ကင်ဆာကို အံတုခဲ့သူ Zach Zeiler


၁၅ နှစ်အရွယ်တည်းက Hodgkin's Lymphoma ဆိုတဲ့ ခန္ဓာကိုယ်မှာ သငံရည်လို အဖုအကျိတ်တွေထွက်တဲ့ ကင်ဆာတစ်မျိုးကို စတင်ခံစားခဲ့ရပါတယ်။ ထိုအတွက် ကင်ဆာဆေးတွေ သွင်းရသလို ဓာတ်လည်း ကင်ရပါတယ်။ ပုံမှန်ဆိုရင် ရောဂါသည်တစ်ဦးလို ပိန်ချုံးသွားမှာဖြစ်ပေမယ့် Zeiler ကတော့ ကင်ဆာကို အံတုခဲ့ပါတယ်။ ကင်ဆာကြောင့် ကိုယ်ခန္ဓာအ
လေးချိန်ကျတာကို ကာမိဖို့ အစားများစွာစားခဲ့သလို လေ့ကျင့်ခန်းလည်းပြင်းထန်စွာလုပ်ခဲ့ပါတယ်။
လေ့ကျင့်ခန်းတွေဟာ ပုံမှန်လူအတွက်တောင် အလွန်ပင်ပန်းရင် ရောဂါသည် တစ်ယောက်အတွက် ဘယ်လောက်ပင်ပန်းမလဲ စဉ်းစားကြည့်ပါ။ အလွန်နာကျင်ပင်ပန်းပေမယ့် မလျော့တဲ့ဇွဲ နဲ့ စိတ်ပြင်းထန်မှုကြောင့် အခုဆိုရင် Zeiler ဟာ
 ရောဂါက သက်သာလာသလို သူ့ခန္ဓာကိုယ်ကလည်း ပုံမှန်ကျန်းမာသူထက်တောင် သန်စွမ်းလာပါတယ်။ သူ့ရဲ့ လေ့ကျင့်မှု နဲ့ နေထိုင်စားသောက်မှုကို အခြားသူများအတွက်လည်း စိတ်ခွန်အားတက်စေဖို့ ဗီဒီယိုတွေ အွန်လိုင်းပေါ်တင်ပြီး
နောက် လူသိများသူ တစ်ယောက်ဖြစ်လာပါတော့တယ်။

No comments:

Powered by Blogger.