သင့်မျက်နှာပုံသဏ္ဌာန် က ပြောတဲ့ သင့်အကြောင်း
1) Oblong Face
Oblong Face မျက်နှာပိုင်ရှင်များဟာ လက်တွေ့ကျကျလုပ်ဆောင်တတ်
သူမျုားဖြစ်တယ်။ မိမိတို့အလုပ်အပေါ်အလေးထားပြီး အလုပ်လုပ်ရာတွင်
လည်းသေသပ်ကြတယ်။ အတ္တကြီးသူများဖြစ်သလို ပြဿသနာ ကို မီးခွက်
ထွန်းရှာတတ်ကြသူများလည်းဖြစ်တယ်။
2) Oval Face
Oval Face မျက်နှာပိုင်ရှင်များက အနေအထိုင်တည်ငြိမ်ကြတယ်။
ရည်မှန်းချက်ကြီးမားတယ်။ မိမိတို့ရဲ့ စိတ်ခံစားချက်ကို ဖုံးကွယ်တတ်
ကြတယ်။ အခက် အခဲတွေနဲ့ကြုံတွေ့တဲ့အခါစိတ်ဓါတ်ကျလွယ်တယ်။
ဘယ်အလုပ်မဆို သေသေချာချာ အချိန်ယူစဉ်းစားပြီးမှ လုပ်လေ့ရှိတယ်။
3) Round Face
Round Face မျက်နှာပိုင်ရှင်များသည် အမှန်တရားကိုချစ်မြတ်နိုးသူများ
ဖြစ်ကြတယ်။ အခြားသူတွေရဲ့စိတ်ဆန္ဒကို ဦးစားပေးလေ့ရှိတယ်။
မိမိ၏ချစ်သု အပေါ်သစ္စာရှိကာ ရေရှည်တည်မြဲတဲ့ Relationship ကို
တည်ထောင်လိုသူများဖြစ်ကြတယ်။
4) Rectangular Face
Rectangular Face မျက်နှာပိုင်ရှင်များဟာ သူတစ်ပါးအပေါ် နူးညံ့
ပျော့ပျောင်းစွာနဲ့ စိုးမိုးခြယ်လှယ်ကြတယ်။ ကိစ္စတိုင်းကို မျှမျှတတ
ဆောင်ရွက်လေ့ရှိတယ်။ ရည်မှန်းချက်ကြီးမားတယ်။ လိမ္မာပါးနပ်
ကြတယ်။ ဖျတ်လတ်တက်ကြွပြီး အလုပ်အပေါ်အလေးထားကြသူများ
ဖြစ်ကြတယ်။ မိမိကိုယ်ကိုအမြဲလိုလို ပြန်လည်ဆန်းစစ်ကြပြီး ဖြစ်ချင်တာ
ထက်ဖြစ်သင့်တာကိုပဲ ဦးစားပေးဆောင်ရွက်ကြတယ်။
5) Square Face
Square Face မျက်နှာပိုင်ရှင်များဟာ လိမ္မာပါးနပ်ကြပြီး တိကျပြတ်သား
ကြတယ်။ ခွဲခြမ်းစိတ်ဖြာလေ့လာတတ်သူများဖြစ်ကြပါတယ်။ ယှဉ်ပြိုင်လို
စိတ်များတယ်။ စိတ်ဓါတ်မာ ကြောတယ်။ ဆွဲဆောင်မှုရှိတယ်။
ခေါင်းဆောင်မှုစွမ်းရည်ကိုပိုင်ဆိုင်ထားကြတယ်။ သူတစ်ပါးအပေါ်
စိုးမိုးခြယ်လှယ်လိုကြတယ်။
6) Triangular Face
Triangular Face မျက်နှာပို်င်ရှင်များဟာ ဖြတ်ထိုးဥာဏ် ကောင်းကြတယ်။
သူငယ်ချင်း မိတ်ဆွေတွေရဲ့စကားကို နားထောင်တတ်ကြတယ်။ စကားပြော
ညက်ညောပြီး ရည်ရည် မွန်မွန်ရှိကြတယ်။ ပြဿနာတစ်စုံတစ်ရာဖြစ်လို့
မိမိကို စွပ်စွဲရင်လည်း အထူးတလည် ပြန်လည်ဖြေရှင်းလေ့မရှိဘူး။
သွေးအေးကြပြီး ကိစ္စတိုင်းကို အဆိုးဘက်က ပဲ တွေးကြသူ များလည်း
ဖြစ်ကြတယ်။
7) Diamond Face
Diamond Face မျက်နှာပိုင်ရှင်များဟာ ညှို့အားပြင်းသူများဖြစ်ကြတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်အ၀ရှိကြတယ်။ အရာရာကို မိမိကပဲ
ဦးစီးဦးဆောင်လုပ်ကိုင်လုပ်ကိုင်လိုကြသလို လက်တွေ့မှာလည်း
အမှန်တကယ် ဦးဆောင်နိုင်ကြတယ်။ တစ်ဖက်သားက မိမိ ဘယ်လို
လူမျိုးလဲဆိုတာ မှန်းရခက်တယ်။ လူတိုင်းက မိမိကို ပြည့်စုံလွန်းသူလို့
အထင်ခံရလောက်အောင် ခြောက်ပြစ်ကင်းသဲလဲစင်သူတွေဖြစ်ကြတယ်။
စိတ်ထိခိုက်လွယ်ကြတယ်။ ၀ုန်းဒိုင်းကြဲဒေါသထွက်တတ်ကြတယ်။
8) Heart Face
Heart Face မျက်နှာပိုင်ရှင်းမျာဟာ တစ်ဖက်သားအပေါ် လွှမ်းမိုးနိုင်တဲ့
ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေးကို ပိုင်ဆိုင်ထားကြသူများဖြစ်ပါတယ်။
အင်မတန် ထိုးထွင်းဥာဏ်ကောင်းကြသူများလည်းဖြစ်ပါတယ်။ ရည်မှန်းချက်
ကြီးမားကြတယ်။ ကိစ္စတိုင်းကို လက်တွေ့အကောင်ထည်ဖော် ဆောင်ရွက်
တတ်ကြတယ်။ အရှက်အကြောက် ကြီးတယ်။
9) Inverted Triangular Face
Inverted Triangular Face မျက်နှာပိုင်ရှင်များဟာ ကိုယ့်ကိုကိုယ် အမြဲ
သုံးသပ်လေ့လာသူ၊ ဆုံးဖြတ်ချက် လျင်မြန်စွာချတတ်သူ၊ မှတ်ဥာဏ်ကောင်း
ကြသူများဖြစ်ကြပါတယ်။ ရည်မှန်းချက်ကြီးမားကြပြီး လွတ်လပ်မှုကို
ခုံမင်ကြသူများလည်း ဖြစ်ပါတယ်။ ကိစ္စတိုင်းကိုလေးလေးနက်နက်တွေး
ကာ လုပ်ကိုင်တတ်သော အကျင့်ရှိကြတယ်။ ဟန်ဆောင်မှုကို မုန်းပြီး
ကတိသစ္စာကို တန်ဖိုးထားကြတယ်။
#MRTVentertainment

No comments: