ဒုတိယကမ္ဘာစစ်အတွင်းက စံပြုဖွယ်ရာအမျိုးသမီး သူရဲကောင်း(၄)ယောက်

ဒုတိယကမ္ဘာစစ်ကြီးဟာ ကမ္ဘာပေါ် အစိုးရွားဆုံး၊ အရက်စက်ဆုံး၊ အပြစ်မဲ့ပြည်သူတွေ သေပျောက်ခဲ့ရမှု အများဆုံးဖြစ်ပါ တယ်။ 1939 ခုနှစ် စက်တင်ဘာလ 1 ရက်နေ့က စပြီး ဖြစ်ပွားခဲ့တဲ့ စစ်ကြီးဟာ 1945 ခုနှစ် စက်တင်ဘာ 2 ရက်နေ့အထိ (6 နှစ်နဲ့ 1 ရက်) အထိ ကြာမြင့်ခဲ့ပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ သြဇာပျံ့နှံ့လိုဇော၊ ကိုလိုနီနယ်မြေတွေ ရလိုမှုစတဲ့ နောက်ခံရပ်တည်ချက်တွေနဲ့ စစ်အတွင်းမှာ သင့်ရာ မဟာမိတ်ဖွဲ့ရင်း တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။ အဲဒီစစ်ကြီးထဲမှာ အမျိုးသားတွေနဲ့ တန်းတူ
ရှေ့တန်းစစ်မြေပြင်မှာ ရဲရဲဝင့်ဝင့် ပါဝင်ခဲ့တဲ့ အမျိုးသမီးစစ်သည်တွေ ရှိပါတယ်။

အဲဒီအထဲကမှ အခုအချိန်ထိ သူရဲကောင်းမှတ်တမ်းဝင်နေဆဲ အမျိုးသမီး စစ်သည် (၅) ယောက်ကို ဗဟုသုတဖြစ်ဖွယ်ဖော်ပြလိုက်ပါတယ်။

(၁) Nancy Wake


Nancy ဟာ နယူးဇီလန်နွယ်ဖွားတစ်ယောက် ဖြစ်ပါတယ်။ ကြီးပြင်းတော့ သြစတီးယားမှာ ကြီးပြင်းခဲ့ပါ တယ်။ မူလအလုပ်အကိုင်းကတော့ ဂျာနယ်လစ်ဖြစ်ပြီး နယူးယော့ခ်မှ လန်ဒန်ကို ကူးချည်သန်းချည် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်ပြင်သစ် လူချမ်းသာတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ 1943 ခုနှစ်မှာ ဗြိတိန်အထူးစစ်ဆင်ရေးတပ်မှာ ၀င်ရောက် အမှုထမ်းခဲ့ပြီး စစ်ကြီးဖြစ်တော့ ပြောက်ကျား အထူးတပ်သားအဖြစ် စစ်မြေပြင်မှာ အမျိုးသားစစ်သားတွေကို အနီးကပ်၊တိုက်ခိုက် နှိမ်နင်းခဲ့ပါ တယ်။ ဒါကြောင့်မို့ သူမဟာ သူရဲကောင်းတွေကိုသာ ပေးအပ်လေ့ရှိတဲ့ ဆုတွေဖြစ်တဲ့ အင်္ဂလန်ဘုရင်မကြီးက
ချီးမြှင့်တဲ့ George Medal ဆု, အမေရိကန်သမ္မတက ချီးမြှင့်တဲ့ the Medal of Freedom ဆု , ပြင်သစ်က
ချီးမြှင့်တဲ့ Médaille de la Résistance  နဲ့ three Croix de Guerre ဆုတွေ ရယူနိုင်ခဲ့ပါတယ်။


(၂)  Elsie Ott

Elsie Ott ဟာ အမေရိကန်မှာ ပထမဆုံး လေကြောင်းသူရဲကောင်းဆု ချီးမြှင့်ခံရတဲ့ အမျိုးသမီးသူရဲကောင်း တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သူနာပြုတစ်ယောက် ဖြစ်ပေမယ့် 1941 ခုနှစ်မှာ အမေရိကန်လေ တပ်မှာ ၀င်ရောက်အမှုထမ်းခဲ့ပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရာ စစ်သားတွေကို လေယာဉ်နဲ့ လိုက်ပြီး ကောက်တဲ့အခါမှာ ကျည်ဆံတွေကြားထဲအတင်းဝင် အတင်းတိုး အသက်ကို ပဓာနမထားပဲ မိခင်နိုင်ငံရဲ့ စစ်သားတွေရဲ့ အသက်ပေါင်း ရာနဲ့ချီကာ ကယ်နိုင်ခဲ့ပါတယ်။ လူနာတွေအပေါ် အရမ်းကြင် နာလို့ ထိုခေတ်ထိုအခါက တော်ရုံဒဏ်ရာ Ott လာရင် ပျောက်လိမ့်မပေါ့-ဆိုတဲ့ စကားလေးတောင်  ထွန်းကားခဲ့ပါတယ်။ သူမဟာ အမှတ် 803 လေတပ်မှာ ဗိုလ်လေးရာထူးမှ ဗိုလ်ကြီးရာထူးအထိ တိုးမြင့်
ခံစားခွင့်ရှိခဲ့တဲ့ အရပ်ဘက်မှဝင်ရောက်လာတဲ့ ပထမဆုံး စစ်သားတစ်ယောက် ဖြစ်ခဲ့ပါတယ်။


(၃) Natalia Peshkova
ရုရှကြည်းတပ်မှာ သူနာပြုတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Natalia Peshkova ရဲ့ အကြောင်းက
တော့ ရုရှလူမျိုးတွေကြားမှာ အခုချိန်ထိ ဂုဏ်ယူနေဆဲ ဖြစ်ပါတယ်။ သူမဟာ အသက် 17 နှစ်အရွယ်မှာ ရုရှတပ်မတော်မှာ ၀င်ရောက်အမှုထမ်းခဲ့ပြီး လက်နက်စုံလေ့ကျင့်ရေးစခန်းမှာ သမိုင်းတွင် ပြစ်ဒဏ်တစ်ခု ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သူမရဲ့ ခြေအိတ်တစ်ဖက်ကို မြင်းက ၀ါးစားပစ်လိုက်လို့ တပ်ရေးဗိုလ်ကြီးက စည်းကမ်းပေါ့လျှော့တယ်ဆိုပြီး တစ်လတိတိ ဖိနပ်တစ်ဖက်သာစီးပြီး စစ်ရေးလေ့ကျင့်ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ရှေ့တန်းမှာ သုံးနှစ်အထိ နေခဲ့ရပြီး သေနက်သုံးကြိမ် ထိမှန်ခဲ့ပေမယ့်
သေကံမရောက် သက်မပျောက်သူလည်း ဖြစ်ပါတယ်။ စစ်တပ်က သူမကို ဒဏ်ရာတွေကြောင့် တာဝန်မှ အနားယူနိုင်ကြောင်း ခွင့်ပေးခဲ့ပေမယ့် သူမက အနားမယူဘဲ သူတတ်တဲ့ ဆေးပညာနဲ့ စစ်သားတွေကို ကယ်ခဲ့ပါတယ်။ သူမရဲ့ ရဲရင့်မှုကြောင့် အရာခံတပ်ကြပ်ကြီး ရာထူးကို တိုးမြှင့်ပေးခြင်း ခံခဲ့ရသလို၊ ရုရှနိုင်ငံတော်က ချီးမြင့်တဲ့ the Order of the Red Star သူရဲကောင်းဘွဲ့ကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးသူရဲကောင်း ဖြစ်ပါတယ်။


(၄)  Susan Travers
Susan Travers ကတော့ပြင်သစ် နိုင်ငံခြားသားကြေးစားစစ်တပ်မှာ အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလိပ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး စစ်ကြီးဖြစ်တော့ ပြင်သစ်ရှေ့တန်းကြက်ခြေနီအဖွဲ့နဲ့ ဆီရီယား၊
မြောက်အာဖရိက၊ အီတလီ၊ ဂျာမနီနိုင်ငံတွေ အနှံ့ကို သွားရောက်ခဲ့ပြီး ကျည်ဆံတွေကြားထဲမှာ ဒဏ်ရာရ စစ်သားတွေကို ကယ်တင်ခဲ့ရပါတယ်။ သူမဟာ စစ်အ တွင်းမှာပဲ ဗိုလ်မှူးကြီး Marie-Pierre Koenig နဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူမဟာ အီတလီစစ်မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေစဉ် စက်သေနက်ကျည် လည်ပင်းကို ဖောက်ဝင်ခဲ့ပေမယ့် အသက်မသေးခဲ့ဘဲ စစ်သားလူနာ 2500ကျော်ကို
ဗုံးဆံတွေ ကြားမှာ စစ်သုံးထရပ်ကားနဲ့ အခေါက်ခေါက်အခါခါ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒိနောက် မြေမြှုပ်မိုင်း သင့်ခဲ့ပြန်ပေမယ့် ဆေးရုံမှာ တစ်ပတ်သာ နေပြီး စစ်မြေပြင်ကို ပြန်သွားခဲ့ပါတယ်။ သူမကို တပ်မတော်က ဗိုလ်ကြီးရာထူးအထိ တိုးမြှင့်ပေးခဲ့ပြီး ပြင်သစသမ္မတက  Légion d’honneu, Croix de Guerre နဲ့ Médaille Militaire ဆိုတဲ့သူရဲကောင်းဘွဲ့တွေကို ချီးမြင့်ခဲ့ပါတယ်။ သူမဟာ ဗိုလ်မှူးကြီး Koenig နဲ့ စစ်အတွင်းမှာပဲ လက်ထပ်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

No comments:

Powered by Blogger.