သမီလေးခြေထောက်ကို အကြိမ် ၃၀၀ကျော် ချိုးခဲ့ရတဲ့ မိဘများ
သားသမီးတွေကို အကောင်းဆုံးတွေချည်း ဖြစ်စေချင်တာ မိဘတွေရဲ့စေတနာပါ။ ဒီလိုဖြစ်လာဖို့ တစ်ခါတစ်ခါ ရင်နာနာနဲ့ ဆုံးဖြတ်ခဲ့ရတာတွေ ရှိပါတယ်။
ဗြိတိန်က အယ်လ်စီဆိုတဲ့ကောင်မလေးဟာ မွေးကတည်းက ညာဘက်ခြေထောက် သိသိသာသာ သိမ်နေခဲ့ပါတယ်။ ဆရာဝန်တွေက ကြာရင်ပိုဆိုးလာနိုင်တာကြောင့် ခြေထောက်ကိုဖြတ်ပြီး ခြေတုတပ်ဖို့ အကြံပေးကြပါတယ်။ ဒါပေမယ့် မိဘနှစ်ပါးက လက်မခံခဲ့ပါဘူး။ ခြေထောက်မဖြတ်ပဲ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းကို ရှာဖွေခဲ့ကြပါတယ်။
ပုံမှန်ဖွံ့ဖြိုးမှုကို ဆန့်ကျင့်ပြီး လိုသလိုပုံသွင်းခဲ့တာကြောင့် ကလေးငယ်ဟာ အချိန်နဲ့အမျှ နာကျင်နေရပါတယ်။ ဒါပေမယ့် ၄ လကြာပြီးတဲ့နောက်မှာ ခြေထောက်ဟာ တူညီလုနီးပါး ဖွံ့ဖြိုးလာခဲ့ပါပြီ။
"၄လအတွင်း သမီးလေး နာကျင်လွန်းလို့ ငိုနေတာကို မကြည့်ရက်ပါဘူး။ ဒါပေမယ့် သူ့အတွက် အကောင်းဆုံးဖြစ်လာဖို့ ရင်နာနာနဲ့ လုပ်ခဲ့တာပါ။ မကြာမီ ခြေထောက်တွေ ပြန်ကောင်း လာတော့မှာ ဖြစ်တဲ့အတွက် အရမ်းပျော်ပါတယ်။ အခုချိန်မတိုင်မီ အရင်ချိန်တွေကတော့ အလွန်ပဲ ခက်ခဲလှပါတယ်" လို့ မိဘများက သူတို့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။
အခုတော့ ခွဲစိတ်မှုအောင်မြင်သွားပြီဖြစ်တဲ့ အယ်လ်စီလေးဟာ ခြေထောက်ဖြတ်ရမယ့် အခြေအနေမှ ကင်းဝေးကာ လူကောင်းတစ်ယောက်အတိုင်း ဖြစ်လာပါတော့မယ်။ ခက်ခက်ခဲခဲ အခြေအနေတွေကို ရင်ဆိုင်ခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ရမှာပဲ ဖြစ်ပါတယ်။
#သုတဇုန်




No comments: