ဒီတစ်ပတ်(15.5.2016 to 21.5.2016 ) ဗေဒင်


တနင်္ဂနွေ
စိတ်ရောကိုယ်ပါ အတွေးများ၊ အလုပ်ရှုပ်ရမည့်ကာလဖြစ်သည်။ တစ်ခုပြီးမှ တစ်ခုလုပ်ခြင်းဖြင့် သင့်ရဲ့ရည်ရွယ်ချက် များ အောင်မြင်လာမည်။ ခရီးဝေးများထွက်ဖြစ်မည်။ မရောက်ဖူးသောခရီးများ ရောက်မည်။ မလုပ်ဖူးသောလုပ်ငန်းများ လုပ်ဖြစ်မည်။ မချစ်ဖူးသောချစ်သူနှင့်လည်း ဆုံစည်းဖြစ်မည်။ မစားဖူးသောအစားအစာများလည်း စားဖြစ်မည်။ ကျန်းမာရေးနှင့်ပတ်သတ်၍ ၀မ်းဗိုက်ဂရုစိုက်ပါ။ အစာအိမ်နှင့်ပတ်သတ်၍ ဖြစ်တတ်သည်။ မစိုးရိမ်ရပါ။ စက်ပစ္စည်းများ အ၀ယ်မှားတတ်သည်။ အလိမ်ခံရတတ်သည်။ အချစ်ရေးမှာ မမျှော်လင့်ပဲ လက်ထပ်ဖြစ်မည်။ စီးပွားရေး ပြောင်းလဲမှုများဖြစ်မည်။ ၀န်ထမ်းအလုပ် ရာထူးတက်မည်။ အင်တာဗျုးဖြေဆိုသူများ အောင်မည်။
အကျိုးပေးဂဏန်း ၁၊၃၊၆
အထူးဟော - ဆန္ဒမစောသင့်ပါ။
ယတြာ - တနင်္ဂနွေနေ့နံနက်တွင် လမ်းမှာတွေ့သောသံဃာတစ်ပါးအား မုန့်ဆွမ်းကပ်လှူပါ။

တနင်္လာ
စိတ်ဓာတ်ထက်သန်မှုများနှင့် စိတ်ဓာတ်တက်ကြွမှုများဖြစ်သောကာလဖြစ်သည်။ အရာရာကို စိတ်ရောလူပါ ကြိုးစားအားထုတ်လျှင် အောင်မြင်မှုများရရှိမည်။ စီးပွားရေးသမားဖြစ်ပါက ငွေဝင်ကောင်းလာမည်။ အလုပ်များ တိုးတက်များပြားလာမည်။ ကျောင်းသူဆိုပါက ထူးချွန်စွာအောင်မြင်လိမ့်မည်။ ချစ်သူဆိုပါက အချစ်ရေး တုန့်ပြန်မှုကောင်းလိမ့်မည်။ အလုပ်တူချင်း ရှယ်ယာလုပ်ခြင်း၊ အရင်းနှီးဆုံးသူများနှင့် ချစ်သူဖြစ်သွားမည်။ ခရီးယာယီများသွားဖြစ်မည်။ လမ်းခရီး အန္တရာယ်မရှိပါ။ မရောက်ဖူးသောခရီး၊ မပေါင်းဖူးသောမိတ်ဆွေတို့ကြုံမည်။
အကျိုးပေးဂဏန်း ၂၊ ၅၊ ၇
အထူးဟော - သင် အောင်မြင်မည်။
ယတြာ - တနင်္လာနံနက်တွင် ငှက် သို့မဟုတ် ငါး သက်စေ့ ၀ယ်လွှတ်ပါ။

အင်္ဂါ
စိတ်ရှုပ် အလုပ်ရှုပ်သောကာလဖြစ်သည်။ လုပ်ငန်းဟောင်းများ မပြတ်သလို လုပ်ငန်းသစ်များလည်း ပိုများလာမည်။ ကိုယ့်အလုပ်အပြင် သူများအလုပ်များပါ ပိုများလာမည်။ ခြေ၊ လက်တို့ ထိခိုက်အနာတရဖြစ်မည်။ ယာဉ်၊ စက်တို့ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ ပြည်တွင်းပြည်ပခရီးများထွက်ရလိမ့်မည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ မရောက်ဖူးသောခရီးများသွားဖြစ်မည်။ ကျန်းမာရေးနှင့်ပတ်သတ်၍ ၀မ်းဗိုက်ဥပါဒ်ပေးတတ်သည်။ မိဘသားချင်း အတွက် စိတ်ရှုပ်၇မည်။ ချစ်သူများမည်။ အကြီးအကဲတို့ မြှောက်စားခြင်းခံရမည။် လုပ်တူကိုင်ဖက်တို့ အထင်လွဲခြင်း ခံရမည။် အောက်လက်ငယ်သားများ တော်လှန်ပုန်ကန်ခြင်းခံရမည။် ပစ္စည်းပျောက်မည်။ ပြန်ရမည်။
အကျိုးပေးဂဏန်း ၃၊ ၁၊ ၆
အထူးဟော စကားပြောဆင်ခြင်ပါ။
ယတြာ - အင်္ဂါနံနက်တွင် လမ်းမပေါ်သို့ ပိုက်ဆံ ၃၀၀ ကျပ် ပံ့သကူပြုပါ။


ဗုဒ္ဓဟူး
သင့်၏ စိတ်တို့သည် ပြောင်းလဲနေ၏ ။ စိတ်တွေလေသည်။ ခရီးစဉ်လည်း များ၏။ မရောက်ဖူးသောခရီးများ ရောက်မည်။ ချစ်သူစွဲလန်းသူ အသစ်များ တွေ့ကိန်းရှိသည်။ အလုပ်နှင့်ပတ်သတ်၍ တိုးတက်မြင့်မားမှုရှိသည်။ ၀င်ငွေကောင်းမည်။ အရင်းနှီးဆုံးသူငယ်ချင်းနှင့်စိတ်ဝမ်းကွဲမည်။ အထင်အမြင်လွဲခံရမည်။ ပြန်ခေါ်မည်။ မပေါင်းဖူးသောမိတ်ဆွေလည်းတွေ့မည်။ စက်ပစ္စည်း၊ ရွှေတို့ ၀င်ကိန်း ၊ ထွက်ကိန်းရှိသည် ကိုယ်ပိုင်လုပ်ငန်း ရှယ်ယာ လုပ်ငန်းများ အကျိုးပေးသည်။ အချစ်ေ၇း အိမ်ထောင်ရေး စန်းပွင့်သည်။ မိဘသဘောတူတာ တစ်ယောက် ကိုယ်ချစ်တာ တစ်ယောက်ဖြစ်နေတတ်သည်။
အကျိုးပေးဂဏန်း ၄၊ ၉၊ ၆
အထူးဟော - သတိနှင့် ကတိကို သတိထားပါ။
ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် တန်ခိုးကြီးဘုရားကို ထီးလှူပါ။

ကြာသပတေး
လွတ်လပ်စွာလှုပ်ရှားသောဆန္ဒနှင့် ပြင်းထန်သောစိတ်ဓာတ်တို့ဖြင့် ကြီးမားစွာ ကြိုးစားလိုက်ပါ။ အောင်မြင်မှု မကြာခင်ရလိမ့်မည်။ မမျှော်လင့်ပဲ ခရီးထွက်ရမည်။ မရည်ရွယ်ပဲ ချစ်သူတွေ့မည်။ အမှတ်တမဲ့မှ အမှတ်တရ များဖြစ်ပေါ်လာမည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည။် လူလိမ်၊ ငွေလိမ်ခံရမည်။ ပစ္စည်းပျောက်မည်။ အိမ်က မိသားစုအရေး ခေါင်းရှုပ်၇မည်။ အတိုက်အခံ ရန်အန္တရာယ်များ ပျောက်ပျယ်သွားမည်။ ကုသိုလ်ကောင်းမှုများ ပြုလုပ်ဖြစ်မည်။
အကျိုးပေးဂဏန်း ၅၊ ၆၊ ၈
အထူးဟော - အတိုက်အခံရှိသည။် သတိထားပါ။
ယတြာ - ကြာသပတေးနေ့တွင် ကလေးငယ်များကို မုန့်ဝေကျွေးပါ။


သောကြာ
စိတ်သစ်၊ လူသစ် လှုပ်ရှားမှု အသစ်များဖြင့် ကြိုးစားမှု၊ ပြုလာကိန်းရှိသောကာလဖြစ်ပါသည်။ အရာရာကို ရင်ဆိုင်ရဲသောသတ္တိရှိလာမည်။ ပွင့်လင်းစွာပြောဆိုပြီး ရဲရင့်စွာ ရင်ဆိုင်ရဲသော သတ္တိများ ပေါ်ပေါက်လာမည်။ ဆောင်ရွက်မှုများကြောင့် အောင်မြင်မှုများရှိနေသည်။ လွတ်လပ်စွာလှုပ်ရှားတတ်သည်။ ကိုယ့်ထူးကိုယ်ချွန်ကြိုးစား ဖြစ်မည်။ ရည်ရွယ်ချက်များအောင်မြင်မည်။ စာမေးပွဲအောင်မည်။ အလုပ်ရာထူးတက်မည်။ ငွေအစုလိုက်အပြုံလိုက် ၀င်မည်။ လူအိုအနှောင့်အယှက်များရှိ၍ ဂရုစိုက်ပါ။ ရွှေ၊ စက်၊ မြေ တိုက်ခန်းတို့ ပြောင်းလဲခြင်းမရှိသေးပါ ။ သူမျာုးအရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်သည်။ ငွေလိမ်ခံရကိန်းရှိ၍ ဂရုစိုက်ပါ။ ရစရာရှိသောငွေများ တစ်ချို့တစ်ဝက် ပြန်ရမည်။ စက်ပစ္စည်းများ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။
အကျိုးပေးဂဏန်း ၆၊ ၁၊ ၉
အထူးဟော - ဤတစ်ပတ်လုံး မင်္ဂလာဖြစ်နေမည်။
ယတြာ - ဘုရားနှင့်သံဃာတော်ကို သစ်သီးဆွမ်းကပ်ပါ။

စနေ
ရည်ရွယ်ချက်များအကောင်အထည်ဖော်မည်။ စူးစမ်းမှု၊ စုံစမ်းမှု၊ လွတ်လပ်စွာလုပ်ကိုင်မှုများပြုလာရမည်။ အောင်မြင်မှု များရှိသော်လည်း စိတ်ရှုပ်စရာများနှင့် စိတ်ဓာတ်ကျစရာများကြုံရမည်။ အတိုက်အခံများပေါ်မည်။ မနာလိုသူများ ပေါ်မည်။ ယှဉ်ပြိုင်သူများပေါ်မည်။ အောင်မြင်မှုရမည်။ ခရီးယာယီများထွက်ဖြစ်မည်။ ငွေဝင်ငွေထွက် ကြမ်းနေမည်။ စကားပြောဆင်ခြင်ပါ။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။ အချစ်ရေးနှင့်ပတ်သတ်၍ ကံကောင်းသည်။ စီးပွားရေးနှင့်ပတ်သတ်၍ အဆင်ပြေမည်။ အလုပ်အကိုင်နှင့်ပတ်သတ်၍ တိုးတက်မှုရှိမည်။ စာမေးပွဲဖြေဆိုပါက အောင်မြင်မည်။ ရာထူးတက်မည်။
အကျိုးပေးဂဏန်း ၂၊ ၀၊ ၈
အထူးဟော - အောင်မြင်မှုရမည်။
ယတြာ - စနေနေ့နံနက်တွင် တောင်ဘက်အရပ်ရှိလမ်းပေါ်၌ ငွေ ၅၀၀ ကျပ် ပံ့သကူပြုပါ။ လိုရာဆုတောင်း ပြည့်မည်။

မြစ်မခ မီဒီယာ တွင် ဖော်ပြထားသော ဒေါက်တာထွန်းလင်း (ဘုတလင်) ၏
၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်းမှ ကူးယူဖော်ပြသည်။

No comments:

Powered by Blogger.