မရမ်းသီးရဲ့ဆေးဖက်ဝင်မှု


ခံတွင်းပျက်နေသူများ၊ ခံတွင်းအရသာမပေါ်ခြင်းဖြစ်နေသူများ
မရမ်းသီးကို သုပ်စား၊ ချက်စား စသဖြင့် စားသုံးပေးရင်
သက်သာပျောက်ကင်းပြီး ခံတွင်းအရသာပြန်လိုက်လာစေမှာပါ။
..
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်းသွားခြင်းဖြစ်နေပါက
မရမ်းသီးနဲ့ဆားကို တွဲဖက်ပေးပြီး စားရပါမယ်။
ဥပမာ- မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့်
ဝမ်းကိုက်ပိုးများကို သေစေနိုင်ပါတယ်။
..
အသည်းအဆီဖုံးရောဂါရှင်တွေသာမက သာမန်လူများလည်း စားသောက်ရာမှာ
အဆီများပိုလျှံစွာမစားမိဖို့ အရေးကြီးပါတယ်။
ဒါကြောင့်မို့ အဆီများတဲ့ သားငါးများချက်တဲ့အခါ
ပိုလျှံနေသောအဆီများမစားမိအောင် သားငါးများတွင် မရမ်းသီးထည့် ချက်ပြုတ်ခြင်းဖြင့်
ထိုအဆီများ ချေဖျက်ပေးနိုင်ပါတယ်။
..
မရမ်းသီးရဲ့ တခြားဆေးဖက်ဝင်မှုတွေကတော့-
သွေးဝမ်းသွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊
အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊
အသားကြား အရိုးကြား နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။
အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေးများတွင် အသုံးပြုကြပါတယ်။
..
မရမ်းသီးရဲ့ဆေးဖက်ဝင်မှုကိုသိပြီဖြစ်လို့
မရမ်းသီးကို ထိထိရောက်ရောက်အသုံးချစားသုံးနိုင်ကြပါပြီ။
ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတာကိုလည်း သတိတော့ထားကြရအောင်။

@သိသူဖော်စားအသုံးဝင်အချက်များမှ

No comments:

Powered by Blogger.