အမျိုးသားရဲ့ ယောကျာ်းဘ၀ ကို နှစ်ကြိမ်တိုင်တိုင် ဖြတ်ကာ လွင့်ပစ်ခဲ့တဲ့ဇနီး


ဖြစ်ပုံက ဒီလိုပါ အသက် ၃၂ နှစ်အရွယ် Fan Lung ဆိုသူဟာ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာနေ ထိုင်ပါတယ်။ သူ့မှာ Feng ဆိုတဲ့ဇနီးသည်နဲ့ သားသမီး ၅ ယောက်လည်း ရှိပါတယ်။ တစ်နေ့သူဟာ ဇနီးဖြစ်သူရဲ့ ဖုန်းနဲ့ သူ့ရဲ့ချစ်သူထံ လိင်ပိုင်းဆိုင်ရာ မတ်ဆေ့တွေပို့ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူဟာ သူ့ရဲ့အကောင့်ကိုပြန်ထွက်ခဲ့ဖို့ မေ့သွားပါသတဲ့။

ဇနီးဖြစ်သူက အဲဒီကနေတစ်ဆင့် သူယောင်္ကျား အငယ်အနှောင်းထားနေတာကို သိသွားပြီး အကြီး အကျယ်ပေါက်ကွဲပါတော့တယ်။ အဲဒီညမှာပဲ ဇနီးသည်ဟာ ယောင်္ကျားဖြစ်သူရဲ့ယောင်္ကျားအင်္ဂါ ကို ယောင်္ကျားအိပ်နေတုန်းမှာကတ်ကျေးနဲ့ ဖြတ်ပြစ်လိုက်ပါတယ်။ ဆေးရုံကိုအမြန်ပြေးခဲ့တာကြောင့်
ပြန်လည် ဆက်နိုင်ခဲ့ပါတယ်။


ဇနီးကိုလည်း လန့်သွားတာကြောင့် အတူမအိပ်တော့ပါဘူး။ ဒါပေမယ့် နောက်ရက်မှာပဲ ဇနီးဖြစ်သူဟာ
ယောင်္ကျားရဲ့အခန်းကို ခိုးဝင်ပြီး အင်္ဂါကိုထပ်ဖြတ်ပစ်ပြန်ပါတယ်။ ဒီတစ်ခါတော့ ပြန်ဆက်လို့ မရအောင် ဖြတ်တဲ့အစကို ပြတင်းပေါက်ကနေလွင့်ပစ်လိုက်ပါတယ်။ ဆေးရုံကိုပြေးခဲ့ပေမယ့် ပြန်ဆက်စ
ရာမရှိတော့ပါဘူး။ ဒေါသထွက်နေတဲ့ ယောင်္ကျားဟာဆေးရုံမှာပဲ ဇနီးဖြစ်သူကို ရိုက်မောင်းပုတ်မောင်း လုပ်ပါတယ်။ ယောင်္ကျားအင်္ဂါဖြတ်စကို သွားရှာပေမယ့် မတွေ့ရတော့ပါဘူးတဲ့။ ခွေး သို့မဟုတ်
ကြောင်တစ်ကောင်က ဆွဲသွားဟန် တူတယ်လို့ ဆေးရုံတာဝန်ရှိသူက ဆိုပါတယ်။

ယောင်္ကျားဘ၀ဆုံးသွားပြီဖြစ်တဲ့ Fan  ရှိရာဆေးရုံကို သူ့ရဲ့ချစ်သူဖြစ်တဲ့ Zhang က ရောက်ရှိလာခဲ့ပါတယ်။ Zhang က "ယောင်္ကျားအင်္ဂါမရှိလည်း သူ့ကိုကျွန်မချစ်မှာပါ ၊ လက်ထပ်မှာပါ" လို့ဆိုပါတယ်။

ထူးဆန်းလိုက်တဲ့ အဖြစ်ပါ။ ယောင်္ကျားအင်္ဂါမရှိပဲ သူတို့နှစ်ယောက်ပေါင်းထုပ်လို့ရပေမယ့် လွယ်တော့ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။

၂၀၁၅ တုန်းက ဖြစ်ရပ်ပါ။  ထူးထူးဆန်းဆန်းဖြစ်ရပ်မို့ ပြန်တင်လိုက်ပါတယ်။

No comments:

Powered by Blogger.