အရောင်မျိုးစုံ ပြောင်းနိုင်တဲ့ဖား

  ဒီဖားအကြောင်း သင်တစ်ခါမှ မကြားဖူးလောက်ပါဘူး။ သူ့မှာအရောင်မျိုးစုံပြောင်းနိုင်တဲ့ အစွမ်းရှိပါတယ်။ ပုံမှန်ဖားတွေနဲ့ မတူပဲ ပန်းရောင် ၊ အစိမ်းရောင် ၊ အ၀ါရောင် စသည်ဖြင့် မျိုးစုံပြောင်းလဲနေတတ်ပါတယ်။ သူတို့ကို သိပ္ပံနာမည်နဲ့ Atelopus Varius လို့ခေါ်ပါတယ်။


ဒီဖားတွေဟာ ၁.၅လက်မ ကနေ ၂.၄လက်မ လောက် အရွယ်အစားရှိပါတယ်။ သူတို့ရဲ့ပုံမှန်အရောင်က အနက် ဒါမှမဟုတ် နီညိုရောင် ဖြစ်ပေမယ့် ထူထူးဆန်းဆန်း အခြားအရောင်တွေကိုလည်း ပြောင်းလဲနိုင်ကြပါတယ်။



နောက်တစ်မျိုးအနေနဲ့ လူပြက်ဖား (Clown Frog) လို့လည်းခေါ်ကြပါတယ်။ ဒီဖားအမျိုးအစားကို ကော်စကာရီကာ နဲ့ ပနားမားအနောက်ပိုင်း တစ်ဝိုက်မှာ တွေ့ရလေ့ရှိပါတယ်။

#သုတဇုန် #thutaOMG
fb.com/thutazone
www.thutazone.com

No comments:

Powered by Blogger.