နိုင်ငံတကာ မိရိုးဖလာ ယုံကြည် မှုနှင့် မှတ်တမ်း တစ်ချို့

မြန်မာနိုင်ငံနှင့် ကမ္ဘာ တစ်ဝှမ်း မိရိုး ဖလာ ယုံကြည်မှု တွေ ရှိပါတယ်။
၎င်း ယုံကြည်မှု တွေဟာ လည်း လူဦးရေ သန်းပေါင်းများစွာ ကို ကိုယ်စားပြုထားပါတယ်။
ထူးခြားတဲ့ယုံကြည်ချက် အနည်းငယ်ကို မှတ်တမ်း များဖြင့် ဖော်ပြပေးလိုက်ပါတယ်။


 ၁။ မလေးရှား လူမျိုး အင်ဒိုနီးရှား လူမျိုးတို့ အယူ အဆဟာ လူတွေ သေသော အခါ လူရဲ့ ဝိညာဉ် အပြင် မထွက်အောင် ထုပ်ပိုး ထားရပါတယ်။ ၎င်းကို(Pocong) လုပ်တယ်လို့ ခေါ်ပါတယ်။ မိရိုးဖလာ
ယုံကြည်မှုတွေက သေသွားတဲ့ လူရဲ့ ဝိညာဉ်ဟာ ခန္ဒာကိုယ် နှင့် ရက်ပေါင်း ၄၀ ကြာအောင် အတူ ရှိနေပါတယ် ၎င်း အချိန်မှာ Pocong ကို မဖွင့် ရပါဘူး။ ရက် ၄၀ ကျော်ရင်တော့ ဖွင့်ပေး ရပါတယ်။ အကယ်၍ Pocong ကို မဖွင့်ပေး ရင် ခန္ဓာကိုယ်ဟာ အပမှီ သလိုဖြစ်ပြီး အလောင်း ထားတဲ့ နေရာက ခုန်ထွက် လာကာ လူတွေ ကို ရန်ရှာ ပါတော့တယ်။ ရက် ၄၀ ပြည့်လို့ ဖွင့်ပေးလိုက်ရင် သေဆုံးသူ ဝိညာဉ်ဟာ ကမ္ဘာကြီးပေါ်ကနေ လွတ်လပ်စွာ ထွက်ခွာ သွားပြီး ဘယ်သူ့ ကိုမှ အရိပ်အယောင် မပြတော့ပါဘူးဟု ယုံကြည် ကြပါတယ်။

 ၂။ ဒီဓာတ်ပုံက သေခါနီး လူတစ်ယောက် ၏ နောက်ဆုံး ထွက်သက် မဖြစ် ခင်လေးမှာ ရိုက်ကူး ထားတာပါ။ ၎င်း ဓာတ်ပုံ အရ အမျှင်တန်း လိုလို မြူခိုးလိုလို အရိပ်တွေပေါ်လာတာ မြင်တွေ့ ရမှာပါ။
ယုံကြည်သူတွေက အပေါင်းအဖော် ဝိညာဉ်တွေ အဆင်သင့်စောင့်နေကြတယ် လို့ ယုံကြည်နေကြပါတယ်။

 ၃။ ဂျပန်နိုင်ငံ မှာအဖြစ် အပျက်လေး တစ်ခုရှိပါတယ်။ မှတ်တမ်း ကတော့ ဂျပန်လူမျိုး Botan Doro ဆိုသူရေးခဲ့တာပါ။ ဆာမူရိုင်း တစ်ယောက်ဟာ အိပ်ပျော်နေစဉ် မီးအိမ်လေး ကိုင်ဆွဲ ကာ အလွန် လှပတဲ့ မိန်းမပျို လေးတစ်ဦး ရောက်လာပါတယ်။ ဆာမူရိုင်း လည်း မီးအိမ်ရှင်မလေးကို မြင်မြင် ခြင်း အလွန်စွဲလန်း သွားပြီး ညတိုင်းလိုလို ချိန်းတွေ့ ကြပါတယ်။
တနေ့တော့ အိမ်နီးနားခြင်းတွေ က ဆာမူရိုင်း ဟာညပိုင်းတွင် လူအရိုးစု ကြီးနှင့် ဖက် ပြီး အိပ်နေတာတွေ့ရလို့ ဆာမူရိုင်းကိုဝိုင်းပြီး သတိပေးကြပါတယ်။ ဆာမူရိုင်း ဟာလည်း သရဲမ လေးမှန်း သိ ပါတယ်။ ဒါပေမဲ့ သရဲမ လေးရဲ့ ဆွဲဆောင် မှုအောက်က မရုန်း ထွက်နိုင်ခဲ့ပါဘူး နောက်ဆုံး ဆာမူရိုင်း ဟာ နေအိမ်မှ ပျောက်ဆုံး သွားခဲ့ပါတယ်။
အိမ်နီးချင်းတွေ ကလိုက်ရှာ ရင်း နောက်ဆုံး မှာ အုတ်ဂူတစ်ခု တစ်ခုအတွင်း အရှင်လတ်လတ်
မြေမြုတ်ပြီးခံရပြီးသေ ဆုံးနေတာတွေ့ခဲ့ရပါတယ်။ သူသေဆုံး တဲ့ ပုံစံ က လူအရိုး စု ကို ဖက်ထားပြီး
အေးချမ်း စွာ သေဆုံးနေတဲ့ ပုံ ပေါက်နေပါတယ်တဲ့။

 ၄။ ကလေးတစ်ယောက် က အိမ် အဝင် အထွက်ပေါက် တံခါးနား မရောက် ခင်တွင် ထူးဆန်းတဲ့ လူ အရိပ်တစ်ခု ပေါ်လာတက်တာ တစ်နှစ် အတွင်း အကြိမ် အနည်းငယ် တွေ့ရပါတယ် လို့ဆိုပါတယ်။
မြင်တွေ့ ရပါများတော့ ကောင်လေး က ဓာတ်ပုံ ရိုက်ကူးပြီး ပြသရာမှာ သူ့ရဲ့ ထူးဆန်းတဲ့ လူရိပ်
အကြောင်းကို လူတွေ ယုံကြည်သွားခဲ့ပါတယ်။

၅။  စာသင်ခန်း ထဲကကျောင်းသားလေးတွေရဲ့ အမှတ် တရဓာတ်ပုံဖြစ်ပါတယ်။ အခမ်းအနား တစ်ခုခု လုပ်ခဲ့ပုံရပါတယ်။ လူစာရင်း ထပ်တိုးထားခြင်း သို့မဟုတ် ဓာတ်ပုံကို ပြု ပြင် ထားခြင်း မဟုတ်တာမှ လွဲ၍
စာရင်းထဲမှာ မပါတဲ့ လူတစ်ယောက် ဓာတ်ပုံ ထဲမှာ ပေါ်နေပါတယ်။


Credit
#‎
သံဇဉ်မိုးဇာတ်‬
 
Once A Glance Page

No comments:

Powered by Blogger.