လူ့သမိုင်းမှာ အကြီးကျယ်ဆုံး ဆင်စွယ်မီးရှို့ဖျက်ဆီးမှု ကင်ညာနိုင်ငံ ပြုလုပ်
ကင်ညာနိုင်ငံမှာ ဆင်စွယ် တန် ၁၀၀ ကျော်နဲ့ ကြံ့ဦးချို ၁ တန်ကျော်ကို စနေနေ့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ယင်းစုဆောင်းထားတဲ့ အရာတွေဟာ ဖျက်ဆီးသမျှထဲ အများဆုံးဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။
ကင်ညာနိုင်ငံသမ္မတ Uhuru Kenyatta မှ Nairobi National Park ရှိ ယင်း ဆင်စွယ်၊ ကြံ့ဦးချို အစုအပုံလိုက်ကြီးကို တိရိစ္ဆာန်မျိုးစိတ်တွေ အန္တရာယ်ဖြစ်စေတဲ့ ကုန်သွယ်မှုဆန့်ကျင်ကြောင်း ထင်ရှားပြသတဲ့အနေနဲ့ မီးရှို့ခဲ့တာပါ။
ကင်ညာသမ္မတ Uhuru Kenyatta က ပိုင်နက်ကျူးကျော်ပြီး ခိုးယူဖမ်းတဲ့မျိုးဆက်သစ်တစ်ခုဟာ
ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ တရားမဝင်ဖမ်းဆီးခြင်းနဲ့ သေဆုံးခြင်းမှ
ရရှိတဲ့ အမြတ်အစွန်းတွေက ရာဇဝတ်မှု အဆက်မပြတ် ဖြစ်စေကာ ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ အမွေအနှစ်သာမက တိုင်းပြည်တည်ငြိမ်မှုနဲ့ ကျွန်ုပ်တို့လူမှုအဖွဲ့အစည်းအတွင်း လုံခြုံမှုကိုပါ
ခြိမ်းခြောက်နေပါတယ်။ ဒီရာဇဝတ်မှု လုပ်ငန်းကြောင့် အဆိုးဆုံးကာလတချို့ ကျွန်ုပ်တို့ ဖြတ်
သန်းခဲ့ကြပါတယ်။ တကယ်တော့ ကျွန်ုပ်တို့ရဲ့ ဆင်အရေအတွက် ပြန်လည်မတ်ထောင်လာနေတဲ့ လက္ခဏာတွေ ရှိပါတယ်။
ဒါက ဒီကြောက်မက်ဖွယ် တိုက်ဖျက်ခြေမှုန်းခြင်းကနေ သေကံမရောက်သေးလို့ ကျန်ရစ်တာတွေ ကာကွယ်ဖို့နဲ့ ကျွန်ုပ်တို့ ဆင်တွေ နောက်ထပ် ဒီလို တိုက်ခိုက်မခံရအောင် လုပ်နိုင်တာတွေ ဆောင်ရွက်ဖို့ တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဖရိကနိုင်ငံမှာ ပိုင်နက်ကျူးကျော် အမြဲလိုက် ခိုးဖမ်းခြင်းက ပြသနာရပ်ကြီးတစ်ခုဖြစ်နေပြီး နှစ်စဉ် ဆင် ၃၀,၀၀၀ ကျော် အသတ်ခံနေရပါတယ်။
Trend Myanmar


No comments: