ကမ္ဘာပေါ်က အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာ


တခါ တုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက် ခဲ့တယ်။ ထိုတိုင်းပြည်ရဲ့ အနီး အနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်။ ထိုဘုရင် ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက် ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေး တစ်ခုပေးလိုက်ပါတယ်….


.အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက်
အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….


“လောကကြီးမှာရှိတဲ့အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “


အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ
…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်တစ်နှစ်ရဖို့အတွက် အဖြေရှာဖို့
လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊
ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့ တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင်
ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့
အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို
အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်…
တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊
နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေးဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်း၊
ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်းထဲရှိတယ်…
အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်းညစ်ညမ်းလှတယ်….
ဒီဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့
ယူဖို့တိုက်တွန်းဖို့ရာမှာသူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက်
အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကိုလက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို
စုန်းမကြီးကပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ်အလိုချင်ဆုံးအရာက ………………….

သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“


ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ
ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကိုတပြိုင်နက်ခံစားနေရပြီပေါ့….
သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို
စဉ်းစားမိလို့ပေါ့….
အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို
တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…
“ဘာတွေဖြစ်ကုန်ပြီ လဲမိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ရုပ်နဲ့တွေ့ပေမယ့်
ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်းတဲ့သင့်ကို အခွင့်အရေး တစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက်ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့
ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…
အမတ်ကြီးလဲသေချာစဉ်းစားပြီး အဖြေပေးရတော့မယ်….
နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေးကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား.
ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီးကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို
ပိုင်ဆိုင်မှာလား..???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????


Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “



အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ရှင် ကျွန်မကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…



ပုံပြင်လေးရဲ့ အဓိကဆိုလိုရင်းက ဘာလဲ….?????



သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကိုစီမံခွင့်မရခဲ့ရင်………

………….သင့်အခြေအနေဟာလဲ နေ့ဒါမှမဟုတ် ည ပိုင်းတွေမှာ ………………………………
………………………………..မလှပနိုင်တော့ဘူးနော်……….

ကိုတင့်

No comments:

Powered by Blogger.