အားကစားလုပ်ဖို့ အချိန်မပေးနိုင်သူများ အတွက် မိနစ်၂၀ စာ လေ့ကျင့်ခန်း
ကျန်းမာရေးကောင်းမွန်ဖို့ အားကစားလုပ်သင့်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အားကစားပုံမှန်လုပ်တဲ့သူ ရှားပါတယ်။ အဓိကကတော့ အချိန်မပေးနိုင်လို့ ၊ ကစားမယ့်နေရာကိုမသွားချင်လို့ စသည်ဖြင့်ဖြစ်ပါတယ်။
ဒီလိုလူတွေအတွက် မိမိအိမ်မှာတင် ဘာပစ္စည်းမှမလိုပဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးပါ။ ကုလားထိုင်တစ်လုံး ရှိရင် အဆင်ပြေပါပြီ။ လုပ်ရမှာကတော့ ပုံမှာပြထားတဲ့ လေ့ကျင့်ခန်း ၁၂ ခုကို ၁၀ကြိမ်စီ( wall sit နဲ့ Side Plank တို့ကိုတော့ စက္ကန့် ၃၀ စီ) ပြုလုပ်ပေးရမှာဖြစ်ပါ တယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ မနှေးမမြန်လေးလုပ်ရပါမယ်။ပြီးတာနဲ့ ခဏနားကာ နောက်တစ်ခေါက် ထပ်လုပ်ရ မှာဖြစ် ပါတယ်။
၁၀ကြိမ်ဆိုပေမယ့် စလုပ်တဲ့သူတွေအတွက်ကတော့ အနည်းငယ်ခက်ခဲမှာပါ။ ၂ရက် ၃ရက်လောက် ဆက်လုပ်လိုက်ရင်တော့ ကောင်းကောင်းလုပ်နိုင်သွားမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ချွေးထွက်ကာ ကိုယ်ခန္ဓာကိုယ်ကျန်းမာစေမှာဖြစ်ပါတယ်။ အချိန်မပေးနိုင်သူများ ဒီလေ့ကျင့်ခန်းလေးကို နေ့တိုင်း မိနစ် ၂၀ ခန့်လုပ်သင့်ပါတယ်။
#သုတဇုန်

No comments: