လူ့ခန္ဓာကိုယ်၏ တန်ဖိုး


လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်ပြီး ပြန်ရောင်းလို့ရ သုံးလို့ရတဲ့ အစိတ်အပိုင်းများရဲ့ တန်ဖိုးကို ပုံနှင့်တကွ ယခုလို ဖော်ပြထား ပါတယ်။ ဒါကြောင့်မို့ တန်ဖိုး စုစုပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၅ သိန်းကျော်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဈေးအကြီးဆုံး အစိတ်အပိုင်း သုံးခုကတော့ အသဲ၊ ကျောက်ကပ်နှင့် နှလုံးတို့ ဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်းအထက်မှာပဲ ရှိမှာ ဖြစ်ပါတယ်။ တစ်ရက်ကို လူ ၁၈ ဦးမှာ ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးရန် စောင့်ဆိုင်းပြီးတော့ သေနေရတယ်လို့လည်း နိုင်ငံတကာ ကျန်းမာရေး စစ်တမ်း တစ်ခုကလည်း ဖော်ပြထားပါတယ်။ ဒါကြောင့်မို့လည်း ခန္ဓာကိုယ် အစိတ်အပိုင်းများဟာ ဈေးကြီးရခြင်း ဖြစ်ပါတယ်။ သေပြီးတော့ နာရီပိုင်းသာ ကြာသေးတဲ့ လူတစ်ယောက်ရဲ့ မျက်လုံးကို ထုတ်ယူပြီး ပြန်သုံးလို့ ရပါတယ်။ ကျောက်ကပ်ဟာ တစ်ခြမ်းတည်း ရှိရုံနဲ့လည်း အသက်ရှင်နိုင်တာကြောင့် တစ်ခြမ်းကို လိုအပ်သူကို အစားထိုး နိုင်ပါသေးတယ်။

ဒူးအောက်ပိုင်းက အသားအပြင် ပေါင်တွင်းသားတို့ကိုလည်း အသားလိုအပ်သူထံ ဖဲ့ပြီးတော့ ပေးနိုင်ပါသေးတယ်။ ဒါကြောင့်မို့ လူတို့ရဲ့ ခန္ဓာကိုယ်ဟာလည်း အခြားလူတစ်ယောက်ကို အသက်ရှင်ရန် ပြန်လည် ထောက်ပံ့ပေးနိုင်ဒါကြောင့် တန်ဖိုးကြီး ပစ္စည်းပဲ ဖြစ်ပါတယ်။

International News For Myanmar

No comments:

Powered by Blogger.