲ့ အချင်းအရာ အသွင်ကိုဆောင်စေပါတယ်။


၆။ အစိမ်းရောင်
တိတ်ဆိတ်ငြိမ်သက်ခြင်း၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေခြင်း၊ ဆိုတဲ့ အသွင်ဆောင်တာမို့ သင့်ဟာ မိတ်ဆွေတွေနဲ့ အစေးမကပ်ခဲ့ လျှင် ဒီအရောင်ကို ၀တ်ဆင်ကာ ဖော်ရွေစွာဖြင့်ဆက်ဆံကြည့်လိုက်ပါ လို့အကြံပေးခြင်းပါတယ်။ ပြန်လည်လန်းဆန်းခြင်း၊ နဲ့ ချမ်းသာကြယ်ဝ ခြင်းဆိုတဲ့ အနက်ကို
လည်းဆောင်တာမို့ အမြဲတမ်းနီးပါး ၀တ်ဆင်ထားသင့်တဲ့ အရောင်တစ်ခုလည်းမမှားပါဘူး။


၇။ အပြာရောင်
ရေ၊ပင်လယ်၊သမုဒ္ဒရာကို ကိုယ်စားပြုတာဖြစ်လို့ ၀တ်ဆင်အသုံးပြုထားခြင်းဖြင့်ငြိမ်ချမ်းမူကို အသွင်ဆောင်စေမှာပါ။ လတ်ဆတ်ခြင်း၊သစ္စာရှိခြင်းဆိုတဲ့ အနက်ကိုလည်းဖော်ကျူးပေးတဲ့ အရောင်တစ်ရောင်ဖြစ်ပါတယ်။

၈။ ခရမ်းရောင်
သူက စည်းစိမ်ဥစ္စာ၊ ချမ်းသာမူကိုဖော်ပြပြီး ခေတ်ဆန်ခြင်း၊ အတွေ့အကြုံကြယ်ဝခြင်းကို လည်းဖော်ပြ ပါတယ်။ အချစ်ရေးနဲ့သက်ဆိုင်တဲ့ အရောင်တစ်ရောင်ဖြစ်တာကြောင့် ချစ်သူနဲ့ ပိုမိုကာအဆင်ပြေလို့သူတို့ အဖို့ အသုံးပြုသတ်ဆင်သင့်သော အရောင်ဖြစ်ပါတယ်။

၉။ အညိုရောင်
စစ်မှန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း စတဲ့ အနက်ကိုဆောင်စေလို့ လုပ်ငန်းခွင်တွေနဲ့ဆိုင်တဲ့နေရာတွေနဲ့ အခြားယုံကြည်မူနဲ့ ဆိုင်တဲ့နေရာတွေမှာ အသုံးပြုနိင်ပါတယ်။ ကမ္ဘာမြေကြီးကိုကိုယ်စားပြုတဲ့ အရောင်တစ်ရောင်လည်းဖြစ်တာကြောင့် တည်ငြိမ်ခိုင်မာခြင်းဆိုတဲ့ အသွင်ကိုလည်းပေးပါတယ်။

Credit: China Today Magazine
china.cm Myanmar

No comments:

Powered by Blogger.