တမူထူးတဲ့ သိုင်းကြိုးမဲ့ အတွင်းခံ
အမျိုးသမီးအများစုဟာ အတွင်းခံဘောင်းဘီသိုင်းကြိုးတွေ မကြိုက်ပါဘူး။ ဒီဒုက္ခကို ဖြေရှင်းဖို့အတွက် Shibue Couture အမည်ရှိ ကုမ္ပဏီတစ်ခုမှ သိုင်းကြိုးမပါတဲ့ အတွင်းခံဘောင်းဘီတစ်မျိုး တီထွင်ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ဆောင်ပုဒ်က "We didn't cross the line… we erased it" ဆိုတာပဲ ဖြစ်ပါတယ်။
ယင်း Shibues အတွင်းခံဘောင်းဘီကို အရှေ့ထိပ်နားနဲ့ နောက်ကျောစွန်းမှာရေဆေးနိုင်ပြီး
ပြန်လည်အသုံးပြုနိုင်သော ပျော့ပျောင်းတဲ့ ဆီလီကွန်ဂျယ်လ်အဆီပျစ်နဲ့ ထိန်းထားပါတယ်။ ဒါပေမယ့် မိမိဘက်မှာ ချောမွေ့သန့်ရှင်းတဲ့ ပုံတူအရိပ်မည်းလေး ရှိပါတယ်။ အောက်ဘက်ခြမ်းမှာတော့ ကော်စေးနဲ့ အများဆုံးတူပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၆ ဒေါ်လာရှိပြီး Kate Upton နဲ့ Rosie Huntington-Whiteley အပါအဝင် စလီဘလီတီတွေ ဒီစတိုင်ကို ရွေးချယ်အသုံးပြုခဲ့ကြကာ အများစိတ်ဝင်စားမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Express သတင်းအရ သိရပါတယ်။

အရမ်းပါးလွှာတဲ့ အဝတ်အစားတွေ ဒါမှမဟုတ် ဇာပန်းထည်တွေ ဝတ်ဆင်တဲ့ အထူးပွဲတစ်ခုခု တက်ရောက်ခြင်းအတွက် အတွင်းခံ ဖေါက်မြင်နိုင်တဲ့ ဒုက္ခကို ဖြေရှင်းနိုင်ခြေရှိကြောင်းလည်း ဆိုပါတယ်။
Trend Myanmar

No comments: