ဒီတစ်ပတ် (၃၀.၄.၂၀၁၆ မှ ၆.၅.၂၀၁၆) ဗေဒင်
တနင်္ဂနွေ
စိတ်တွေလေပါမည်။ အရာရာ ဖြစ်မလာသေးသည့်ကိစ္စ အတွက် တွေးပူးနေရတတ်ပါသည်။ မျှော်လင့်ချက် ဖြင့်နေရသည့်ကာလ လေး တစ်ခု ဖြစ်ပါမည်။ အချစ်ရေး ပညာရေး အလုပ်အကိုင် နှင့် ပတ်သက်လို့ကတော့ သေချာပေါက် အဆင်ပြေပြီဟု မှတ်ပါ။ ငွေရေး ကြေးရေး စီးပွားရေး ကတော့ သင့်မျှော်လင့်သလို ဖြစ်မလာသေးပါ။ အချိန်တစ်ခု အထိ ထပ်ဆောင့်ရပါဦးမည်။ ဆန္ဒမစောသင့်သို ရှေ့လောမကြီး သင့်ပါ။ ကျန်းမာရေးကတော့ ဆီးနှင့်အစာအိမ်ဂရုစိုက်ပေးပါ။
အကျိုးပေးဂဏန်း ၃၊ ၆၊ ၁
အထူးဟော - အရာရာ ဆင်ခြင်တုံတရားဖြင့်နေပါ။
ယတြာ - အိမ်ဘုရားကို တနင်္ဂနွေ နေ့ နံနက်တွင် အအေးအချိုရည်ကပ်၍ ဆုတောင်းပါ။ ပြည့်ပါမည်။
တနင်္လာ
ပျော်စရာလည်းကောင်းသလို ၊ ပျင်းစရာလည်းကောင်းသလို ဖြစ်ရသော ကာလတစ်ခုပါ။ အရာရာထင်သလို မဖြစ်ဘဲ မထင်မှတ်တာတွေ ဖြစ်လာရတတ်ပါသည်။ ရုတ်တရက် အံ့သြစရာ သတင်းစကားတွေကြားရပါမည်။ ဖြစ်ချင်တာတမျိုး ၊ ဖြစ်နေရတာက တစ်မျိုး ပေါ်လာပါမည်။ အထင်နှင့် လက်တွေ့ ကွဲလွဲတတ်ပါသည်။ မြေ ၊ စက် ၊ ယာဉ် တို့ ၀င်မည်။ ထွက်မည်။ ရွှေ ၊ ကျောက် တို့ ရောင်းဝယ်ကောင်းလာမည်။ ခရီးဝေးယာယီ တွေရောက်မည်။ အချစ်ရေး အဆင်ပြေလိုက် ၊ မပြေလိုက် ဖြစ်နေမည်။ ခြေ ၊ လက် အနာရ တတ်ပါတယ်။
အကျိုးပေးဂဏန်း ၂၊ ၆၊ ၈
အထူးဟော - အတိုက်အခံ လေးတွေပေါ်လာမည်။ ကျော်လွှားနိုင်ပါစေ။
ယတြာ - တနင်္လာနံနက်တွင် ဘုရားကို ရေအေးအေး ရေသက်စေ့ ရေသပ္ပါယ်ပေးလိုက်ပြီး ဆုတောင်းလိုက်ပါ။ ပြည့်ပါမည်။
အင်္ဂါ
စိတ်ရော လူရော လှုပ်ရှားသွားလာမှု့ တွေ များနေပါမည်။ အရာရာ မပြီးပြတ်မှု့ တွေ ကြုံနေမည်။ ကိုယ့်အရေးထက် သူများအရေးက ပိုများနေမည်။ မအားရာ အနာပေါက်ဆိုတာကို အချစ်ရေးက ၀င်ရှုပ်လာမည်။ ရှုပ်တာကို မရှင်းဘဲ ၀င်ရှုပ်မိလို့ ပြဿနာ ကြုံရတတ်ပါတယ်။ ဂရုစိုက်ပါ။ မြေကိစ္စ ၊ ငွေကိစ္စ တွေလည်းကြုံမည်။ အိမ်တွင်းရေး (သို့မဟုတ်) ဆွေမျိုးသားချင်း အရေး တွေက ပိုလာမည်။ ခရီးဝေးတွေရောက်ပါမည်။ မရောက်ဘူး တဲ့ ခရီးတွေ ရောက်လာမည်။ ရာထူးတက်ပြောင်းရွှေ့ရပါမည်။ စာမေးပွဲ (သို့မဟုတ်) အင်တာဗျုး အောင်ပါမည်။
အကျိုးပေးဂဏန်း ၁၊ ၂၊ ၃
အထူးဟော - အမှတ်တမဲ့ လုပ်ရပ် ကြောင့် အမှတ်တရလေးတွေ ပေါ်လာမည်။
ယတြာ - အင်္ဂါနေ့ နံနက်တွင် ဘုရားနှင့် သံဃာ တွေ ဆွမ်းလောင်းပြီး ဆုတောင်းပါ။ ပြည့်မည်။
ဗုဒ္ဓဟူး
ရည်ရွယ်ချက် များနေမည်။ ဆုံးဖြတ်ချက်တွေ တမျိုးပြီး တစ်မျိုး ချဖြစ်မည်။ အခက်အခဲ တွေ ကျော်ဖြတ်ဖြစ်မည်။ ကြိုးစားမှု့ ကောင်း၍ တိုးတက်မှု့ ရမည်။ အပေါင်းအသင်းပေါ် အကြွင်းမဲ့ ယုံကြည်လို့မရပါ။ သို့သော် အဝေးမိတ်ဆွေ ၏ အကူအညီ ရမည်။ စာမေးပွဲအောင်မည်။ ရာထူးတက်မည်။ ချစ်သူ နှင့် အဆင်ပြေမည်။ လက်ထပ်ရတတ်သည်။ မရောက်ဘူးသော ခရီးရောက်မည်။ လက်ဆောင်ရမည်။ စက်ပစ္စည်းနှင့် ရွှေ ကျောက်ဝင်မည်။ ၀မ်းဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ၄၊ ၉၊ ၆
အထူးဟော - အဆင်ပြေအောင်မြင်မည်။
ယတြာ- ဗုဒ္ဓဟူးနေ့နံနက်တွင် အိမ်ဘုရားကို အောင်သပြေ ၁၉ ညွန့်ကပ်လှူပါ။
ကြာသပတေး
အပြောလည်း မလွယ်နှင့် သဘောလည်း မကြွယ်နှင့် လွယ်လွယ်လည်း ကတိမပေးနှင့် ပွင့်လင်းမှု့ နှင့် ပြတ်သားမှု့ တို့ရှိသင့်သော ကာလ တစ်ခု ဖြစ်ပါတယ်။ သူများ အတွက် နှင့် အပြစ်တင်ခံရမည်။ ရည်ရွယ်ချက်များ အကောင်အထည်မဖော်မှီ မရည်ရွယ်တာတွေကို လုပ်ဆောင်မိမည်။ ငွေဝင်မည်။ ငွေကြေးအဖတ်မတင်တတ်ပါ။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။ ခရီးယာယီ သွားရမည်။ အချစ်ရေးမှာ မမျှော်လင့်ဘဲ အိမ်ထောင်ကျမည်။ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။
အကျိုးပေးဂဏန်း ၂၊ ၀၊ ၈
အထူးဟော - ရုတ်တရက် ကံကောင်းလာမည်။
ယတြာ - ကြာသပတေးနံနက်တွင် ကြာသပတေးနံဘုရားကို အောင်သပြေ ၁၉ ညွန့် ကပ်လှူပါ။
သောကြာ
စိတ်တွေလေနေမည်။ အတွေးများခြင်း စွန့်စားလိုခြင်းဖြစ်မည်။ ချစ်သူ၏ အထင်မြင်လွဲ မှားမှု့ အပြစ်တင်ဝေဖန်မှု့ သံသယ ၀င်ခြင်းတို့ ခံရတတ်ပါတယ်။ အိမ်ကမသိအောင် ထွက်ချင်တတ်ပါသည်။ ထွက်လျှင် သင့်ရည်ရွယ်ချက် တွေ လွဲသွားမည်။ မမျှော်လင့်သော အဖြစ်ဆိုးတို့ ကြုံလိမ့်မည်။ စိတ်ကို ငြိမ်အောင်ကြိုးစားပါ။ အချစ်ရေးမှာ လှည့်စားခြင်းခံရမည်။ ပညာရေးနှင့် စီးပွားရေးကို မပစ်ပယ် သင့်ပါ။ အလုပ်အကိုင် ကိုလည်း မထွက်သင့်ပါ။ စိတ်ကို ငြိမ်အောင်ကြိုးစားပါ။ မကြာမှီ သင့်အောင်မြင်မှု့ မုချရလိမ့်မည်။ အချိန်တစ်ခု ကိုစောင့်ပါ။ ထီပေါက်ကိန်း ရှိနေသည်။ ထီထိုးပါ။ အိမ်ဆောက် ၊ အိမ်ပြင် အိမ်ပြောင်းမှု့ ဖြစ်မည်။ စက် ၊ မြေ တို့ဝင်ထွက် မှု့ရှိမည်။
အကျိုးပေးဂဏန်း ၆၊ ၁၊ ၉
အထူးဟော - စဉ်းစား ပြီး မှ ဆုံးဖြတ်ပါ။
ယတြာ - အိမ်ဘုရားကို သောကြာနံနက်တွင် အအေးကပ်လှူပါ။
စနေ
အောင်မြင်မှု့ တိုးတက်မှု့ အဆင်ပြေမှု့ ရှိမည်။ ရည်ရွယ်ချက်များ ရည်မှန်းချက်များ အကောင်အထည်ဖော်ဖြစ်မည်။ အကူအညီ ပေးသူပေါ်မည်။ စီးပွားရေး လုပ်ငန်း အကောင်အထည်ဖော်ဖြစ်မည်။ တိုးတက်မှု့ ရမည်။ အိမ်ဆောက်ခြင်း ၊ အိမ်ပြင်ခြင်း ၊ ဆိုင်ဆောက်ခြင်း ၊ ဆိုင်ပြင်ခြင်း ၊ အရောင်းအ၀ယ် လုပ်ခြင်း တို့ အောင်မြင်မည်။ ကိုယ်ပိုင်အလုပ်ရှယ်ယာအလုပ် လုပ်ဖြစ်မည်။ အကျိုးပေးမည်။ ထီပေါက် ၊ မဲပေါက်ကိန်းရက်ပိုင်းအတွင်း ရှိသည်။ ထိုးပါ။ အချစ်ရေး ကောင်းသည်။ ချစ်သူ နှင့် လက်ထပ်ကိန်း ရှိသည်။ ၂ ဖက် မိဘ တို့ သဘောတူညီ မှုရမည်။
အကျိုးပေးဂဏန်း ၇၊ ၂၊ ဝ
အထူးဟော - အောင်မြင်သူဖြစ်လာမည်။
ယတြာ - စနေနေ့ နံနက်တွင် အိမ်ဘုရားကို အမွှေးနံပန်းများ ကပ်လှူလိုက်ပါ။ ဆုတောင်းပါ။ အောင်မြင်ပါမည်။
မြစ်မခ မီဒီယာ တွင် ဖော်ပြထားသော ဒေါက်တာထွန်းလင်း (ဘုတလင်) ၏
၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်းမှ ကူးယူဖော်ပြသည်။

No comments: