ကမ္ဘာ့မြေပုံဆွဲကာ ခရီးသွားပြီးခဲ့ တဲ့ နေရာတိုင်းကို ဆေးချယ်ခဲ့သူ
သူ့နာမည်က Bill Passman ၊ အငြိမ်းစားရှေ့နေတစ်ဦး ဖြစ်ပါတယ်။ သူဟာ ခရီးသွားရတာကို အလွန်ဝါသနာပါပြီး ၂၀၀၆ ခုနှစ်တည်းက စတင်သွားခဲ့တာပါ။ ထူးခြားတာကတော့ သူ့ရဲ့ကျောကုန်းမှာ ကမ္ဘာ့မြေပုံကို ဆွဲထားပြီး ခရီးသွားပြီး တိုင်း သူရောက်ခဲ့တဲ့နေရာတွေကို ဆေးခြယ်ပစ်လိုက်တာပါပဲ။
အသက် ၆၁ ရှိတဲ့ အခုအချိန်မှာတော့ သူဟာ နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ တိုက်ကြီး ၇ တိုက်စလုံးကို ရောက်ခဲ့ပြီးပါပြီ။ မြေပုံမှာလည်း ဆေးခြယ်စရာ အလွတ်အနည်းငယ်ပဲ ကျန်ပါတော့တယ်။
သူကတော့ ဆေးခြယ်စရာ မကျန်တော့တဲ့ အထိ ဆက်လက်ပြီး ကမ္ဘာအနှံ့ခရီးသွားနေဦးမယ်လို့ ဆိုပါတယ်။
#သုတဇုန်
fb.com/thutazone
www.thutazone.com








No comments: