ဒီတစ်ပတ်(၂၃.၄.၂၀၁၆ မှ ၂၉.၄.၂၀၁၆) ဗေဒင်
တနင်္ဂနွေ
စိတ်ကြည်နူးမှု့ ဆန္ဒပြည့်ဝမှု့ များရလာလိမ့်မည်။ ရည်ရွယ်ချက် အသစ်များ ပေါ်ပေါက်လာမည်။ ရည်မှန်းချက်လမ်းကြောင်း များ ပြောင်းလဲ လုပ်ဖြစ်မည်။ စိတ်သစ်လူသစ် အားအင်သစ်များ ဖြင့် ဆောင်ရွက်မှု့ကြောင့် အောင်မြင်မှု့ မြန်ဆန်လာမည်။ အချစ်ဟောင်း နှင့် ပြန်ဆုံမည်။ အချစ်သစ်ထပ်တွေ့မည်။ လက်ထပ်ရက် ရွှေ့ဆိုင်းလာလိမ့်မည်။ ထီပေါက်ကိန်း ရှိ၍ မြောက်အရပ်က ထီဆိုင်ကို ၅ စ ၅ ပိတ် ဖြင့်ထိုးပါ။ ကြီးသူ ၁ ဦး ချူချာမည်။ အလုပ်အကိုင် ရာထူး တက် မည်။ ငွေဝင်မည်။ ခရီးသွားရမည်။ အန္တရာယ်လုံးဝ မရှိပါ။
အကျိုးပေးဂဏန်း ၃၊ ၅၊ ၁
အထူးဟော - သင်ကံကောင်း ပါသည်။
ယတြာ - တနင်္ဂနွေနေ့ နံနက်တွင် ငါးအရှင် သက်စေ့ ၀ယ်လွှတ်ပါ။
တနင်္လာ
အရာရာ ဇဝေဇ၀ါ မသေမချာ မပြီးမပြတ် တပိုင်းတစ တွေ ဖြစ်နေတတ်ပြီး ရှေ့တိုးမရလို့ နောက်ဆုတ်ရမလို ရပ်နေရမလို မပိုင်းခြား တတ်ဖြစ်နေရသည့် ကာလတစ်ခု ဖြစ်ပါတယ်။ ဆက်လုပ်လျှင် မှားသွားမလား ရပ်နေရလျှင် မှန်နေမလား ရှေ့တိုးရလျှင် ဟုတ်လေမလား ဆိုတာ ဝေခွဲမရဖြစ်နေရတတ်ပါတယ်။ ယခု ကဲ့သို့ စိတ်မျိုးတွေဟာ အလုပ်အကိုင် ပညာရေး အချစ်ရေး တွေပေါ်မှာ ဖြစ်နေရပါလိမ့်မည်။ ဘာမှ အားငယ်စရာမလိုပါ ရှေ့ကိုသာတိုးပါ။ သင့်ဘ၀ အလင်းရောင် နှင့် မုချ ကြုံတွေ့လာပါလိမ့်မည်။ သင့်အပေါ် ကူညီ သူလည်း ပေါ်လာပါလိမ့်မည်။ အောင်မြင်မှု့ လည်း မုချရလာပါလိမ့်မည်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ငွေကြေးလည်း ပြည့်စုံလာပါလိမ့်မည်။
အကျိုးပေးဂဏန်း ၂၊ ၅၊ ၁
အထူးဟော - သင်ကံကောင်းပါသည်။
ယတြာ - တနင်္လာနံနက်တွင် ဘုရားကို ကန်စွန်းရွက် ကြော် ဆွမ်းဟင်းနှင့် ဆွမ်းကပ်ပါ။
အင်္ဂါ
စွန့်စားမှု့ ၊ စူးစမ်းမှု့ များ လွတ်လပ်စွာ လုပ်ကိုင်ဖြစ်မည်။ ခြိမ်းခြောက်မှု့များ အတိုက်အခံများ ကျော်လွှား သွားမည်။ ရည်ရွယ်ချက်များ ရည်မှန်းချက်များ ထင်ထားသည်ထက်ပို၍ အောင်မြင်မည်။ အမှတ်တမဲ့ ပေါ်ပေါက်လာသော ပြဿာနာ တစ်ခုကို လွယ်ကူစွာ ရှင်းနိုင်သွားမည်။ ရာထူးတက်မည်။ ငွေဝင်ကောင်းမည်။ အကြီးအမှူး ခန့်ခံရမည်။ ငွေစုလိုက်ရမည်။ ခြေ ၊ လက် ၊ ဒူး ၊ မျက်စိ တို့ ဂရုစိုက်ပါ။ ထိခိုက်ရှနာ (သို့မဟုတ်) ခွဲစိတ်မှု့ တခုခု ဖြစ်တတ်သည်။ မြေ ၊ စက် ၊ ရွှေ ၊ ကျောက် တို့ ၀င်ထွက် မှု့ ပြောင်းလဲမှု့ ဖြစ်မည်။
အကျိုးပေးဂဏန်း ၅၊ ၇၊ ၉
အထူးဟော - သင်ကံကောင်းပါသည်။
ယတြာ - အင်္ဂါနေ့ နံနက်တွင် အိမ်ဘုရားကို အောင်သပြေ ၁၉ ညွန့် ကပ်ပါ။
ဗုဒ္ဓဟူး
စိတ်ရောကိုယ်ပါ လှုပ်ရှားသွားလာမှု့များနေမည်။ သို့သော် ပင်ပန်းမှု့ မရှိဘဲ ပျော်ရွှင်မှု့များဖြင့်ပြည့်နေမည်။ချစ်သူထံ မှ လက်ဆောင် ရမည်။ အဝေးမိတ်ဆွေ ရဲ့ အကူအညီရမည်။ စက် ၊ မြေ ၊ ရွှေ တို့ဝင်မည်။ ပစ္စည်း (သို့မဟုတ်) ငွေကြေး ကျပျောက်တတ်သည်။ ဂရုစိုက်ပါ။ ရည်ရွယ်ချက် ၂ မျိုး ထား ဖြစ်မည်။ ၂ မျိုးလုံး အောင်မြင်မှု့ရမည်။ စာမေးပွဲ အောင်မြင်မည်။ အင်တာဗျူးအောင်မြင်မည်။ ရာထူး ၊ လစာ တိုးမည်။ ဦးဆောင် ၊ ခေါင်းဆောင်သူ ဖြစ်လာမည်။
အကျိုးပေးဂဏန်း ၄၊ ၉၊ ၆
အထူးဟော - သင့်ကံကောင်းသည်။
ယတြာ- ဗုဒ္ဓဟူးနံဘုရားကို ၊ ဗုဒ္ဓဟူးနေ့နံနက်တွင် အောင်သပြေ ၁၉ ညွန့်ကပ်လှူပါ။
ကြာသပတေး
စိတ်ရော လူရော ပြုပြင်မှု့ ပြောင်းလဲမှု့ တွေ ဖြစ်လာမည်။ ခရီးယာယီ တွေရောက်ဖြစ်မည်။ စီးပွားရေး လုပ်ငန်း တို့ ပြောင်းလဲ လုပ်ကိုင်ဖြစ်မည်။ ရည်ရွယ်ချက်တွေ အကောင်အထည် ဖော်ဖြစ်မည်။ မရောက်ဘူးသော ခရီးတို့ ရောက်ဖြစ်မည်။ မပေါင်းဘူးသော မိတ်ဆွေ တို့ တွေ့ဖြစ်မည်။ ထီ (သို့မဟုတ်) မဲ ပေါက်မည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။ အချစ်ရေး ၊ အိမ်ထောင်ရေး ကောင်းမည်။ လက်ထပ် မင်္ဂလာ မြင်သည်။ အချစ်ရေး မှာ ရှော့ရှိနေသည်။ ဂရုစိုက်ပါ။ သူတပါး အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်၍ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ၅၊ ၀၊ ၇
အထူးဟော - သင့်ကံကောင်းလာမည်။
ယတြာ - ကြာသပတေးနံနက်တွင် အိမ်ဘုရားကို အောင်သပြေ ၁၉ ညွန့် ကပ်လှူပါ။
သောကြာ
ဤကာလ သည် ၀မ်းနည်းဝမ်းသာ ဖြစ်ရကိန်းရှိသောကာလဖြစ်ပါသည်။ အရာရာ ဝေခွဲမရ သလို ဘယ်သူ့ကိုမှ မယုံရသောကာလပင်ဖြစ်ပါသည်။ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်သော ကာလဖြစ်၍ အပြောအဆို အနေအထိုင် အထူးဂရုစိုက်သင့်ပါသည်။ စိတ်လေပြီး အိမ် မှ ထွက်ပြေး တတ်သလို စိတ်ဓာတ်ကျပြီး အလုပ်မှ ထွက်သွားခြင်း လည်း ဖြစ်တတ်ပါသည်။ ၎င်းအပြင် အိမ်ကသဘော မတူသော သူနှင့် ထွက်ပြေးတတ်၍ စိတ်ကို အထူးထိန်းသင့်သော ကာလ ဖြစ်ပါသည်။ ဆင်ခြင်ပါက အထူးအောင်မြင်မှု့ တိုးတက်ပြီး လူတွေ၏ ချီးကျူး ဂုဏ်ပြု ခြင်းလည်း ခံရတတ်ပါသည်။ သို့သော် ရာထူးတက်ခြင်း ၊ ၀င်ငွေ စုလိုက်ရခြင်း စာမေးပွဲ အင်တာဗျုး တို့ အောင်မြင်ပါမည်။
အကျိုးပေးဂဏန်း ၆၊ ၁၊ ၈
အထူးဟော - ကံကောင်းပါသည်။ သို့သော် စဉ်းစား ပြီး မှ ဆုံးဖြတ်ပါ။
ယတြာ - အိမ်ဘုရားကို သောကြာနံနက်တွင် သစ်သီး ဆွမ်းကပ်လှူပါ။
စနေ
စိတ်လေနေတတ်ပါသည်။ ဆုံးဖြတ်ချက်များစွာ လည်း ချနေမိတတ်ပါသည်။ ရည်ရွယ်ချက်တွေလည်း ပြောင်းလဲမှု့ ဖြစ်လာစေနိုင်ပါသည်။ သို့သော် ဤကာလ သည် မှားမှန်းသိလျက်နှင့် တပါးသူကို အားနာလို့ သနားလို့ ဆောင်ရွက်လိုက်ရတာမျိုး တွေ ဖြစ်လာနိုင်၍ အကျိုးမရှိသော ဆုံးရှုံးမှု့များ ဖြစ်လာနိုင်၍ မဖြစ်သင့်က မလုပ်ဖြစ်အောင် စိတ်ကို ထိန်းရမည့် ကာလ ဖြစ်ပါသည်။ အမှန်အတိုင်း ပြောပြီး ဆောင်ရွက်လျှင် လည်း သင့်ရဲ့ မိတ်ဆွေတို့က သင့်ကို အပြစ်မတင်ပါ။ ကျေးဇူးတင်ပါလိမ့်မည်။ ဤကာလအတွင်း သင့်ရဲ့ ကြိုးစား မှု့များ မုချအောင်မြင်ပါမည်။ ဆုလာဒ်များ နှင့် ထင်ပေါ်ကျော်ကြားမှု့ များမုချရလာပါမည်။ ငွေကြေးများ ၊ ရတနာများ ၊ စက်ပစ္စည်းများ ၀င်လာပါမည်။ ထီပေါက်ကိန်း လည်းရှိ၍ ၇ စ ၇ ပိတ် တော့ထိုးလိုက်ပါ။ အချစ်ရေးမှာ အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကံကောင်းပါသည်။ အလုပ်အကိုင် မုချ တိုးတက်ပါမည်။
အကျိုးပေးဂဏန်း ၆၊ ၉၊ ဝ
အထူးဟော - သင်တိုးတက်မှု့ မုချရမည်။
ယတြာ - စနေနေ့ နံနက်တွင် စနေနံဘုရားကို ရွှေပန်း ငွေပန်း နှင့် ထီးဖြူ ၉ လက် လှူပါ။ လိုရာဆုပန်ပါ။
မြစ်မခ မီဒီယာ တွင် ဖော်ပြထားသော ဒေါက်တာထွန်းလင်း (ဘုတလင်) ၏ ၇ ရက်သားသမီး
တစ်ပတ်စာ ဟောစာတမ်းမှ ကူးယူဖော်ပြသည်။

No comments: