စောဒီ (သို့မဟုတ်) ပျူစောထီး


ခုခေတ်ကရင်မျိုးနွယ်ကိုရေတွက်ရာတွင်ဘွဲကရင်လည်းပါဝင်လေရာဆရာစောအောင်လှ၏ကရင်ရာဇ
ဝင်စာအုပ် ၌စကော ကရင်နှင့် ပိုးကရင်တို့ အတူ လက်ထပ်ပေါင်းသင်းရာမှမွေးလာသော ကရင်များကို ဘွဲဟုဆိုထားသည်ကို တွေ့ရပါသည်။
ဘွဲကရင်သည် သံတွဲ တောင်ငူစသောနေရာများတွင် အများအားဖြင့်နေထိုင်ကြပြီစကောကရင်နှင့်ပိုးကရင် များမှဆင်းသက်လာသူများပီပီအလွန်လည်းသတ္တိ ဗျတ္တိနှင့်ပြည့်စုံသူများဖြစ်ရာထိုအထဲမှအလွန်ထင်ရှား
သောဘွဲကရင်သူရဲကောင်းတစ်ယောက်၏အကြောင်းကိုတင်ပြချင်ပါသည်။ထိုသူရဲကောင်းကားဗမာအခေါ်
ပျူစောထီးပင်ဖြစ်လေသည်။

စောဒီ(သို့မဟုတ်)ပျူစောထီး

***************************
AD-၉၅တွင်သရေခေတ္တရာပျက်စီးလေသောအခါ ဘွဲကရင်များသည်ဧရာဝတီမြစ်အနောက်ဘက်ကမ်း သို့အခြေချ နေထိုင်ကြလေသည်။ထိုသို့အခြေချနေ ထိုင်စဉ်တစ်ဖက်မျိုးနွယ်စု၏လာရောက် တိုက်ခိုက်မှုကိုခံရသဖြင့်ဘွဲကရင်ဘုရင်နှင့်မိဖုရားသည်ထွက်ပြေးလွတ်မြောက်သွားပြီး ဧရာဝတီမြစ်အထက် မလိုင်ဟုခေါ်ဆိုသောနေရာတွင် ပုန်းအောင်းနေထိုင်ကာဇာတ်မြုပ်၍နေလေ သည်။
ထိုသို့ဇာတ်မြုတ်နေထိုင်လာကြစဉ်စောဒီကိုကိုယ်ဝန် ဆောင်လေတော့သည်။ကိုယ်ဝန်ဆောင်သောအချိန်
မှစပြီဘွဲဘုရင်နှင့်မိဖုရားသည်ပိုးကရင်လင်မယားနှစ်ယောက်ကိုသူနှင့်အတူနေထိုင်ရန်ခေါ်ထားပြီ
အတူတကွလုပ်ကိုင်စားသောက်ကြလေသည်။

စောဒီကိုမွေးဖွားလာသောအခါအံ့သြဖွယ်ရာ အဖြစ်အပျက်တစ်ခုကိုကြုံတွေ့ရလေသည်။ထိုအချင်းအရာ ကားစောဒီကိုမွေးဖွားချိန်၌စောဒီနှင့်အတူကြိုးဖြူတစ် ချောင်းလည်းပါလာခဲ့ခြင်းပင်ဖြစ်လေတော့သည်။
ထိုကြိုးဖြူ သည်ပိုးသားကဲ့သို့နူးညံ့ကာ လေးကြိုး သဖွယ်ဆင်တူနေသဖြင့်တစ်နေ့နေ့ တစ်ချိန်ချိန်တွင်
ဤကြိုးသည်သားအတွက်အသုံးဝင်လိမ့်မည်ဟုဆိုကာ သိမ်းထားလိုက်ပြီသားဖြစ်သူကိုလည်းစောဒီဟု နာမည်ပေးခဲ့လေတော့သည်။

စောဒီငါးနှစ်သားအရွယ်ရောက်လေသော်စောဒီ၏မိဘနှစ်ပါးလုံးကွယ်လွန်သွားကြသဖြင့် စောဒီကို ပိုးကရင်လင်မယားကသားအရင်းသဖွယ်ဆက်လက်စောင့်ရှောက်ကြရာစောဒီအသက်၁၀နှစ်ရောက်ချိန်
တွင်ပိုးကရင်လင်မယားသည်စောဒီအားပညာသင်ကြားနိုင်ရန်အတွက် တောထဲတွင်တဲထိုးကာနေ နေ
သောရသေ့တစ်ပါးထံအပ်နှံပညာသင်စေလေတော့သည်။

ရသေ့လည်းစောဒီအားပညာမျိုးစုံသင်ကြားပြီစမ်းသပ် ရာလေးအတတ်တွင်ပို၍ထူးချွန်သည်ကိုသိရသဖြင့်
လေးအတတ်ပညာကိုပိုအလေးပေးကာသင်ကြားစေခဲ့သည်။ထိုအခါပိုးကရင်လင်မယားမှာစောဒီမွေးဖွား
လာစဉ်ကပါသောကြိုးဖြူကိုသတိရလာပြီးသိမ်းထားသောနေရာမှယူဆောင်၍စောဒီအားပေးလေသည်။
စောဒီသည်ထိုကြိုးနှင့်ကိုက်ညီသောလေးကိုင်းကိုပြုလုပ်လျှက်ကြိုးဖြူကိုတတ်ဆင်ပြီနောက်တောထဲသို့သွား၍ ပစ်မှတ်များပြုလုပ်ကာ လေ့ကျင့်ခြင်း သားကောင်များကိုရှာဖွေပစ်ခြင်းများပြုလုပ်လာရာမှလေးအတတ်တွင် သူမတူအောင်ထူးချွန်လေတော့သည်။ထိုအချိန်စောဒီ၏အသက်မှာ၁၅နှစ်မျှသာရှိသေးသည်။

နောက်တစ်နှစ်စောဒီအသက်၁၆နှစ်ရောက်သောအခါ ဝက်ကြီး တစ်ကောင် ကျားကြီးတစ်ကောင် ရှုံးပျံ တစ်ကောင်ငှက်ကြီးဝံဘိုတစ်ကောင်လေးကောင်တို့သည် ပုဂံပြည်ကြီးကိုဝင်ရောက်နှောက်ယှက်မင်းမူ
သောင်းကြမ်းနေလေတော့သည်။ ထိုအချိန်ပုဂံပြည်ကိုအုပ်ချုပ်သောမင်းမှာဘုရင်သမုတိရာဇ်ဖြစ်လေသည်။ ထိုသတ္တဝါလေးကောင်ကိုဘုရင်ကမနှိမ်နင်းနိုင်ပဲလက်မိုင်ချကာနေရလေသည်။ တိုင်းသူပြည်သားများ မှာလည်းထိုသတ္တဝါ၎ကောင်၏ရန်ကိုရင်ဆိုင်ကြုံတွေ့ရပြီလယ်ယာမြေများဖျက်စီးခံရခြင်း သတ်ဖြတ်ခံရခြင်းစသောဘေးဒုက္ခများကိုလည်း နေ့စဉ်ကြုံတွေ့ရလေတော့သည်။ထိုသတင်းကိုကြား
သောစောဒီသည်လူငယ်ပီပီမိမိကိုယ်ကိုယုံကြည်စွာဖြင့် ထို ဝက်ကြီး ကျားကြီး ရှုးပျံကြီး
ငှက်ကြီးဝံဘို လေးကောင်ကိုအနိုင်ယူတိုက်ခိုက်လိုသောစိတ်အလွန်အမင်းပြင်းထန်လေရာမွေးစား မိဘနှစ်ပါးနှင့် ဆရာရသေ့ကိုခွင့်ပန်ကာထိုသတ္တဝါများကိုနှိမ်နင်းခွင့်ပြုပါမည့်အကြောင်းတောင်းပန်
လျှောက် ထားလေ၏။

ပိုးကရင်မိဘနှစ်ပါးမှာစောဒီအတွက်စိုးရိမ်၍မလွတ်လို သော်လည်းစောဒီ၏သူရသတ္တိကိုသိသောဆရာ
ရသေ့ကခွင့်ပြုသဖြင့်ပိုးကရင်လင်မယားလည်းခွင့်ပြုလိုက်ရလေသည်။ခွင့်ပြုချက်ကိုရသော်စောဒီသည်
မလိုင်မှထွက်ခွါလာခဲ့ကာပုဂံသို့ခရီးထွက်ခွါလာခဲ့လေတော့သတည်း။


သတ္တဝါများအားနှိမ်နှင်းခြင်း
*************************
ပုဂံသို့ရောက်လေသော် ပုဂံရှိပြည်သူများထံမှ ဝက်ကြီး ကျားကြီး ရှုံးပျံ ငှက်ကြီးဝန်ဘိုအကြောင်းများကို စုံစမ်း ပြီနောက်သူတို့အစားအစာစားသောက်ချိန်တိုက်ခိုက် ပါကအကောင်းဆုံးဖြစ်မည်ဟုဆုံးဖြတ်လျှက်
ထိုအချိန်ကို စောင့်မျော်ကာနေလေသည်။ထိုသို့စောင့်ဆိုင်းရာမှတောဝက်ကြီးနှင့်ပထမဆုံးရင် ဆိုင် တွေ့လေသောအခါ စောဒီအဖို့အခက်အခဲမရှိ မြှားတစ်စင်းဖြင့်ပင် အောင်နိုင်လေသည်။ထိုအတူပင် ကျားနှင့်ရှုံးပျံကိုရင်ဆိုင်တိုက်ခိုက်ရာတွင်လည်း ငှက်ပျောသီးအခွံနွားစားရသကဲ့သို့မြှားတစ်စင်းဖြင့်ပင်
အောင်နိုင်ခဲ့လေသည်။
စောဒီအနေဖြင့်ငှက်ကြီးဝံဘိုနှင့်ရင်ဆိုင်ရသောအချိန် တွင် အတော်ပင်ခက်ခက် ခဲခဲရင်ဆိုင်ရလေသည်။ ငှက်ကြီးဝံဘိုသည် စောဒီကိုတွေ့မြင်သောအခါ ရန်သူမှန်းသိပြီ ကျယ်လောင်စွာအော်ဟစ်လိုက်သော် အသံသည်တတောလုံးတတောင်လုံးကိုခြောက်ခြားစေခဲ့ပြီပုဂံမြို့ပြည်သူများပင်ကြားရှိရလေသည်။

စောဒီကိုတိုက်ခိုက်ရန်အတွက်အတောင်ပံနှစ်ဖက်ကိုရိုက်ခတ်လိုက်ရာအားမှာအလွန်အင်အားပြင်းထန်
လှသဖြင့်လေးပြင်းမုန်တိုင်းတိုက်ခိုက်သည့်ပမာဘေး ပတ်ဝန်းကျင်ရှိသစ်ပင်ဝါးပင်တို့သည် ကျိုးကျပျက်စီးကုန်လေသည်။ သူ၏နှုတ်သီးဖြင့်မြေကြီးကိုပေါက်လိုက်သောအခါ တစ်ခါပေါက်လျှင်
ရေအိုင်ငယ်တစ်အိုင်ပေါ်ပေါက်လာသည့်အထိ ပြင်းထန်လှလေသည်။ငှက်ကြီးဝံဘို၏ ခြေသည်းသည် ကားအလွန်အသွားထက်လှသောဓားသွားပမာ လှံချွန်ပမာကဲ့သို့ ထက်မြတ်လှတော့ သည်။

ထို့နောက်ငှက်ကြီးဝံဘိုသည် စောဒီကို တိုက်ခိုက်ရန် လေပေါ်သို့တဟုန်ထိုးပျံတက်ပြီးအားဖြင့်
စောဒီရှိရာသို့ထိုးဆင်းလာလေသည် ထိုအခါ စောဒီသည် လေးဖြင့် ငှက်ကြီးဝံဘိုကိုပစ်လိုက်လေရာ ရင်ဝကိုမထိမှန်ပဲ တောင်ပံကိုသာထိမှန်လေသည်။ ထိုသို့မထိရခြင်းမှာ ပြင်းထန်သောအဟုန်ဖြင့်ထိုးဆင်းလာသောအခါ လေ၏အရှိန်အဟုန်ကြောင့်လမ်းကြောင်းပြောင်းသွားရခြင်းဖြစ်လေသည်။
အတောင်ပံထိမှန်သောအခါငှက်ကြီးဝံဘိုမှာလိုရာသို့မရောက်ပဲမြေပြင်ပေါ်သို့ကျသွားလေသည်။ ထိုအခါ ပို၍ဒေါသထွက်လာကာ နှုတ်သီးဖြင့်ထိုးဆိတ်ရန် ခြေသည်းဖြင့်ကုတ်ခြစ်ရန်စောဒီရှိရာသို့တိုးပြန်လေသော် ဒုတိယလေးတစ်စင်းကိုပစ်လိုက်သောအခါမှရင်ဝသို့ထိမှန်ကာငှက်ကြီးဝံဘိုမှာသေဆုံးသွားရ
လေတော့သည်။
(အမှန်စင်စစ် ငှက်ကြီးဝံဘို တကယ်ရှိခဲ့ကြောင်းကို မာကိုပိုလို၏ခရီးသွားမှတ်တမ်းတွင်တွေ့ရလေသည်)

စောဒီသည်ငှက်ကြီးဝံဘိုကိုသတ်ဖြတ်ပြီနောက်တောင်ပံတစ်ဖက်မှအမွေးတစ်ချောင်းကိုနှုတ်ယူပြီ
ဘုရင်သမုတိရာဇ်ကိုဆက်သရန်ပြည်သူများကိုမှာကြားပြီမလိုင်သို့ပြန်သွားလေတော့သည်။
ဘုရင်သမုတိရာဇ်သည်ထိုအကြောင်းကိုကြားသိရလေသော်လွန်စွာအားရသဖြင့်စောဒီနှင့်ပိုးကရင်လင်
မယားကိုအခေါ်လွတ်ပြီ ချီးမြင့်မြောက်စားလျှက်စောဒီ ကိုသမီးတော်နှင့်ပေးစားကာ ကိုအိမ်ရှေ့အရာ အပ်နှင်း လေတော့သည်။ ဘုရင်သမုတိရာဇ်သည်ပုဂံပြည်ကိုတည်ထောင်သောမင်းတည်း။

ပုဂံပြည်ကို၄၅နှစ်စိုးစံပြီးသေလွန်သောအခါ စောဒီမှာ ဘုရင်ဖြစ်လာရန်ရှိသော်လည်းကျေးဇူးတရားမမေ့
တတ်သော ကရင်များ၏သဘာဝဓလေ့အရ မိမိအား အတတ်ပညာသင်ကြားပေးခဲ့သောဆရာရသေ့ကို နန်းအပ်လေသည် ထိုအခါ ဆရာရသေ့သည် ရသေ့ကျော် မင်းဟူသောနာမည်ဖြင့် ပုဂံပြည်ကို ၁၅နှစ်အုပ်ချုပ်ပြီနောက်သေလွန်လေသည်။
ထိုအခါမှစောဒီလည်း ဘုရင်ပြုလုပ်လျှက် တိုင်းပြည်ကိုအုပ်ချုပ်လေတော့သတည်း။
မှတ်ချက်။ ။
စောဒီမှာဘွဲကရင်ဖြစ်သော်လည်းပိုးကရင်လင်မယားမှမွေးစားသောကြောင့်ပဝိုစောဒီဟုခေါ်ကြလေသည် ထိုအခေါ်ကိုဗမာများက ခေါ်သောအခါမပီမသဖြစ် သောကြောင့် ပျူစောထီးဖြစ်လာရလေသည်ဟု မှတ်သားရပါသည်။

===========&&&&&============

ကျတော်သည် တကောင်းမြို့၏ ၁၇ဆက်မြောက် ဘုရင်စောမော်ပွယ်ကိုဗမာများက မောင်ပေါက်ကျိုင်းဟု ဗမာမှုပြုလိုက်သည့်အကြောင်းကိုတင်ပြခဲ့ပြီဖြစ် လေရာယခုတစ်ခါပျူစောထီးဟုဗမာမှုပြုခံလိုက်ရ
သောစောဒီအကြောင်းကိုဆက်လက်တင်ပြခြင်းပင်ဖြစ်သည်။

ထိုသို့တင်ပြရသည့်ရည်ရွယ်ချက်မှာသမိုင်းအမှန်ကိုသိစေလိုသောကြောင့်ပင်ဖြစ်သည်။ထိုသို့သမိုင်း
အမှန်ကိုသိလာသော် ငါတို့ကရင်လူမျိုးတို့သည် နိုင်ငံမရှိခဲ့ဟူ၍၄င်း သူရဲကောင်းမရှိခဲ့ဟူ၍
၎င်း ပြောဆိုခဲ့သောစကားကိုချေဖျက်ပြီသားဖြစ်လိမ့်မည် ဟုယုံကြည်မိသလို ဤမြေသည်ကား ငါတို့က ရင်မြေ တည်း ဤနိုင်ငံသည်ကားငါတို့ကရင်နိုင်ငံတည်းဟုသိစေပြီ မိမိမြေ မိမိနိုင်ငံ၌မိမိတို့အခွင့်အရေး မှန်သမျှ ရပိုင်ခွင့်မှန်သမျှအပြည့်အဝရရှိအောင်အားထုတ်စေလိုသောစိတ်ဆန္ဒပေါ်ထွန်းလာစေရန်အတွက်
ရည်ရွယ်ရေးသားလိုက်ရခြင်းပင်ဖြစ်ပါသည်။

အမျိုးများအားလုံးကျန်းမာချမ်းသာကြပါစေ။
ကျမ်းကိုး
ဆရာစောအောင်လှ၏ကရင်ရာဇဝင်စာအုပ်
.
U Taw Pantanaw

No comments:

Powered by Blogger.