ဘတ်စကားပေါ်မှာ မဖွယ်မရာလုပ်ပြသူကို အမျိုးသမီးများ ဆုံးမလိုက်ကြ (ရုပ်သံ)


တူရကီ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် တစ်ခုဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့xxx ကို အမျိုးသမီးတစ်ဦးအား ထုတ်ပြခဲ့ပါတယ်။

ပုံမှန် ဆိုရင် အမျိုးသမီးအများစုဟာ ရှက်ပြီး ကြောက်ရွံ့ကာငြိမ်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးကတော့ အော်ဟစ်ကာ ထိုသူကို ရိုက်နှက်ပါတယ်။ အခြားအမျိုးသမီးများလည်း သိရှိသွားပြီး ၀ိုင်းကာ ရိုက်နှက်ကန်ကြောက်ကြပါတော့တယ်။

ထိုသူမှာ ထွက်ပြေးရန် ကြိုးစားသေးသော်လည်း အခြားသူများက ထွက်ပြေးခွင့်မပေးခဲ့ပဲ ဖမ်းထားပြီး ရဲလက်သို့ အပ်နှံခဲ့ပါတယ်။ ဒရိုင်ဘာမှာ ရဲစခန်းသို့ရောက်မှ တံခါးကို ဖွင့်ပေးခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရဲများက ထိုသူကို စစ်ဆေးမေးမြန်းပြီး ချုပ်ထားပါတယ်။


No comments:

Powered by Blogger.