ကျွန်တော်တို့သုံးနေကြတဲ့ ဖုန်းတွေရဲ့အစ


ဒါကတော့ သိပြီးသားလူတွေလဲ ရှိမယ်....သိပြီးသားပဲ ဒါပေမယ့် သိပ်မမှတ်မိတော့ဘူး ဆိုတဲ့ လူတွေလဲရှိမယ်....လုံးဝမသိသေးတဲ့လူတွေလဲရှိမယ်......ဘာဖြစ်ဖြစ်ဗဟုသုတ လေးတစ်ခုကို မျှဝေပေးခြင်းပါ .... :)


ALEXANDER  GRAHAMBELL
  (1847-1922)

တယ်လီဖုန်းတီထွင်သူ အလက်ဇန်ဒါ ဂရဟမ်ဘဲလ်ကို ၁၈၄၇ ကစကော့တလန် အီဒင်ဗါ့ဂ်မှာမွေးပါတယ်။
အလက်ဇန်ဒါဂရဟမ်ဘဲလ်     
စာသင်ကျောင်းမှာဟုတ်တိပတ်တိမနေဖူးဘူး။မိသားစုကာသင်ကြားပေးတယ်။ကိုယ်တိုင်လဲကြိုးစားပြီး ပညာရှာတယ်။ အသံပို့၊ အသံဖမ်း ၊ အသံလွှင့်ဆိုတာမျိုးတွေကို ဘဲလ်ဟာ ဘယ်လို ဘာကြောင့် စိတ်ပါဝင်စားလာသလဲ မေးရင် သူ့ဖခင်က အသံဇီဝကမ္မ (Vocal Physiology) စကားသံမပီခြင်း၊ ထစ်ငေါ့ခြင်းကို ပြင်ဆင်ပေးခြင်းနဲ့ နားမကြားသူကို စကားပြောသင်ပေးခြင်းတွေမှာ ထူးချွန်တဲ့ သမားကျော်ဖြစ်လို့ ဒီအသံဆိုင်ရာပညာရပ်တွေလေ့လာဖို့ အင်မတန် နီးစပ်ပါတယ်လို့ ဖြေရမှာဖြစ်
ပါတယ်။။

        မစ္စက်ချူဆက်နယ် ဘော့စတွန်မြို့မှာ ၁၈၇၁ ခုက ဘဲလ် ပြောင်းရွှေ့နေထိုင်ပါတယ်။ အဲဒီ
နေရာသစ်ရောက်ပြီး ၁၈၇၅ မှာ တယ်လီဖုန်းကို သူ့မူပိုင်ဖြစ်ကြောင်း မှတ်ပုံတင်ရုံးမှာ ဖေဖေါ်ဝါ
ရီ ၁၈၇၆ မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်အတီပြုချက်ကို နောက်သီတင်းပတ်နည်းနည်
းကြားတော့ ထုတ်ပေးပါတယ်။ (မှတ်သားစရာ အံ့သြစရာ တစ်ချက်က အယ်လစ်ရှာဂရေးက အလားတူ ပစ္စည်းတစ်ခုကို ဘဲလ်နဲ့တစ်နေ့တည်းးလာပြီးမှတ်ပုံတင်တယ်။ သူကနာရီပိုင်းနောက်ကျတယ်။) တယ်လီဖုန်းမူပိုင် မှတ်ပုံတင်အတည်ပြုချက်ရပြီး မကြာခင် ဘဲလ်က ဖိလဒဲဖိယမှာ ကျင်းပတဲ့
အမေရိကလွတ်မြောက်ရေး နှစ်တစ်ရာပြည့်ပြပွဲကြီးမှာ တယ်လီဖုန်းကိုပြသပါတယ် လူအများ အထူးစိတ်ဝင်တစား ကြည့်ရှုလို့ ဆုချီးမြှင့်ခြင်းခံရပါတယ်။

ဒါပေမယ့် အနောက် ယူနီယံ သံကြိုးကုမဏီကို ဒီတယ်လီဖုန်း ကြိုး လုပ်ရောင်းခွင့်ပေးတယ်။
ဒေါ်လာတစ်သိန်းပေးပါလို့တောင်းတာကို မပေးပါ။ဒါနဲ့ ဘဲလ်နဲ့ သူမိတ်ဆွေတွေက ဂျူလိုင် ၁၈၇၇ မှာ ကိုယ်ပိုင် ကုမ္ပဏီထောင်လိုက်ကြတယ်။။ကနေ့ အမေရိကတတယ်လီဖုန်းနဲ့ တယ်လီဂရပ်ကုမ္ပဏီဟာ အဲဒီကုမ္ပဏီတွေကဆင်းသက်လာတာဖြစ်ပါတယ်။ချက်ချင်းပဲအကြီးအကျယ်အောင်မြင်ပါတယ်။ AT&
A ဟာကမ္ဘာကိုယ်ပိုင် ကော်ပိုရေးရှင်းအဖွဲ့ (Pri vate corporation)တွေထဲမှာ အကြီးကျယ်ဆုံး
ကော်ပိုရေးရှင်းဖြစ်ခဲ့တယ် (ပြီးမှ ကုမဏီတွေအများကြီးခွဲလိုက်ပါတယ်)

      ဘဲလ်ဇနီးမောင်နံဟာမတ်၁၈၇၉ကစပြီးတယ်လီဖုန်းကုမ္ပဏီ ရှယ်ယာ ၁၅ရာခိုင်နှုန်း
ကို ပိုင်တယ်။ ရှေ့မှာ ဒီကုမ္ပဏီဟာ အကြီးကျယ်အမြတ်အစွန်း ရှီလာမယ်လို့ သူ့တို့နှစ်ဦးမသိ။ မခန့်မှန်းနိုင် ပါ။ ခုနှစ်လအတွင်းမှာ သူတိုပိုင် ရှယ်ယာအတော်များများကို ပျမ်းမျှကြေး ၁ရှယ်ယာကိုဒေါ်လာ ၂၅၀
လောက်နဲ့ ရောင်းထုတ်လိုက်တယ်။ နိုဝင်ဘာလရောက်တော့ တစ်ရှ ယ်ယာကို ဒေါ်လာတစ်ထောင်ဈေး
ပေါက်နေပါပြီ။ (ပြီးခဲ့တဲ့လက တစ်ရှယ်ယာကို  ဒေါ်လာခြောက်ဆယ်ငါးပေးတဲ့ အခါ ဘဲလ်ရဲ့ဇနီးက ရှယ်ယာတွေမြန်မြန်ရောင်းပစ်။ ဒီဈေးမျိုးနောက်မရနိုင်တော့ဘူးလို့ ရှယ်ယာ တွေရောင်းဖို့ ဘဲလ် ကို တိုက်တွန်းပါတယ်။) လက်ကျန်ရှယ်ယာ သုံးပုံတစ်ပုံကို၁၈၈၁ မှာရောင်းပစ်လိုက်တာလဲသိပ်မှားတာပေါ့။။ အဲတာတောင် ၁၈၈၃ မှာ သူတို့လင်မယားဟာ ဒေါ်လာတစ်သန်းချမ်းသာနေပါပြီ။။

          တယ်လီဖုန်းကို တီထွင်နိုင်လို့ ဘဲလ်ဟ  လူချမ်းသာကြီးဖြစ်လာပေမယ် သုတေသနအလုပ်ကို ရပ်မပစ်။ ဆက်လုပ်တယ်။ စောစောကလောက်အရာမရောက်ပေမယ့် နည်းသစ်။ ပစ္စည်းသစ်တွေ ဆက်ပြီးဖန်တီနိုင်ပါတယ်။ သူ့စိတ်ပါဝင်စားတဲ့ အကြောင်းအရာတွေကစုံပါတယ်။ဒါပေမယ့် နားထိုင်းသူကို ဘယ်လိုဖြစ်ဖြစ် မြောက်မြောက် ကူညီမလဲဆိုတာက သူ့အဖို့ ထိပ်တန်းထားတဲ့ ပြသနာဖြစ်ပါ တယ်။ သူ့ဇနီးက သူစာသင်ပေးခဲ့ရတဲ့ နားလေးတဲ့ ကလေးမဖြစ်ပါတယ်။သားနှစ်ယောက် သမီးနှစ်ယောက် ထွန်းကားပါတယ်။ သားတွေက ငယ်စဉ်ကတည်း ကကွယ်လွန်သွားကြတယ်။ ဘဲလ်ကို ၁၈၈၂  မှာ အမေရိကန်ပြည်ထောင်စုသားအဖြစ်လက်ခံလိုက်ပါတယ်။ ၁၉၂၂ မှာ ကွယ်လွန်ခဲ့ပါတယ်။

              ဘဲလ်ရဲ့သြဇာ ဘယ်လောက်ထိ ကြီးမားသလဲလို့ သိချင်ရင် တယ်လီဖုန်း ဘယ် လောက်အသုံး ၀င် သလဲ လို့ သတ်မှတ်တာပေါ်မှာ တည်ပါတယ်။အခုကျနော် သဘောနဲ့ပြောရရင် ခုပဲကြည့်လေ ခင်ဗျား မှာရော ပြီးတော့ ခင်ဗျားဘေးက လူတွေမှာရော ဒီဖုန်းဆိုတာနဲ့၉၉.၉၉ %လောက်မကင်းကြပါဘူးဗျာ။ အဲလိုဆိုရင်  အလက်ဇန်ဒါ ဂရဟမ်ဘဲလ် ( ALEXANDER GRAHAMBELL)သူကို ကျနော်တော့
ခုရေးနေတဲ့ ကျော်စွာ  ၁၀၀ စရင်းမှာ ထဲလိုက်မယ်ဗျာ။ ဘယ်နည်းသစ်ကိုမှ တယ်လီဖုန်းလောက် အသုံးမများ။ နေ့စဉ်လူ့ဘ၀မှာ (ခုခေတ်)တယ်လီဖုန်းဟာ သိပ်အရေးပါ အရာရောက်နေတယ် ဆိုတာတော့ ဘယ်သူမှ မသိကျိုးကျွန်ပြုလို့မရပါဘူး။

@ ကျော်စွာ ၁၀၀ 

    မှော်ဆရာ

No comments:

Powered by Blogger.