ထားဝယ်က ကျိုက်ထီးရိုးဘုရားပုံစံတူ စေတီနှစ်ဆူ

ထားဝယ်ဒေသတွင် ထူးခြားသော်လည်း လူသိနည်းသော ကျိုက်ထီးရိုး ဘုရား နှစ်ဆူ ရှိပါသည်။ တစ်ဆူမှာ ထားဝယ်မြို့ အရှေ့တောင်ယွန်းယွန်း သရက်ချောင်းမြို့နယ် သဲချောင်းကြီး ကျေးရွာအနီးမှ ဗျတ်ဝိသား ကျိုက်ထီးရိုး ဘုရားဖြစ်၍ ကျန်တစ်ဆူမှာ ထားဝယ်မှ အနောက်တောင်ဘက်ကျ သည့် လောင်းလုံးမြို့နယ်
ကျောက်ဝပ်ပြင် ရွာအနီးမှ ဇိနမာရ်အောင် ကျိုက်ထီးရိုး စေတီတော် တို့ပင်ဖြစ်ပါသည်။

လောင်းလုံးမြိ့နယ် ကျောက်ဝပ်ပြင်ရွာ မှ
ဇိနမာရ်အောင် ကျိုက်ထီးရိုး စေတီတော်

တိုက်ဆိုင်သည်မှာ ထားဝယ်မြို့မှ မ်ုင် ၄၀ ခန့်စီ ကွာဝေးပြီး ထားဝယ်မြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်
တွင် ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိခဲ့သော ဘုရားများဖြစ်ကာ မွန်ပြည်နယ် မူလ ကျိုက်ထီးရိုး စေတီ
တော်မြတ်ကြီး နှင့် သမိုင်းကြောင်း ဆက်စပ်လျက် ရှိသည်ဟု ရှေးလူများ အဆို ရှိခဲ့ပါသည်။ မှန်၏ မမှန်၏ သက်သေ မရှိသော်ငြားလည်း စေတီတော် တည်ထားရာ ကျောက်တုံးများမှာ အမှန်ပင် ထူးခြားလှသဖြင့်
ဖူးမျော်ကြည်ညို နိုင်ကြစေရန် စေတနာသက်သက်ဖြင့် တင်ပြလိုက်ရပါသည်။

သရက်ချောင်းမြို့နယ် ဗျတ်ဝိသား
ကျိုက်ထီးရိုး စေတီတော်မြတ်
Credit; Ko Aung Moe Thu (https://www.facebook.com/shine.myanmar.5)

No comments:

Powered by Blogger.