စစ်ကဲမောင်ထော်လေး ပုံတူပန်းချီ ( ၁၈၆၀ )
စစ်ကဲမောင်ထော်လေး ဟာ မွန်လူမျိုးတစ်ဦးဖြစ်ပြီး ရွှေတိဂုံစေတီ ကို ကာကွယ်စောင့်ရှောက်သူ ၊ အင်္ဂလိပ်စစ်သားတွေ ရွှေတိဂုံစေတီအပေါ်တပ်စွဲ ၊ ပစ္စည်းတွေ ဖြုတ်ယူတာကို အရေးဆိုခဲ့သူတစ်ဦးဖြစ်တယ်။ ဘုရင်ခံ ၊ ဘုရင်ခံချုပ် အဆင့်ဆင့်စာတင် ဟန့်တားအရေးဆို မူကြောင့် နောက်ဆုံး သူ့အရေးအောင်မြင်ခဲ့တယ်။
ရွှေတိဂုံစေတီတော်
လည်း အနှောက်ယှက်ဘေးမှ ဝေးပြိး ရှေးဟောင်းအမွေနှစ် ဘုရားဆင်းတုတော်ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့တယ်။
သူဟာ ရန်ကုန်အုပ်ချုပ်ရေးကိစ္စ တွေ မှာ အင်္ဂလိပ်မျက်နှာဖြူတွေ နဲ့တန်းတူပါဝင်ခွင့်ရလို့ သြဇာကြီးပါတယ်။ ၁၈၅၂ မှာ သူ့ချက်မြုပ်ရာ တွံတေးဒေသကို စီမံအုပ်ချုပ်ရင်း ၁၈၆၉ မှာလူကြီးရောဂါ နဲ့ကွယ်လွယ်ခဲ့ပါတယ်။
စစ်ကဲ မောင်ထောင်လေး သားမက်ဟာ စစ်ကဲမောင်ခိုင်ပါ။ စစ်ကဲမောင်ထော်လေးလမ်း စစ်ကဲ မောင်ခိုင်လမ်းရယ်လို့ အင်္ဂလိပ်ဘုရင်ခံတွေနာမည်နဲ့သာ မှည့်ခေါ်ခဲ့ကြပေမဲ့ ထူးထူးခြားခြား မွန်လူမျိုး နှစ်ဦးအမည်နဲ့လမ်းတွေ အမည်မှည့်ခေါ်ခဲ့တာထောက်ချင့်ရင် အဲဒီခေတ်အခါ သူတို့အရှိန်အ၀ါ ခန့်မှန်း နိုင်လောက်ပါတယ်။
အခုပုံတူ ပန်းချီကားကို ရှေးဟောင်းပန်းချီစုဆောင်းသူ တစ်ဦးရဲ့ ကောင်းမူ ကြောင့်မြင်တွေ့ခွင့်ရခဲ့တာပါ။ ကျေးဇူးတင်စရာကောင်းပါတယ်။
ပန်းချီစုဆောင်းသူက သူ့ဖေ့ဘွတ်စာမျက်နှာ ထဲမှာ အခုလိုရေးသားဖေါ်ပြထားတယ်။
The portrait of Sitke Maung Tawlay, a distinguished Mon gentlemen who was born in 1776, was Governor of Dalla under the Burmese region; rendered valuable service under the British in 1852; organized the regilding of the Shwe Dagon in 1854; and died at Twante in 1869.
This artwork was done by unknown artist in 1860's but probably this artist must be a foreign artist. This is a very important historical art work as everybody knows Sitke Maung Tawlay street but they have never seen what was his figure.
And also thank to Ma Mon who give me the chance to collect this art work.
Thet Soe
April 10, 2013 ·
စစ်ကဲမောင်ထော်လေး ပန်းချီ ကားကို အမည်မသိ ပန်းချီဆရာတစ်ဦးက ရေးဆွဲခဲ့ပြီး အဲဒီပန်းချီဆရာဟာ စစ်ကဲမောင်ခိုင် ပုံတူကိုလည်းရေးဆွဲခဲ့သူ ဖြစ်မယ်လို့ဆိုပါတယ်။ နိုင်ငံခြား ပန်းချီဆရာတစ်ဦးဦးရေးဆွဲခဲ့တယ်လို့ထင်ကြောင်း ဖေါ်ပြထားပါတယ်။
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမူ ထိမ်းသိမ်းသူတွေကြောင့်အခုပန်းချီကားကို မြင်ခွင့်ရကြတာပါ။
သမိုင်းဝင်ပန်းချီ ကားကို စုဆောင်းပေးထားတဲ့အတွက် မွန်အမျိုးသားတစ်ဦးအနေနဲ့ရော ၊ တိုင်းသူပြည်သားတဦးအနေနဲ့ ပါ ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။
လေးစားစွာဖြင့်
၁၀ . ၄ . ၂၀၁၆
Credit; မွန်တို့ဌာနေ ရာမည

No comments: