ဒုတိယပုဂံ (သို့မဟုတ်) ပခန်းငယ်ဒေသ


ချစ်သူ…ထံသို့ ဒုတိယ အကြိမ် ရောက်ရပြန်၏။ ချစ်သူ ဆိုသည်မှာ မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းငယ် ဒေသမှ အမည် ဆန်းပြီး ချစ်စဖွယ်ကောင်း သည့်ချစ်သူရွာသာဖြစ်၏။ ချင်းတွင်းမြစ်ကမ်း ဘေးမှာရှိ၏။ အိမ်ခြေလေးရာကျော်ရှိ၏။ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုး၏။ ချစ်သူလျှပ်စစ်မြစ်ရေတင်ရှိ၏။ ပခန်းငယ် လေးရွာတွင်ပါဝင်၏။ မင်းတုန်းမင်းငယ်စဉ် မောင်စံလွင် ဘဝက နေထိုင်ခဲ့ ဖူး၏။ ၄င်း၏ ငယ်ဆရာ ပခန်းမင်းကြီး ဦးရန်ဝေး၏ ရွာ လည်းဖြစ်၏။ ဦးရန်ဝေးအားအမှူးပြုပြီး ပန်းဒူးဆရာတော်အားလှူဒါန်းခဲ့သည့် ကျောင်း တော်ကြီးလည်းရှိ၏။


 သိမ်၊ ကျောင်းနှင့် ဘုရားပုထိုး၊ စေတီများလည်းရှိသေး၏။ အချို့လက်ရာများ ကျန်နေသေး၏။ တာဝန် ရှိသူများမှ အချိန်မီ စစ်ဆေးထိန်းသိမ်းထား သင့်၏။ ပထမအကြိမ်ကစက်တင်ဘာတွင် လည်ပတ် ခဲ့ခြင်းဖြစ်၏။ ယခု ဒုတိယအကြိမ် ရောက်ရသည်မှာ မိတ်ဆွေကြီး ဦးစိုးဝင်း မြင့်ပိုင် သုံးဧကခန့် ကျယ်သော ပြခန်းအတွင်းရှိ နေအိမ်တွင် ရှေးဟောင်းပစ္စည်းနှစ်ခု လေ့လာမှတ်တမ်းတင်ရန်
ဖြစ်သည်။ ရှေး ဟောင်းလက်ရာ ပန်းတဉ်း၊ ပန်းပွတ် လက် ရာများဖြင့်မွှန်းထုံထားသော ကျွန်းခုတင်နှင့်
သေတ္တာတစ်လုံးဖြစ်သည်။


 မန္တလေးမြို့ရှိ ဗိသုကာပညာရှင် ဦးဝင်းမောင်ထံ ပြသစစ်ဆေးခံ၏။ ဆရာ ကြီးမှ ကုန်းဘောင်ခေတ် အလယ်ပိုင်းမြန်မာ သက္ကရာဇ် ၁၁၉ဝ ခုနှစ်ခန့်က ဟုဆို၏။ ကျွန်း ခုတင်မှာ အလျား ၆ ပေ၊ အနံ ၅ ပေခွဲ နှင့် အမြင့် ၂ ပေခွဲခန့်ရှိ၏။ ကျွန်း သေတ္တာမှာ ပျဉ်တစ်ချပ် တည်းဖြင့် အဆက် မရှိ ပြုလုပ်ထား၏။ အတွင်းပိုင်း အံဝှက်များ ပါပြီး အောက်ခြေ၌ ဘီးလေးဘီးတပ်ထား၏။ ယခုမူ ရှေးဟောင်း ပစ္စည်း ဖြစ်သည်ဆို၍ လိုအပ်သည်များ ဆောင်ရွက်ရန် ထပ်မံ ရောက်ရှိရပြန်၏။


 ချစ်သူရွာ ရာဇဝင်ကား မသေးလှပေ။ မင်းတုန်းမင်း၏ ခမည်းတော် သာယာဝတီ မင်းကြီးသည် ပခန်းနယ် ကျောက်ဆောင်ရွာ ဖွား မိဖုရားနှင့်ရည်ငံ၏။ မင်းတုန်းမင်းအား မွေးဖွားတော်မူ၏။ သက္ကရာဇ် ၁၁၉၁ ခုနှစ် နန်းတွင်းမငြိမ်မသက်ဖြစ်၏။ ပန်းဒူးဆရာ တော်ကြီးမှ တပည့်များနှင့် အတူ ရှင်မတောင် ပခန်းဒေသသို့ ကြွချီလာ၏။ ထိုစဉ် မင်းတုန်း မင်းလောင်းလျာ မောင်စံလွင်၊ ဦးရန်ဝေးနှင့် အခြားေ သာ တပည့်ရဟန်းများလည်းလိုက် ပါ၏။ မင်းတုန်းမင်း အထွတ်အထိပ် ရောက် ချိန်တွင် ဆရာအား ပူဇော်
သောအားဖြင့် ကျောင်း၊ကန်၊ ဘုရား၊စေတီများ တည်ဆောက်ပေးလှူ၏။ တိုင်ပေါင်း ၃၃၂ တိုင်ရှိသည့်
ကျောင်းတော်ကြီးလည်း တစ်ခု အပါအဝင်ဖြစ်၏။


တိုင်းလုံးပတ် ၆ ပေ ၄ လက်မမှ ၈ လက်မ အထိရှိ၏။ တိုင်အရှည် ၂ဝ ပေမှ ၆ဝ ပေ အထိ ရှိ၏။ ခါးပန်း၊ ယက် မတို့မှာ ထု ၂ လက်မခွဲ၊ ဗျက် ၄ လက်မရှိ၏။ ကြမ်းခင်းထု ၁ လက်မခွဲ၊ ဗျက် ၁ ပေရှိ၏။ လှေကား ရှစ်စင်းရှိ၏။ တောင်ဘက်၊ မြောက်ဘက်တွင် သုံးစင်းစီနှင့် အရှေ့ အနောက် တစ်စင်း စီရှိ၏။ ယခု အချိန်တွင် လှေကားနှင့် တိုင်အချို့သာ အလဲလဲအပြိုပြို တွေ့မြင်ရ တော့၏။ သစ်သားနှင့် ပတ်သက် သော အစိတ်အပိုင်းများအား အမိုး၊ အကာ အောက်ထိန်းသိမ်းပြီး အုတ်လှေကားများ အား လက်ရာမပျက် ခြံဝန်းခတ် ထိန်းသိမ်း ရန် ရှေးဟောင်းသုတေသနမှ ပုံစံငယ် ထုတ် ပြီး ပြင်ဆင်နေပြီဟု သိရလေ၏။ ပခန်းဒေသ သည် ပုဂံနှင့်ရခိုင်ပြီးက ရှေးေ ဟာင်းယဉ် ကျေးမှု အမွေအနှစ်လက်ရာ အများဆုံးရှိ
ကြောင်း လေ့လာမိသည်။ ဒုတိယ ပုဂံဟု လည်း တင်စားခေါ်ဝေါ်ကြသည်ကို မှတ် သားမိ၏။ ကျောင်းမှာ ပခန်း၊ ဘုရားမှာ ပုဂံဟုလည်း ဆိုစမှတ်ပြုကြောင်းလည်း သိရှိ ရသည်။ မြေပြင်၌လည်း အနုလက်ရာ များ
ကျန်နေသေး၏။ ယင်းဒေသတွင် ရှေး ဟောင်းသမိုင်းဝင် သိကြားမင်းကိုယ်တိုင် အလောင်းစည်သူမင်းကြီးအား ဆက်သခဲ့ သည့် သရက္ခန် စည်သူရှင်ဘုရားလည်း တည်ရှိပေ၏။ ချင်းတွင်းတစ်ဖက်ကမ်း ရွှေ ကူနီတွင် ဦးမင်းကျော် ပျော်စံရာနတ်နန်း ရှိသေး၏။ ပုဂံနှင့်
မိုင်၃ဝခန့်ခရီး ရှိသည့် ပခန်းငယ်ဒေသကို နောင်တွင်လည်း များစွာဖွံ့ဖြိုးတိုးတက်ပါစေဟု ဆုတောင်းမိ ပါတော့သည်။

နိုင်ထွန်း(TGI)
Popular Journal

No comments:

Powered by Blogger.